Daily Archives: October 5, 2009

ဖန်တီးရှင် သုံးဦး

ဘာသာခြားများက လောကကို ဖန်ဆင်းသူသည် ထာဝရဘုရားသခင်ဖြစ်သည်ဟုဆိုသည်။ ဗုဒ္ဓကတော့ မိမိသည်သာ ဖန်ဆင်းသူဖြစ်သည်။ ဗုဒ္ဓက – လူ့ဘ၀သည် အမွန်မြတ်ဆုံး ဖြစ်ပေသည်။ လူသည် မိမိကိုယ်ပိုင် အရှင်သခင်ဖြစ်၍ သူ၏ဘ၀ဖြစ်စဉ်ကို စီရင်ဆုံးဖြတ်ရန် မည်သည့်တန်ခိုးအာဏာရှင် သို့မဟုတ် အထက်ပုဂ္ဂိုလ်မျှ ရှိသည် မဟုတ်ပေ။ “မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ ဖြစ်၏။ မိမိမှတစ်ပါး အလယ်သူသည် (မိမိ၏) ကိုးကွယ်ရာ ဖြစ်နိုင်ပါအံ့နည်း” ဟု မြတ်ဘုရားက မိန့်ခဲ့လေပြီ။ ၎င်း၏ တပည့်ရဟန်းတို့အား “မိမိကိုယ်သာ အားကိုးကြလေတော့ အခြားတစ်ပါး၌ ကိုးကွယ်ရာ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

အဇ္ဈတ္တ အန္တရာယ်

အဇ္ဈတ္တ အန္တရာယ် ဆိုတာက – ဗုဒ္ဓသာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ကိုယ်တိုင်ပါပဲ။ သာသနာ့ဘောင်ဝင်လာပြီး စာပေလည်းမလုပ်၊ တရားလည်းမလုပ်ဘဲ၊ ဗေဒင်ဟော၊ ဆေးကု၊ ဓါတ်ရိုက်၊ ဂဏန်းပေး၊ စီးပွားရေးလုပ်နေကြမယ်ဆိုရင် သူတို့ကိုယ်တိုင်ရဲ့ သန္တာန်မှာ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သာသနာသုံးရပ်ကွယ်သွားပါပြီ။ သူတို့ကို ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေ သန္တာန်မှာလည်း သီလ၊ သမာဓိ၊ ပညာ သာသနာသုံးရပ် ထပ်ကွယ်ပြန်ပါတယ်။   ပါရာဇိကဏ်ပါဠိတော် စာမျက်မှာ ၁၄၇တွင် ဂိဇ္ဈကုဋ်တောင်၌ အရှင်မဟာမောဂ္ဂလန်သည် ထူးထူးခြားခြားပြိတ္တာနှစ်မျိုး၏ ရှေးကံအကြောင်းကို … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

တရားအတုအယောင် “ဇင်” ၀ါဒ

မဟာယာနနှင့် တရုတ်ရှေးဟောင်း တာအိုဝါဒတို့မှ ဆင်းသက်လာသော ဇင်ဝါဒသည် အနောက်နိုင်ငံအချို့အထိ ပျံ့နှံ့နေရာမှ အသစ်အဆန်းကြိုက်သူတို့၏ ဆန္ဒအရ မြန်မာနိုင်ငံအတွင်းသို့ ဗုဒ္ဓ၀ါဒ မျက်နှာဖုံးစွပ်၍၀င်လာခဲ့သည်။   စာပေလမ်းညွှန်မပါသောအကျင့်သည် အကန်းနှင့်တူ၍ အကျင့်မပါသော စာပေလမ်းညွှန်သည် အကျိုးနှင့်တူသည် ဟူသောစကားအတိုင်း စာပေလမ်းညွှန်တစ်ခုမှမပါသော ဇင်ဝါဒကိုလည်း အကန်းတို့၏အကျင့်ဟု ဆိုရပေမည်။   မဟာယာနသည် ဘုရားဟော ပိဋကတ်ကျမ်းစာမူရင်း တစ်ခုမှမရှိတော့ဘဲ ကိုယ်လိုရာဆွဲရေးသော အဟံမုခကျမ်းများကိုသာ အားကိုးရသောဝါဒဖြစ်နေသောကြောင့် ကန်းနေသောဝါဒ ဖြစ်ပေသည်။ ကန်းနေသောသူများသည် ကြိုးတန်းကိုသာ အားပြုသွားလာရသကဲ့သို့ မဟာယာန ဗုဒ္ဓဘာသာဝင်များသည်လည်း ဘုရားဟောအစစ်မဟုတ်တော့သော်လည်း ဘုရားဟောအယူအဆလေးတစ်ခု … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | 3 Comments

