Category Archives: မြတ်ဗုဒ္ဓ ဂေါတမ

ဝိပါက်တော် (၁၂) ပါး

ဝိပါက် ဟူသော စကားသည် ပါဠိဘာသာ ၀ိပါက မှ ဆင်းသက်လာ၏။ အဓိပ္ပါယ်မှာ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရား ဟု ဆိုလို၏။ ကုသိုလ်ကံအကျိုးကို ကုသလ၀ိပါက ဟုခေါ်၍ အကုသိုလ်ကံအကျိုးကို အကုသလ၀ိပါက ဟုခေါ်၏။ သုံးလောကထွတ်ထား ရှင်တော်ဂေါတမမြတ်စွာဘုရားအလောင်းတော် ဘ၀ပေါင်းများစွာထဲမှ အလွန်နုစဉ်ဘ၀များက ပြုလုပ်ခဲ့ဖူးသော အကုသိုလ်ကံ၏အကျိုးဆက်များ ဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် ကိုယ်တော်တိုင် တွေ့ထိရသော ၀ိပါက်တော် (၁၂) ပါးကို ဟောကြားတော်မူရခြင်းမှာ မြတ်ဘုရားကိုယ်တော်တောင်မှ ရှောင်လွှဲ၍မရနိုင်သော ကံ ကံ၏အကျိုးဆက်ကို ပုထုဇဉ်များအနေဖြင့်မူ ဆိုဖွယ်ရာမရှိသောကြောင့် မကောင်းမှုဟူသမျှကို … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များနှင့် ပရိနိဗ္ဗာန်ပြုပွဲ

ကဆုန်လပြည့်နေ့ မဟာသက္ကရာဇ် (၆၈) ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗနီအင်ကြင်းတော ဘုရားအလောင်း ဖွားမြင်တော်မူသည်။ မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် အင်ကြင်းတော သုံးလောကထွတ်ထား သဗ္ဗညုတ ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။ မဟာသက္ကရာဇ် (၁၄၈) ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုဿိန္နာရုံ အလုံးစုံသော သင်္ခါရတရားတို့ ချုပ်ငြိမ်းရာ ပရိနိဗ္ဗာန်ပြုတော်မူသည်။   ၀ါဆိုလပြည့်နေ့ မဟာသက္ကရာဇ် (၆၇) ခုနှစ်၊ ၀ါဆိုလပြည့်  ကြာသပတေးနေ့တွင် အလောင်းတော် သန္ဓေယူတော်မူသည်။ မဟာသက္ကရာဇ် (၉၇)  … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

ပါရမီဖြည့်ကျင့်ရခြင်း နှင့် ကမ္ဘာရေတွက်ပုံ

အရိယာ (၃)ပါး လောကတ္ထစရိယ – အများသတ္တ၀ါတို့ ချမ်းသာရေးအကျိုးအတွက် မိမိ၏ပညာ၊ ၀ီရိယ စသည်တို့ဖြင့် ဆောင်ရွက်ပြုကျင့်ခြင်း။ ဉာတတ္ထစရိယ    – အဆွေအမျိုးတို့၏ ချမ်းသာရေးအကျိုးအတွက် မိမိ၏ပညာ၊ ၀ီရိယ စသည်တို့ဖြင့် ဆောင်ရွက်ပြုကျင့်ခြင်း။ ဗုဒ္ဓတ္ထစရိယ      –  သမ္မာသမ္ဓုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်အောင် မိမိ၏ပညာ၊ ၀ီရိယ စသည်တို့ဖြင့် ဆောင်ရွက်ပြုကျင့်ခြင်း။   ဗောဓိ သုံးမျိုး (သို့) ဗောဓိဉာဏ် သုံးမျိုး ဗောဓိ – လောကုတ္တရာဖြစ်သော မဂ်ဉာဏ်လေးပါးနှင့် သဗ္ဗညုတဉာဏ်တော်ကို ခေါ်သည်။ သာဝက  ဗောဓိဉာဏ်– … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

ပါရမီ ၁၀ ပါး (အပြား ၃၀)

ဒီပင်္ကရာဘုရားခြေရင်းမှာပဲ ဘုရားဆုကို ပန်ခဲ့ပြီး ရှေးဘုရင်တွေရဲ့ကျင့်ကြံမှုကို ဆင်ခြင်တော်မူသောအခါ ပါရမီ ၁၀ပါးကို ဖြည့်ကျင့်တာကို သိမြင်တော်မူပြီး သတ္တ၀ါဝေနေယျတွေကို သံသရာလွတ်မြောက်ဖို့အတွက် လေးသင်္ချေ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီသုံးဆယ်ကို စည်းစိမ်ချမ်းသာ၊ သားသမီး၊ မယား၊ အသက်၊ ခန္ဓာကို စွန့်၍ အပင်ပန်းဆင်းရဲကြီးစွာ ဖြည့်ကျင့်ခဲ့ရပါတယ်။   ပါရမီ- မြင့်မြတ်သူတို့ရဲ့အလုပ် (ပရမာနံကမ္မံ ပါရမီ) ဂေါတမမြတ်စွာဘုရား ဖြည့်ကျင့်ခဲ့သော ပါရမီ ၁၀ ပါး ၁) ဒါန         = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။ ၂) သီလ       = ကိုယ်နှုတ်မှာ … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

ဂေါတမဗုဒ္ဓဘုရားလောင်းဆုပန်ခြင်းနှင့် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်အမည်

ဘုရားအဖြစ်ဆုတောင်းပြည့်ရန်အင်္ဂါ ၈ ပါး ၁) လူသားစစ်စစ်ဖြစ်ရခြင်း၊ ၂) ယောကျာ်းစစ်စစ်ဖြစ်ရခြင်း၊ ၃) ဆုတောင်းချိန်တွင် ရဟန္တာဖြစ်နိုင်လောက်သည့် အကြောင်းပါရမီပြည့်စုံနေခြင်း၊ ၄) သက်တော်ထင်ရှား ဘုရားတစ်ဆူဆူအထံတော်၌သာ ဆုပန်ရခြင်း၊ ၅) ဆုပန်သူသည် ရသေ့၊ ရဟန်းတစ်မျိုးမျိုးဖြစ်ရခြင်း၊ ၆) ဈာန်သမာပတ် ၈ ပါး ရရှိနေသူဖြစ်ရခြင်း၊ ၇) မြတ်စွာဘုရားရှင်တို့အား အသက်ကိုပင် စွန့်လှူထားရခြင်း၊ ၈) ဘုရားဖြစ်ရန် ကြီးမားသောဆန္ဒ၊ ၀ီရိယရှိရခြင်း။   ဂေါတမဗုဒ္ဓဘုရားလောင်းဆုပန်ခြင်း ဂေါတမဗုဒ္ဓဘုရားလောင်းသည် ၂၀ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ဘုရားရှင်ပေါင်း (၅၁၂၀၂၇) … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment