တရားအတုအယောင် “ဇင်” ၀ါဒ

မဟာယာနနှင့် တရုတ်ရှေးဟောင်း တာအိုဝါဒတို့မှ ဆင်းသက်လာသော ဇင်ဝါဒသည် အနောက်နိုင်ငံအချို့အထိ ပျံ့နှံ့နေရာမှ အသစ်အဆန်းကြိုက်သူတို့၏ ဆန္ဒအရ မြန်မာနိုင်ငံအတွင်းသို့ ဗုဒ္ဓ၀ါဒ မျက်နှာဖုံးစွပ်၍၀င်လာခဲ့သည်။

 

စာပေလမ်းညွှန်မပါသောအကျင့်သည် အကန်းနှင့်တူ၍ အကျင့်မပါသော စာပေလမ်းညွှန်သည် အကျိုးနှင့်တူသည် ဟူသောစကားအတိုင်း စာပေလမ်းညွှန်တစ်ခုမှမပါသော ဇင်ဝါဒကိုလည်း အကန်းတို့၏အကျင့်ဟု ဆိုရပေမည်။

 

မဟာယာနသည် ဘုရားဟော ပိဋကတ်ကျမ်းစာမူရင်း တစ်ခုမှမရှိတော့ဘဲ ကိုယ်လိုရာဆွဲရေးသော အဟံမုခကျမ်းများကိုသာ အားကိုးရသောဝါဒဖြစ်နေသောကြောင့် ကန်းနေသောဝါ ဖြစ်ပေသည်။

ကန်းနေသောသူများသည် ကြိုးတန်းကိုသာ အားပြုသွားလာရသကဲ့သို့ မဟာယာန ဗုဒ္ဓဘာသာဝင်များသည်လည်း ဘုရားဟောအစစ်မဟုတ်တော့သော်လည်း ဘုရားဟောအယူအဆလေးတစ်ခု နှစ်ခုပါသော မဟာယာနလက်ဖြစ်ကျမ်းစာများကိုသာ အားကိုးနေကြရသည်။ ယခုခေတ်စားနေသော ဇင်ဝါဒသည်ကား နဂိုကမှ ကန်းနေသည့်ကြားထဲ တန်းထားသည့်ကြိုးတန်းကို ရှုပ်သည်ဟုဆိုကာ ဆွဲဖြုတ်ထားသော ၀ါဒမျိုးဖြစ်ရာ အဘယ်မှာ မှန်ကန်သောအကျင့် ဖြစ်နိုင်ပါတော့မည်နည်း။

 

တစ်ခါက အချို့သော တိတ္ထိဆရာကြိးတို၏ အယူဝါဒတွင် ကောင်းသောအချက်ကလေးများကို တွေ့ရကြောင်းကို ပုဂ္ဂိုလ်တစ်ဦးက ဗုဒ္ဓအား လျှောက်ထားခဲ့ရာ ဗုဒ္ဓက ရူးလွယ်အိတ် ဥပမာဖြင့် ဖြေတော်မူခဲ့ပါသည်။ “အရူးသည် လွယ်အိတ်ထဲသို့ ကောင်းတာရော ဆိုးတာရော တွေ့ကရာကောက်ထည့်ထားသဖြင့် ကောင်းတာတစ်ခုတွေ့သည်နှင့် ကျန်တောတွေကိုပါ အကုန်အကောင်းဟုထင်လျှင် မှားမည်ဖြစ်ကြောင်းကို ဆုံးမတော်မူပါသည်။”

 

ဆရာကြီးဦးရွှေအောင် ဇင်ဝါဒဆောင်းပါးမှ – လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်အရဖြစ်စေ၊ အသိဉာဏ်ကြွယ်ဝဖွံ့ဖြိုးရေးအတွက် ဖြစ်စေ၊ ဇင်ဝါဒ၊ ဇင်စာပေကို ပုံနှိပ်ထုတ်ဝေခွင့်ပြုသင့်- မပြုသင့် စဉ်းစားလျှင် ဇင်ဝါဒ ဇင်စာပေသည် ဗုဒ္ဓဘာသာဝင်များအတွက် ခွင့်မပြုသင့်သည့်ဝါဒနှင့် စာပေဖြစ်ကြောင်း တွေ့ရှိရသည်။ အဘယ်ကြောင့်ဆိုသော် ဇင်ဝါဒ၊ ဇင်စာပေသည် ဗုဒ္ဓ၀ါဒမဟုတ်ဘဲလျက် ဗုဒ္ဓ၀ါဒယောင်ဆောင်သည့် ဗုဒ္ဓ၀ါဒအတု (သဒ္ဓမ္မပဋိရူပက) ဖြစ်သောကြောင့် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်အချို့သည် ဇင်ဝါဒနှင့် ဗုဒ္ဓ၀ါဒတို့၏ ခြားနားမှုကို မသိနိုင်ဘဲ သစ်ငုတ်တိုတိုသရဲထင်သလို ဇင်ဝါဒကိုပင် ဗုဒ္ဓ၀ါဒဟု ထင်နေကြသည်။ 

ကဿပသံယုတ်ပါဠိတော် သဒ္ဓမ္မပဋိရူပကသုတ်၌ “အခြားဝါဒများသည် ဗုဒ္ဓဘာသာကို မဖျက်နိုင်ကြောင်း ဗုဒ္ဓ၀ါဒအတုသည်သာ ဗုဒ္ဓသာသနာကို ဖျက်နိုင်ကြောင်”း ကို ဗုဒ္ဓက တိတိကျက်ဟောကြားတော်မူခဲ့ပါသည်။

 

ထို့ကြောင့် ဇင်ဝါဒ နှင့် စာပေသည် ဗုဒ္ဓဘာသာကိုဖျက်ဆီးမည့် အတွင်းရန်သူပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့၏ ထေရ၀ါဒအသိသည် မရင့်ကျက်သေးသောကြောင့် ဇင်ဝါဒ၏ဖြားယောင်းမှုကို ခံနိုင်ရည် မရှိသောကြောင့် ထေရ၀ါဒသည အိန္ဒိယ၌ပျောက်ကွယ်ခဲ့သလို မြန်မာပြည်၌လည်း ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိပါသည်။

အညွှန်း- မျက်ရည်မကျခင် သိစေချင်စာအုပ်။

 

 

 

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

3 Responses to တရားအတုအယောင် “ဇင်” ၀ါဒ

  1. zayya says:

    ဒီလို အသိပေးစကားဟာ တန်ဖိုး ကြီးမားလှပါတယ်။
    ကျေးဇူး အထူးတင်ပါတယ်။

  2. Ibrahamic base says:

    it’s such a shame.
    Buddha never attempt to blame others. Actually, Zen means nothing. It is founded on nothingness, because it follows the teachings of the Buddha. They believe that one either understands “Buddha nature” or they do not. That kind of your writing just shows you do not understand Buddha.
    စော်ကားခြင်းမပါလျှက်
    ရေခဲ

    • mettayate says:

      ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံပြီးနောက် ဘုရားရှင်ရဲ့ အမွေ – တရားစစ်၊ တရားမှန် (တစ်နည်း -ထေရ၀ါဒ) မှ ကိုယ်လိုချင်တဲ့ပုံစံကို ထည့်သွင်းထားတဲ့ ၀ါဒ အမျိုးမျိုး ထွက်ပေါ်လာသည့် အဆင့်ဆင့်ကို သံဃာယတနာတင်ပွဲအကြောင်း ပို့စ် တင်ထားတာကို တွေ့မြင်ရပါလိမ့်မယ်။

      “ဇင်” ၀ါဒသည် ဘယ်လိုဝါဒမျိုးဖြစ်သည်ကို စိတ်မ၀င်စားပါ. အဓိက သိစေချင်တာက ထေရ၀ါဒကို ပြုပြင်ထားသည့်ဝါဒများထဲက တစ်ခုဆိုသည်ကိုသာ သိချင်စေပါသည်။

      ဟုတ်ပါသည်။ ဗုဒ္ဓဘာသာဆိုတိုင်း တကယ့်ဗုဒ္ဓဘာသာဖြစ်ချင်မှဖြစ်မည်။ မိရိုးဖလာသည်သာ များ၏။ မြတ်ဗုဒ္ဓက ‘တရားကိုမြင်မှ ငါဘုရားကို မြင်မည်ဟု’ ဟောကြားတော်မူခဲ့ဖူးပါ၏။ တရား ကို မြင်အောင် ကြိုးစားနေတုန်းဖို့ အနန္တကျေးဇူးရှင်-ဘုရားရှင်အား မမြင်နိုင်သေးပါ။

      စဉ်းစားစရာ/စမ်းစစ်မှုတစ်ခုပေးတဲ့အတွက် ကိုရေခဲအား ကျေးဇူးတင်ပါသည်။ နောက်လည်း ဝေဖန်နိုင်ပါတယ်။ အချိန်တော်တော်ကြာမှ အကြောင်းပြန်နိုင်လို့ နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အစဉ်အမြဲ အေးမြပါစေလို့ မေတ္တာပို့သအပ်ပါသည်။
      မေတ္တာရိပ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s