Daily Archives: October 10, 2009

စည်းစိမ်ဥစ္စာ အနှစ်ရှာ၊ ပြုပါ ဒါန

ဗုဒ္ဓက ဒါနပြုကြဖို့ တိုက်တွန်းခြင်းသည် ဘ၀အဆက်ဆက်က ပါလာသော လောဘတဏှာကို ကုန်းခမ်းစေလိုခြင်း အဓိကဖြစ်ပြီး ဖြစ်ရာဘ၀ ပစ္စည်းဥစ္စာချမ်းသာဖို့ ရည်ရွယ်ချက်သည် သာမညသာ ဖြစ်သည်။ ပထမရည်ရွယ်ချက်သည် ပါရမီရင့်ကျက်သူများအတွက် ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်သည် ပါရမီနုသူများ အတွက် ဖြစ်သည်။   သတ္တ၀ါတို့သည် သန္ဓေတည်ကတည်းကပင် ကောင်းသောဘ၀ကိုပင်ဖြစ်စေ၊ မကောင်းသောဘ၀ကိုပင်ဖြစ်စေဘ၀ကို စွဲလမ်းတပ်မက်သော လောဘ ဘ၀နိကန္တိကလောဘဇော ဟုခေါ်သည်။ ထိုလောဘနှင့်တကွသော ကိလေသာဆယ်ပါးကို ဗုဒ္ဓက မာတိကာတွင် သံကိလိဋ္ဌသံ ကိလေသိကာ = ပူပန်စေတတ်၊ နှိပ်စက်တတ်သောတရားများ ဟု နာမည်ပေးပြီး … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ယခုခေတ် သာသနာပြုခြင်း

တစ်ခါက  မိဘမဲ့ကလေးများကို စောင့်ရှောက်မွေးမြူနေသော ဆရာတော်တစ်ပါးသည် အသိတစ်ယောက်၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်မြို့ရှိ သူဌေးကြီးတစ်ယောက်ထံ ရောက်လာပြီး အကူအညီတောင်းကြည့်သည်။ သူဌေးကြီးပြန်ပြောသည်က – တပည့်တော်က ဒီလိုအလှူမျိုးတွေ ၀ါသနာမပါဘူး။ တောတောင်တွေထဲမှာ ဘုရားတည်တဲ့ သာသနာပြုအလုပ်ပဲလုပ်တယ်။ တပည့်တော်ရဲ့ ဘဘုရား (ဘိုးတော်)ကလည်း ဘုရားတည်တဲ့ ကုသိုလ်ပဲ လုပ်ရမယ်လို့ အမိန့်ချထားလို့ပါ။ ထိုသူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း နတ်မျိုးစုံ၊ ဘိုးတော်၊ မယ်တော် ကို အဓိကထား ကိုးကွယ်သူများမှာ ဗုဒ္ဓဘာသာအသက် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသူဟု ဆိုထိုက်သလို ရတနာသုံးပါးကို ပယ်ထားသည့်အတွက် သရဏံဂုံလည်း ပျက်ပါတယ်။ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ, မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

ဘ၀တန်ဘိုးနှင့် အနှစ်သာရ

ဒုလ္လဘတရားငါးပါး “ရခဲခြင်း ၅ ပါး” ဒု – ခဲခဲယဉ်းယဉ်း လဘ – ရအပ်သောအရာ(သို့) လောက၌ရရှိနိုင်ရန် အလွန်ခဲယဉ်းလှသော တရားငါးပါး။ ၁) ဗုဒ္ဓုပ္ပါဒဒုလ္လဘ – ဘုရားဖြစ်ရန်အလွန်ခဲယဉ်းခြင်း (သို့) ဘုရားရှင်၏သာသနာတော်နှင့် ကြုံကြိုက်ရန် အလွန်ခဲယဉ်းခြင်း၊ ဘုရားတစ်ဆူ ပွင့်ရန် ၂) မနုဿတ္တဘာဝဒုလ္လဘ – လူဖြစ်ရန် အလွန်ခဲယဉ်းခြင်း။ ၃) သဒ္ဓါသမ္ပတ္တိဘာဝဒုလ္လဘ – ကံ ကံ၏အကြောင်းနှင့် အကျိုးကို မမှိတ်မသုန်ယုံကြည်သည့် စေတနာသဒ္ဓါတရားဖြင့် ပြည့်စုံရန် အလွန်ခဲယဉ်းခြင်း။ ၄) ပဗ္ဗဇီတဘာဝဒုလ္လဘ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

မပြောသင့်သော စကား

စကားပြောတဲ့အခါမှာ အကောင်းဆုံး၊ အကျိုးရှိဆုံးစကားဖြစ်အောင် ရွေးပြီးပြောရတယ်။ ကိုယ်ထက်ကြီးသူတွေနဲ့စကားပြောတဲ့အခါမှာ ပိုပြီးတော့တောင် ဂရုစိုက်ရတယ်။ “လူကြီးတွေဆိုတာ များသောအားဖြင့် မိမိကိုယ်ကို အပြစ်ကင်းပြီးသား။ လူငယ်တွမှာသာ အပြစ်ရှိတာလို့ တထစ်ချစွဲယူထားတတ်ကြတယ်။ ဒါ့ကြောင့် သူတို့ရဲ့အားနည်းချက်ကို ထောက်ပြလာပြီဆိုရင် ကျေးဇူးတင်တဲ့လူထက် အပြစ်တင်တဲ့လူက များတယ်။ ဒါ့ကြောင့် ကောင်းသောစကားပင်ဖြစ်သော်လည်း မပြောဘဲ နေသင့်ရင် နေလိုက်ရတယ်။” တခါက မုဆိုးသားအဖနှစ်ယောက် တောလိုက် ထွက်ကြတယ်။ တောတွင်းတစ်နေရာကျတော့ ရေပေါ်မှာပေါ်နေတဲ့ ကျောက်ဖျာကြီးတစ်ခုကို တွေ့ကြရတယ်။ အံ့သြလွန်းလို့ သားအဖနှစ်ယောက် ခပ်ကြာကြာငေးစိုက်ကြည့်မိကြတယ်။ အတွေးအခေါ်ရှိတဲ့ဖခင်က ဒီအကြောင်းကို ဘယ်သူမှမပြောဖို့၊ ပြောမိရင် … Continue reading

Posted in ဆုံးမသြ၀ါဒများ | Tagged | Leave a comment

သံယောဇဉ် ၁၀ ပါး

ဒီ ကိလေသာ ၁၀ပါး ပြောရင်းနဲ့ တခါတည်း သံယောဇဉ် အကြောင်းပါ ထည့်ပြောမှ တော်မယ်ထင်ပါတယ်။ တချို့သောသူတွေက သံယောဇဉ်ကို မေတ္တာထဲမှာ ထည့်ပြောနေကြတာကို သတိထားမိပါတယ်။ သို့ပေမယ့် ဒီသံယောဇဉ်ကပဲ ဒုက္ခတွေကို သယ်ဆောင်လာတာပါပဲ။ သူ့ကို အကုသိုလ်တရားထဲမှာ ထည့်ပါတယ်။   သက်ရှိသတ္တ၀ါတွေကို ခန္ဓာ၊ အာယတန၊ ဓါတ်၊ ဒုက္ခသစ္စာ၊ ၀ဋ်မီးစာ၌ အခါခါလောင်မြိုက်စေသော ကိလေသာမီး လည်းမည်သော၊ သံသရာဝဋ်ဒုက္ခနှောင်အိမ်မှ သံယောဇဉ်နှောင်ကြိုးလည်းမည်သော အကုသိုလ်တရားဆိုး ဆယ်မျိုးကား – ၁) ကာမရာဂ သံယောဇဉ် အာရုံငါးပါး၌ တပ်မက်စွဲလမ်းခြင်း  ၂) ဘ၀ရာဂ သံယောဇဉ် ကာမ၊ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ကိလေသာအဆင့် (၃)ဆင့်

ကိလေသာအဆင့် ၃ ဆင့် ရှိပါတယ်။ ကိုယ်နှုတ်နဲ့လွန်ကျူးခြင်း ကိလေသာကို ၀ီတက္ကမအဆင့် လို့ ခေါ်ပါတယ်။ စိတ်ထဲမှာ ထကြွသောင်းကျန်းလာခြင်းဆိုတဲ့ ပရိယုဋ္ဌာနအဆင့် နှင့် အကြောင်းတိုက်ဆိုင်မှပေါ်လာပြီး မတိုက်ဆိုရင်ရင်ပေါ်မလာဘဲ စိတ်သန္တာန်မှာ အစဉ်ကိန်းနေတဲ့ အနုသယအဆင့် ရှိပါတယ်။ ၀ီတက္ကမအဆင့် အကြမ်းစားကိုတော့ သီလနဲ့ သတ်လို့ရပါတယ်။ ပရိယုဋ္ဌာနအဆင့် အလတ်စားကိုတော့ သမထနဲ့ သတ်လို့ရပါတယ်။ အနုသယအဆင့် အနုစားကိုတော့ ၀ိပဿနာ၊ မဂ်ပညာနဲ့သာ သတ်လို့ရပါတယ်။   အနုသယအမည်ရတာ ကိလေသာဆယ်ပါးမှ ၇ပါး ၁) ကာမရာဂါ နုသယ = … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

နူနာသည်နှင့်တူသော ကိလေသာ

ဗုဒ္ဓက ကာမဂုဏ်အာရုံခံစားချင်သူတွေကို ကုဋ္ဌနူနာသည်နှင့်တူတယ်တဲ့။ ကာမဂုဏ်ခံစားချင်တဲ့စိတ်ပေါ်လာတာဟာ နူနာရောဂါပိုးတွေထလာတာတဲ့။ နူနာရောဂါပိုးတွေ ထလာတော့ လက်တိုခြေတို့တွေက တအားယားလာတာပေါ့။ ခံစားချင်တဲ့ ကာမဂုဏ်ကို ခံစားနေတဲ့အချိန်ဟာ နူနာရောဂါသည်ကြီး သူ့လက်ခြေတွေကို မီးကင်ပေးနေတာနဲ့ အတူတူပဲတဲ့။ ကာမဂုဏ်ခံစားလို့ ခဏတာ နှစ်သိမ့်မှုရသွားချိန်ဟာ နူနာပိုးတွေ မီးပူကြောင့် ခဏငြိမ်းသွားလို့ အယားပျောက်သွားသလိုပဲတဲ့။ ကာမဂုဏ်ဆိုတာဟာ ဘယ်တော့မှ ခံစားလို့ ၀သွားတယ်ဆိုတာမရှိဘူး။ ခဏကြာတော့ နောက်ကာမဂုဏ်တစ်မျိုးကို ခံစားချင်လို့ ထပ်ခံစားသလို နူနာရောဂါသည်ကြီးဟာလဲ ရောဂါပိုးတွေ ပြန်ထလာပြန်လို့ နောက်တစ်ခါမီးထပ်ကင်ရတာနဲ့ တူပြန်တယ်တဲ့။ ဒီတော့ ပုထုဇဉ်တွေ အဆင်းရူပါရုံကိုကြည့်ပြီး ကာမဂုဏ်ခံစားတယ်ဆိုတာ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment