လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက်

လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက်

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ် ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ် ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ် ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာ ဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ် ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

အားလုံးရွှင်လန်းကြပါစေ……

အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ

Shared From: Miraculous Master For English Language’s

Posted in အဆိုအမိန့်များ | Leave a comment

“ ကိုယ့်အလုပ်ကိုယ်လုပ် ”

“ ကိုယ့်အလုပ်ကိုယ်လုပ်  ”

~~~~~~~~~~~~~~~

“ မလိုမုန်းထားသူတွေရဲ့ ဆန့်ကျင်ဘက်   အပြစ်ဖွဲ့စကားတွေကို မကျေမနပ်စိတ်နဲ့…

တေးမှတ် ကြည့်ရှုမနေပါနဲ့။

သူတစ်ပါးတို့-ကောင်းတာလုပ်ပြီးပြီလား၊

မကောင်းတာ ရှောင်ပြီးပြီလား၊  ဆိုတာတွေကိုလည်း အလုပ်တစ်ခုလုပ်ပြီး  ဂရုစိုက်ကြည့်ရှုမနေပါနဲ့။

ကိုယ်ကောင်းတာ လုပ်ပြီးပြီလား၊

ကိုယ်မကောင်းတာ ရှောင်ပြီးပြီလား၊  ဆိုတာကိုပဲ အမြဲမပြတ်  ကြည့်ရှုဆင်ခြင်စမ်းပါ။ ”

” န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။    အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိ စ။  – (ပုပ္ဖ၀ဂ်၊ ပါဝေဃျအာဇိဝက၀တ္ထု၊ ဓမ္မပဒဂါထာ – ၅၀ ) –

အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )  Photo ► http://www.facebook.com/ EternalLightMagazine Dhamma Danã Source ► http://www.facebook.com/ youngbuddhistassociation.mmSee more

Posted in အဆိုအမိန့်များ | Leave a comment

ဘ၀ဆက်တိုင်း……

လင်နှင့် မယားဝတ္တရား
***************

http://www.worldofwisdom.asia/2013/04/blog-post_14.html

လောကမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထက်ထိမ်းမြားကြားတဲ့အခါ ဘဝတစ်လျှောက် ခရီှးရှည်ကြီး သွားရတဲ့အခါ အချင်းချင်း အတွဲညီဖို့လိုပါတယ်။ ယခုဘဝမှာလည်း စိတ်ချမ်းသာစွာပေါင်းသင်းဆက်ဆံ လိုတယ်။ နောင်ဘဝတစ်လျှောက်မှာလည်း ပေါင်းသင်းဆက်ဆံလိုတယ်။သံသရာတစ်လျှောက် ဘဝများစွာ ပေါင်းသင်းဆက်ဆံပြီး အဆုံးဘဝထိလက်တွဲပြီး နိဗ္ဗာန်စံဝင်ချင်တယ်ဆိုတဲ့ ဇနီးမောင်နှံများအတွက် အောက်ပါအချက်လေးများကို ဂရုတစိုက် အလေးအနက်ထားဖို့လိုပါတယ်။အိမ်ထောင်ရေးမှာ အတွဲအားဖြင့် လေးတွဲရှိပါတယ်။ အဲဒါကဘာတွေလဲလို့ဆိုတော့

၁။လူသေယောင်္ကျားနှင့်လူသေမိန်းမအတွဲ

ဆိုလိုတာက ယောင်္ကျားဖြစ်သူကသီလမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ သဒ္ဓါတရားမရှိသလို မိန်းမဖြစ်သူကလည်း သီလမရှိ၊ ကိုယ်ကျင့်တရားမကောင်း၊ သဒ္ဓါတရားမရှိတဲ့ ဇနီးမောင်နှံအတွဲကို လူသေယောင်္ကျားနှင့် လူသေမိန်းမအတွဲလို့ဆိုလိုတာပါ။

၂။နတ်သမီးမိန်းမနှင့် လူသေယောင်္ကျားအတွဲ

မိန်းမကသီလရှိတယ်။ကိုယ်ကျင့်တရားကောင်းတယ်။ သဒ္ဓါတရားကောင်းတယ်။ သမာဓိရှိတယ်။ ပညာရှိ တယ်။ ဒါပေမယ့် ယောင်္ကျားဖြစ်သူက သီလမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ သဒ္ဓါတရားမွဲတယ်။သမာဓိ မရှိဘူး၊ ပညာဆိုတာလည်း မရှိဘူးဆိုရင် နတ်သမီးမိန်းမနှင့် လူသေယောင်္ကျားအတွဲဖြစ်ပါတယ်။အတွဲမညီ ပါဘူး။ ပထမအတွဲကလည်း မကောင်းတဲ့အတွဲဖြစ်ပါတယ်။

၃။နတ်သားယောင်္ကျားနှင့် လူသေမိန်းမအတွဲ

ယောင်္ကျားဘက်ကကောင်းတယ်။ သီလရှိတယ်။ ကိုယ်ကျင့်တရားကောင်းတယ်။သဒ္ဓါတရားကောင်းတယ်။ သမာဓိ ကောင်းတယ်။ ပညာရှိတယ်။ ဒါကိုနတ်သားနဲ့တူတယ်လို့ဆိုတာပါ။မိန်းမလုပ်သူက သီလမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူး။သမာဓိမရှိဘူး၊ပညာမဲ့တယ်။ဒီလိုအတွဲမျိုးကလည်း အတွဲမညီပြန်ပါဘူး။ ဒီအတွဲကိုယောင်္ကျားဘက်ကကောင်းပြီး မိန်းမဘက်က မကောင်းလို့ နတ်သားယောင်္ကျားနှင့် လူသေမိန်းမ အတွဲလို့ဆိုတာပါ။

၎။နတ်သားယောင်္ကျားနှင့်နတ်သမီးမိန်းမ

ဒီအတွဲကတော့ အကောင်းဆုံးအတွဲပဲ။ ယောင်္ကျားကလည်းသီလရှိတယ်။  ကိုယ်ကျင့်တရားကောင်းတယ်။ သမာဓိရှိတယ်။ ပညာရှိတယ်။ သဒ္ဓါတရားရှိသလို၊ မိန်းမဖြစ်သူကလည်း သီလရှိတယ်။ ကိုယ်ကျင့်တရား ကောင်းတယ်။ သမာဓိရှိတယ်။ ပညာရှိတယ်။ သဒ္ဓါတရားရှိတယ်။အလွန်ကောင်းမွန်ပြီး လူတိုင်းလူတိုင်း စံနမူနာယူပြီး လိုက်နာကျင့်သုံးအပ်တဲ့အတွဲဖြစ်ပါတယ်။အတွဲညီညီနဲ့ ကောင်းတဲ့သူအချင်းချင်း၊ သူတော်ကောင်း အဖြစ်ဖြင့် ကောင်းတဲ့အကျင့်တွေကို ကျင့်ပြီးတော့ မေတ္တာ ၊ကရုဏာတွေ နားလည်မှုတွေထားပြီးပေါင်းသင်းမယ်ဆိုရင် အိမ်ထောင်ရေးဟာ မသာယာဖွယ် မရှိပါဘူး။ သာယာမှာပါ။

ဒါနဲ့ပတ်သတ်ပြီး မှတ်သားလိုက်နာထိုက်တဲ့ ဝတ္ထုကြောင်းတစ်ခုကို ပြောချင်ပါတယ်။ မြတ်စွာဘုရားဘဂ္ဂတိုင်း သံသုမာရဂိရိဆိုတဲ့မြို့မှာ သီးတင်းသုံးတော်မူနေတဲ့အခါ အဲဒီမြို့မှာ မြတ်စွာဘုရားရှင်ကို သားအရင်းကဲ့သို့ ချစ်မြတ်နိုးကြတဲ့ နကုလပိတာနဲ့ နကုလမာတာဆိုတဲ့ ဒကာကြီး ဒကာမကြီးဆိုတာရှိပါတယ်။ မြတ်စွာဘုရား ကိုပထမဆုံးတွေ့ဆုံချိန်မှာပင် သောတာပန်များ ဖြစ်ခဲ့တာပါ။ မြတ်စွာဘုရားရှင်နှင့်ဘဝများစွာ အမျိုးတော်စပ်ခဲ့တာ၊ ဘဝများစွာ အတူနေရခဲ့ကြရသောကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ အလွန်ပင်အကျွမ်းဝင်သောကြောင့် အကျွမ်းဝင်တဲ့နေရာမှာ ဧတဒဂ်အရာဖြင့် မြှောက်စားခံရတဲ့ ဒကာကြီး နဲ့ ဒကာမကြီးဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် မြို့ထဲကို ဆွမ်းခံကြွတော့ ထိုဒကာကြီး ဒကာမကြီးအိမ်ကိုလည်း ကြွပါတယ်။ ခင်းထားတဲ့နေရာမြတ်မှာ မြတ်စွာဘုရားရှင်ထိုင်တော်မူနေတုန်း ဒကာကြီးနဲ့ဒကာမကြီးက ရိုသေစွာရှိခိုးပါတယ်။ အဲဒီအခါမှာ နကုလပိတာဆိုတဲ့ ဒကာကြီးက လျှောက်ထားတယ်။မြတ်စွာဘုရားရှင် တပည့်တော်မှာ ဟောဒီနကုလမာတာဒကာမကြီးကို ငယ်ငယ်ရွယ်ရွယ်တည်းက ထိမ်းမြားပြီး ပေါင်းသင်းခဲ့ တာ ဖြစ်ပါတယ်ဘုရား။တပည့်တော်ဟာ နကုလမာတာကို ထိမ်းမြားသောအခါမှစ၍ အခြားသူတစ်ယောက် ကို ကိုယ်ထိလက်ရောက်မဆိုထားဘိ၊ စိတ်နှင့်မျှ မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘဝမှာလည်း အမြဲ ကြည့်နေချင် ပေါင်းသင်းလိုပြီး သံသရာမှာလဲ အတူတူပေါင်းသင်းလိုပါတယ်ဘုရား။

ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းကိုလျှောက်သည်မှာ တပည့်မသည်လည်း ငယ်စဉ်အခါကပင် နကုလပိတာ၏ အိမ်သို့လိုက်ပါခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားသူကိုစိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင် သံသရာမှာလည်း အမြဲတွေ့မြင်လိုပါသည်။

ထိုခင်ပွန်း ဇနီးနှစ်ဦးတို့ရဲ့ စကားကို ဘုရားရှင်က ပြန်လည်မိန့်တော်မူတာက ယခုဘဝမှာ စိတ်တူသဘောတူ ကြည်ဖြူ ကြသော ဇနီးခင်ပွန်း တို့သည် နောက်နောင်ဘဝ၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့်တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ အရာရာ တူစေကြရမည်။

သဒ္ဓါဆိုတာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်း၊ ကံနှင့် ကံ၏အကျိုးကိုသက်ဝင်ယုံကြည်ခြင်း၊ မိဘ ဆရာသမားများ၏ဂုဏ်များကိုသက်ဝင်ယုံကြည်ကြပြီး ကျေးဇူးသိတတ်စွာဆပ်ရခြင်းစတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံစေရမှာပါ။ ဒီသဒ္ဓါတရားက အင်မတန်မှ ဂရုပြုရမှာဖြစ်ပါတယ်။ ဆိုလိုတာက ရတနာသုံးပါးဆိုတာ ဗုဒ္ဓဘာသာမှာပဲရှိတာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုတော့မယ်ဆိုရင် ဘာသာတူသူ လူမျိုးတူအချင်းချင်းပဲ ဖြစ်သင့်ပါတယ်။ မိမိက ဘာသာတရားကိုင်းရှိုင်းပြီး ရတနာသုံးနဲ့ မိဘ၊ ဆရာသမားများကို ကြည်ညိုလေးစားသော်လည်း မိမိနဲ့ပေါင်းသင်းနေထိုင်သူက ဘာသာခြား ဖြစ်နေမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်သလို သာယာဖြောင့်ဖြူးခြင်းလည်းရှိမှာမဟုတ်ဘူး။ ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် သဒ္ဓါတရားချင်း တူသူချင်း သာပြုသင့်ပါတယ်။ ဘာသာတူသူနဲ့သာ ပြုသင့်ပါတယ်။ ဒါက ဦးဇင်းတို့ပြောတဲ့စကားမဟုတ်ပဲ မြတ်စွာဘုရား တရားတော်အရ အသိပေးခြင်းဖြစ်ပါတယ်။

နောက်သီလပါ။ ဒါလည်းအရေးကြီးပြန်တယ်။ မိမိကသီလရှိပြီး မိမိနဲ့ပေါင်းသင်းနေထိုင်သူက သီမကင်းမဲ့နေမယ်ဆိုရင်မဖြစ်ပြန်ဘူး။ အိမ်သားက သီလလုံခြုံပြီး အိမ်သူက ကာမေသုမိစ္ဆာစာရစတဲ့သီလတွေ ဖောက်ပြားနေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါ။ ဒါကြောင့် အိမ်ရှင်က သီလရှိသလို အိမ်သူကလည်း သီလရှိရမှာ ဖြစ်ပါတယ်။

စာဂကျပြန်တော့လည်း တူရဦးမှာပါ။ စာဂဆိုတာ လှူဒါန်းခြင်း ပေးကမ်းခြင်းကိုဆိုလိုတာပါ။ တစ်ယောက်က လှူဒါန်းမှုပြုလျှင် တစ်ယောက်က ကြည်ဖြူရပါမယ်။ မပိတ်ပင်ရဘူး၊ မတားမြစ်ရဘူး၊ မကြည်မဖြူမဖြစ်ရဘူး၊ “မယ်ကလှူမူ မောင်ကြည်ဖြူ မောင်ကလှူဒါန်း မယ်ရွှင်လန်း” ဖြစ်ရမှာပါ။

နောက်ဆုံးတစ်ချက်က ပညာ ပါ။ ပညာချင်းတူရမှာပါ။ လောကီပညာမှစ၍ အရာရာ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်တဲ့ပညာ နောက်ဆုံးဝိပဿနာ ပညာထိတူကြရမှာဖြစ်ပါတယ်။ ထိုလေးချက်နဲ့ ယောင်္ကျားနှင့်မိန်းမ တူညီမည်ဆိုလျှင် ယခုဘဝမှာလည်း မခွဲမခွာ သာသာယာယာ ပေါင်းသင်းရမည်ဖြစ်သလို၊ နောင်ဘဝအဆက်ဆက်မှာလည်း အတူတူပေါင်းသင်း ရမည်ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောတော်မူပါတယ်။ ဒီဒေသနာတော်ကို သတိထား ဂရုစိုက်ပြီး တစ်ယောက်တစ်ယောက် ယခုဘဝမှာလည်း နတ်သား နတ်သမီးနဲ့တူတဲ့ လင်မယားအဖြစ်ပေါင်းသင်း နေထိုင်ကြပြီး ဘဝတစ်လျှောက်လုံးပေါင်းသင်းနေထိုင်ချင်တယ်ဆိုရင် ယုံကြည်မှု(သဒ္ဓါ)၊ကိုယ်၊နှုတ်နှစ်ပါး လုံခြုံစောင့်ထိန်းမှု(သီလ)၊ ပေးကမ်းလှူဒါန်းခြင်း(စာဂ)နဲ့ အကောင်းအဆိုးကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့(ပညာ) ဒီလေးပါးကိုလက်ကိုင်ထားနိုင်ပါစေဟု ဆုတောင်းမှု ပြုလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

……………………………..

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:134937?xg_source=activity

မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Posted in လောကနိတိ | Leave a comment

ဇနီးကျင့်ဝတ် (၅) ပါး

  • အိမ်တွင်းမှုလုပ်၊
  • သိမ်းထုပ်သေချာ၊
  • မိစ္ဆာကြဉ်ရှောင်၊
  • လျော်အောင်ဖြန့်ချိ၊
  • ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

(၁) အိမ်တွင်းအမှုလုပ်ငန်းများကို လုပ်ကိုင်စီမံခြင်း၊

(၂) ခင်ပွန်းအပ်နှင်းသော ဥစ္စာပစ္စည်းများကို စနစ်တကျ သေသေချာချာ သိမ်းဆည်းထားခြင်း၊

(၃) မိမိခင်ပွန်းမှတပါး အခြားယောကျာ်းများနှင့် မဖောက်ပြန် မမှားယွင်းခြင်း၊

(၄) မိမိဘက်ဆွေမျိုး၊ ခင်ပွန်းဘက်ဆွေမျိုးများကို မျှမျှတတ ဝေငှပေးကမ်းခြင်း၊

(၅) လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် မပျင်းရိဘဲ လုံ့လ၀ီရိယရှိခြင်း။

Posted in လောကနိတိ | Leave a comment

ခင်ပွန်းကျင့်ဝတ် (၅)ပါး

  • မထီမဲ့ကင်း
  • အပ်နှင့်း ဥစ္စာ
  • မိစ္ဆာ မမှား
  • ၀တ်စားဆင်ယင်
  • မြတ်နိုးကြင်
  • ငါးအင်လင်ကျင့်ရာ။
  1. မိမိဇနီးအား မထီလေးစား မပြုခြင်း။
  2. မိမိရှာဖွေရသမျှ ဥစ္စာများကို ပေးအပ်ခြင်း၊
  3. အခြားမိန်းမများနှင့် ဖောက်ပြားကျူးလွန်မှု မရှိခြင်း၊
  4. အ၀တ်အစားများကို ၀ယ်ခြမ်းဆင်ယင်ပေးခြင်း
  5. မြတ်နိုးကြင်နာခြင်း။

(လောကနီတနှင့် သိဖွယ်မှတ်ရာများ စာအုပ်မှ-)

Posted in လောကနိတိ | Leave a comment

တပည့်ကျင့်ဝတ် (၅) ပါး

  • ညီညာထကြွ၊
  • ဆုံးမနာယူ၊
  • လာမူ ကြိုဆီး၊
  • ထံနီး လုပ်ကျွေး၊
  • သင်တွေးအံရွတ်၊ တပည့်ဝတ် မချွတ်ငါးခုသာ။

၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ နာယူမှတ်သားခြင်း၊

၂) ဆရာလာသောအခါ ညီညီညာညာ မတ်တပ်ရပ်၍ ခရီးဦး ကြိုဆိုခြင်း၊

၃) ဆရာထံပါး ဆည်းကပ်ခစားခြင်း (ထံနီး)

၎) ဆရာ၏ ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးခြင်း (လုပ်ကျွေး)

၅) ဆရာ သင်ပြပြီးသော သင်ခန်းစာများကို ကြံစည် တွေးတော သင်အံ လေ့ကျင့် နှုတ်တက်ရအောင် ရွတ်ဆိုခြင်း။

Posted in လောကနိတိ | Leave a comment

ဆရာကျင့်ဝတ် (၅) ပါး

  • အတတ်လည်းသင်
  • ပဲ့ပြင်ဆုံးမ
  • သိပ္ပမချန်
  • ဘေးရန်ဆီးကာ
  • သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။

၁) အသိပညာ အတတ်ပညာများကို သင်ကြားပြသပေးခြင်း။

၂) လိမ္မာယဉ်ကျေးအောင် ပြုပြင် ဆုံးမ တည့်မတ်ပေးခြင်း၊

၃) မိမိတတ်သိသမျှကို အကြွင်းမရှိ သင်ပြပေးခြင်း၊

၎) တပည့်များ ဘေးရန်ကင်းရှင်းအောင် ကြိုတင်တားဆီးကာကွယ်ပေးခြင်း၊

၅) မိမိထက်ပို၍ သင်ပြပေးနိုင်မည့် ဆရာကောင်းထံ အပ်နှံပေးခြင်း၊ ပညာတတ်ပြီးသူများကို သင့်ရာအလုပ်ဌာန၌ ဆက်သွယ်အပ်နှံပေးခြင်း။

Posted in လောကနိတိ | Leave a comment

သားသမီးကျင့်ဝတ် (၅) ပါး

  • ကျွေးမွေးမပျက်
  • ဆောင်ရွက်စီမံ
  • မွေခံထိုက်စေ၊
  • လှူမျှဝေ၍
  • စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။

၁) မိဘတို့ကို လုပ်ကျွေးခြင်း၊

၂) မိဘတို့၏ အမှုကိစ္စများကို ဆောင်ရွက်ခြင်း၊

၃) မိဘစကားကို နားထောင်၍ မိဘအမွေကို ခံထိုက်အောင်နေခြင်း၊ (မိဘစကား၊ နားမထောင်ငြား၊ အမွေစား မဖြစ်ထိုက်ပါ။)

၎) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ်ပြီး အမျှပေးဝေခြင်း၊

၅) မိဘတို့၏ အမျိုးအနွယ်၊ လူမျိုး။ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းခြင်း။

Posted in လောကနိတိ | Leave a comment

မိဘကျင့်ဝတ် (၅) ပါး

  • မကောင်းမြစ်တာ
  • ကောင်းရာညွှန်လတ်
  • အတတ်သင်စေ
  • ပေးဝေနှီးရင်း
  • ထိမ်းမြားခြင်းလျှင်
  • ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

၁) မကောင်းမှုများကို သားသမီးတို့ မပြုရန် တားမြစ်ခြင်း၊

၂) ကောင်းသော အကြံ၊ မှန်သောစကား၊ အကျိုးများသော အလုပ်ကို ကြံစည် ပြောဆို လုပ်ကိုင်တတ်ရန် ညွှန်ပြခြင်း၊

၃) အတတ်ပညာ သင်ကြားပေးခြင်း၊

၎) ရင်းနှီးလုပ်ကိုင်နိုင်ရန် ငွေပေးဝေခြင်း၊

၅) အရွယ်ရောက်လျှင် လက်ထပ်ထိမ်းမြားပေးခြင်း။

Posted in လောကနိတိ | Leave a comment

မိတ်ဆွေကျင့်ဝတ် (၅)ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

၁။ မိမိတတ်နိုင်သလောက် ပေးကမ်းထောက်ပံ့ခြင်း။
၂။ ကိုယ်နှင့် တန်းတူထား၍ ဆက်ဆံခြင်း၊
၃။ နှစ်ဦးနှစ်ဝ အကျိုးရှိရန် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း၊
၎။ စိတ်ကောင်းထား၍ ချိုသာပြေပြစ်စွာ ပြောဆိုခြင်း၊
၅။ ကတိသစ္စာ တည်ကြည်စွာဖြင့် ဆက်ဆံလုပ်ကိုင်ခြင်း။

Posted in လောကနိတိ | Leave a comment