ပိဋကတ်သုံးပုံ သူရဿတီစောင့်

ဗုဒ္ဓမရှိတဲ့နောက်ပိုင်းမှာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ပိဋကတ်တရားတော်များကို ပထမသင်္ဂါယနကနေ ဆဋ္ဌမသင်္ဂါယနာတိုင်အောင် ဆင်းရဲမျိုးစုံကြားမှ သံဃာတော်များက မပျောက်မပျက်အောင် စောင့်ရှောက်ထိန်းသိမ်းခဲ့ကြသည်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ၊ နောင်လည်း စောင့်ရှောက်ထိန်းသိမ်းမည်သာ ဖြစ်သည်။ ယခုတော့ အသက်အသေခံ ရွတ်အံသရဇ္ဈာယ်ပြီး ပိဋကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များမျက်နှာကိုမှမထောက်ဘဲ ပိဋကတ်သုံးပုံ သူရဿတီစောင့်သည်ဆိုကာ စိတ်ကူးယဉ်လောကမှ ဟိန္ဒူနတ်သမီးရုပ်ကို ဘုရားရုပ်ပွားတော်ရှေ့တည့်တည့်မှာလာထားကြသည်။ အထားခံသည် ဂေါပကလည်း အထားခံကြသည်။ ဘုရားမျက်နှာ၊ သံဃာတော်မျက်နှာထက် ငွေမျက်နှာကို ကြည့်ကြဟန်တူသည်။   သူရဿတီ ဖြစ်လာရခြင်း အကြောင်းရင်း အိန္ဒိယနိုင်ငံ၌ သူရသွတီအမည်ရှိသော မြစ်ကလေးတစ်စင်းရှိသည်။ နွေအခါတွင် … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

သာသနာနှင့် နတ်ကိုးကွယ်မှု

လောကတွင် အမြတ်ဆုံးဖြစ်သော ရတနာသုံးပါးကို ကိုးကွယ်နေမိကြပြီဖြစ်သော ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကိုးကွယ်ရာအပိုမရှာသင့်တော့ပါ။  ရိုးရာအစဉ်ရှိနေသောကြောင့် မိမိလက်ထက်မှ ထူးချွန်ပြီး ပွဲမတင်ဘဲနေမိသဖြင့် နတ်ကိုင်မှာကြောက်လျှင် ကိုးကွယ်ခြင်း၊ ပသခြင်းနှစ်မျိုးတွင် ဒါနသဘော ပသခြင်းမျိုးကား ပြုကောင်းပါသည်။   သာသနာဖျက်နတ်များ နတ်ဟုဆိုလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်အများစုက ကိုးကွယ်ဆည်းကပ်စရာ သူတော်ကောင်းနတ်များဟုသာ ထင်နေကြသည်။ တကယ်တော့ သာသနာဖျက် သူယုတ်မာနတ်များ အများအပြားရှိသည်။ ၁) တခါက မိုးကုတ်မြို့တွင် စာသင်နေသော ကိုရင်တစ်ပါးမှာ ရဟန်းဒကာပေါ်သဖြင့် မြင်းခြံမြို့ကမိဘများထံ စာရေးမှာလိုက်သည်။ သို့သော ဖခင်သာလာသည်. မိခင်ပါမလာ။ အကြောင်းမှာ ကိုးကွယ်သောနတ်က … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

သာသနာနှင့် နက္ခတ်ဗေဒင်

ဗုဒ္ဓ၀ါဒနှင့် ဗြဟ္မဏ၀ါဒ ခွဲခြားနည်း  ကိလေသာကုန်ခမ်းရေး၊ နည်းပါးရေးနဲ့ ဆိုင်ရင် ဗုဒ္ဓ၀ါဒ။ ကိလေသာကုန်ခမ်းရေး၊ နည်းပါးရေးနဲ့ မဆိုင်ရင်  ဗြဟ္မဏ၀ါဒ။           ပုဂံပြည်တွင် အုပ်ချုပ်ခဲ့ဖူးသော ပုပ္ပါးစောရဟန်းသည် အရည်းကြီးလူထွက်ဖြစ်၍ ဗေဒင်နှင့် မှော်ပညာကို ကျွမ်းကျင်လိမ္မာသလို နတ်နှင့် နဂါးကိုလည်း ကိုးကွယ်သည်။ သူ့လက်ထက်မှစ၍ ဗေဒင်နှင်မှော်ပညာ အထွတ်အထိပ်သို့ရောက်၍ နတ်နှင့် နဂါးကိုးကွယ်မှုမှာလည်း ယခုထက်တိုင် တွင်ကျယ်လာခဲ့သည်။      စစ်ကိုင်းဦးဘိုးသင်း၏ သူ့အမြင်အတွေးစာအုပ်တွင် နဂါးကိုးကွယ်မှုသည် ပုပ္ပါးဘက်တွင် အကြီးအကျယ်ဖြစ်နေသဖြင့် နှောင်းခေတ်ဘုရင်များက တိရစ္ဆာန်နဂါးကိုးကွယ်တာနှင့်စာလျှင် လူကဖြစ်သော … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment