Monthly Archives: May 2010

နှုတ်ဆက်ပါရစေ

မေတ္တာရိပ် ဓမ္မဆိုဒ်ကို လာကြသော ဓမ္မမိတ်ဆွေများကို ကျမ နှုတ်ဆက်ခဲ့ပါတယ်။ ကျမအနေနဲ့ တဖက်ကလည်း လောကီအလုပ်တွေကို မဖြစ်မနေလုပ်နေရတာက တကြောင်း၊ တဖက်ကလည်း တရားဓမ္မများကို ဆရာတော်များ၊ ဓမ္မကထိက လူပုဂ္ဂိုလ်များ နှင့် သာမာန်လူပုဂ္ဂိုလ်များရဲ့ ဟောကြားမှုတွေကို နာယူလေ့လာနေတာက တကြောင်း၊ ဒီဆိုဒ်ထဲမှာလည်း အန္ဓပုထုဇဉ်ကနေ ကလျာဏပုထုဇဉ်၊ ပရမတ္ထ ပုဂ္ဂိုလ်အဆင့်အထိ ကူးယူတင်ပြထားသည်က တကြောင်းကြောင့် မေတ္တာရိပ်ဆိုဒ်လေးကို လှည့်မကြည့်နိုင်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒီဆိုဒ်ထဲမှာ ၀ိပဿနာအလုပ်ပေးတရားကို ဆရာတော်များ၏ စာအုပ်များထဲမှ ကူးယူတင်ပေးခြင်းကို အဆုံးသတ်ထိ မရေးပေးနိုင်ခြင်းကို သည်းခံခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။ … Continue reading

Posted in မေတ္တာရိပ်မှ နှုတ်ခွန်းစကား | 2 Comments

ကြီးပွားကြောင်းတရား

အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်၊ ဒီဃဇာဏုသုတ် ၌ အခါတပါးက ဗုဒ္ဓသည် ကောလိယတိုင်း ကက္ကရပတ္တအမည်ရှိ နိဂုံးရွာ (တံတိုင်းမရှိ ဈေးသာရှိသော) ၌ သီတင်းသုံးတရားပြတော်မူစဉ် ဒီဃဇာဏုအမည်တွင်သော ကောလိယမင်းသားသည် ဘုရားရှင်ကို ရိုသေစွာရှိခိုးပြီး ယခုလိုလျှောက်ထား၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… တပည့်တော်တို့သည် အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခံစားကြသောလူတို့ဖြစ်ခြင်းကြောင့် သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိပ်စက်ရာနေရာတို့၌ နေကြရပါကုန်၏။ ကာသိတိုင်း၌ဖြစ်သော စန္ဒကူးနံ့သာတို့ကို သုံးစွဲနေကြပါကုန်၏။ ပန်းနံ့သာ နံ့သာပြောင်းတို့ကိုလည်း ပန်ဆင်သုတ်လိမ်းနေကြပါကုန်၏။ ရွှေ ငွေ နှင့် အခြားသောပစ္စည်းဥစ္စာရတနာတို့ကိုလည်း သာယာကိုင်တွယ်နေကြပါကုန်၏။ ထို့ကြောင့် … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

ဗြဟ္မစိုရ် လေးပါး

ဗြဟ္မစိုရ် ဆိုတာ ဗြဟ္မစရိယ ဆိုတဲ့ ပါဠကို ပါဠိသက် ဝေါဟာရအဖြစ်နဲ့ မြန်မာမှုပြုထားတာပါ။ မြင့်မြတ်သောအကျင့် လို့ အဓိပ္ပါယ်ရပါတယ်။ ဗြဟ္မစိုရ် လေးပါး မေတ္တာ – သူတစ်ပါးကောင်းကျိုးကို လိုလားသော သဘော၊ ကရုဏာ – သူတစ်ပါးဆိုးကျိုးကို ဖယ်ရှားပေးချင်တဲ့ သဘော၊ မုဒိတာ – သူတစ်ပါးကောင်းစားနေတာကို ၀မ်းမြောက်တဲ့ သဘော၊ ဥပေက္ခာ – သူတစ်ပါးရဲ့ ကောင်းကျိုး ဆိုးကျိုးဟာ သူတစ်ပါးရဲ့ကောင်းကံ ဆိုးကံအပေါ်မှာပဲ မူတည်တယ်လို့ နှလုံးသွင်း ဆင်ခြင်တဲ့သဘော။ စိတ်နေစိတ်ထား မြင့်မြတ်တဲ့ … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

မောဟ ပိုက်ကွန်

ဗုဒ္ဓက – “နတ္ထိ မောဟသမံ ဇာလံ – မောဟပိုက်ကွန်ဟာ အနှိုင်းမဲ့ပိုက်ကွန်” ဖြစ်၏ ဟု ဟောကြားတော်မူခဲ့ပါတယ်။ ပိုက်ကွန်ဆိုတာ မိမိအတွင်းဝင်ရောက်လာတဲ့သတ္တ၀ါတွေကို ချုပ်နှောင်ထားတတ်တဲ့သဘော ရှိပါတယ်။ ပိုက်ကွန်တွင်းကျရောက်သွားတဲ့သတ္တ၀ါတွေဟာ ပိုက်ကွန်ရဲ့အပြင်ဘက်ကို ပြန်ရောက်ဖို့ မလွယ်ကူပါဘူး။ မကြာခင်မှာပင် သေရတော့မယ်ဆိုတဲ့အသိနဲ့ စိတ်ပင်ပန်းဆင်းရဲစွာ နေရပါတယ်။ မလွဲမသွေကြုံတွေ့ရတော့မယ့် သေခြင်းတရားကို အနီးကပ်စောင့်စားရင်း စိတ်နှလုံးထိတ်လန့်တုန်လှုပ်စွာ ပူလောင်နေပါတယ်။ ပိုက်ကွန်ထဲရောက်နေမှန်းသိရက်နဲ့ ပျော်နေတဲ့သတ္တ၀ါ၊ စိတ်ချမ်းသာနေတဲ့သတ္တ၀ါကတော့ အင်မတန်ကို မိုက်မဲလွန်းလို့၊ ထူ အ လွန်းလို့ ဖြစ်ပါလိမ့်မယ်။ လာကမှာရှိရှိသမျှသောပိုက်ကွန်အားလုံးထဲမှာ မောဟပိုက်ကွန်ဟာ အဆိုးဝါးဆုံးဖြစ်ပြီး … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Leave a comment

ရေစူးကုသိုလ်

အရှင်ဆန္ဒာဓိက ဆရာတော်ရေးသားတော်မူသော ရည်စူးကုသိုလ် လက်ကမ်းစာအုပ်မှ သေသူများအတွက် ကုသိုလ်ကောင်းမှုပြုလုပ်ရာတွင် ကုသိုလ်ပြုလုပ်ပေးသူနှင့် ရည်စူးခံရသူတို့ သိသင့်သိထိုက် ရှိသင့်ရှိထိုက်သည်များကို သိရှိစေရန် ရည်ရွယ်၍ ပြန်လည်ကောက်နှုတ်တင်ပေးလိုက်ပါတယ်ရှင်။ မေး – အရှင်ဘုရား သေဆုံးသူကို ရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်သည်ကို သိလိုပါသည်ဘုရား။ ဦးမောင်လှ. အလုံမြို့နယ်။ သေသူကိုပဲ ရည်စူးရည်စူး၊ ရှင်သူကိုပဲ ရည်စူးရည်စူး ကုသိုလ်ဆိုတာ ပြုသင့်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး သတ္တ၀ါတစ်ဦးတစ်ယောက်သေဆုံးသွားရင် “လားရောက်ရမယ့်ဘ၀ ငါးမျိုး” ရှိပါတယ်။ – လူ့ဘ၀ – … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

လားရာဂတိ

“အရှင်ဘုရား … လူတစ်ဦးသေဆုံး၍ တမလွန်ဘ၀ရောက်ရှိသွားချိန်တွင် အကြားအမြင်ဆရာ၊ ဘိုးတော်၊ နတ်ဝင်သည် စသည်တို့က သေဆုံးသူသည် မည်သည့်ဘုံဘ၀သို့ရောက်ရှိနေကြောင်း သွားရောက်မေးမြန်းသူ မိသားစုတို့အား ပြောဆိုဟောပြောနေကြပါသည်။ တပည့်တော်သိလိုသည်မှာ ထိုလူများသည် အမှန်တကယ်သိ၍ပြောနိုင်ခြင်း ဟုတ် မဟုတ်။ ထိုသို့ဟောပြောလိုက်၍ကျန်ရစ်သူမိသားစုအတွက် စိတ်ချမ်းသာမှုနှင့် စိတ်ဆင်းရဲမှု မည်သည်က ပို မပို သိရှိလိုပါသည် ဘုရား…။” ဖြေ – ဗုဒ္ဓလက်ထက်က ထင်ရှားကျော်ကြားခဲ့တဲ့ တမလွန်ပညာရှင် ၀င်္ဂီသလုလင်ဟာ ဆ၀ိသီသမန္တန် လို့ခေါ်တဲ့ လူသေဦးခေါင်းမန္တန်ကို အတတ်ပညာတစ်ခုအနေနဲ့ ကျွမ်းကျင်တတ်မြောက်ထားသူ ဖြစ်ပါတယ်။ အဲဒီမန္တန်စုတ်ပြီး … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

တစ်ရာ နှင့် တစ်ရက်

၁) သီလမရှိသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလရှိသူရဲ့တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီးမြင့်မြတ်ပါတယ်။ မပြုသင့်တဲံ ကိုယ်မှုလုပ်ရပ်တွေ မပြု။ မပြောသင့်တဲ့ နှုတ်ထွက်စကားတွေ မပြောဘဲ ကိုယ်နဲ့နှုတ်ကို စောင့်စည်းထိန်းသိမ်းနိုင်တဲ့သူဟာ သီလရှိတဲ့သူပါ။ သီမမရှိတဲ့သူဟာ စိတ်မအေးချမ်း၊ စိတ်မအေးချမ်းတော့ စိတ်မတည်ငြိမ်၊ စိတ်မတည်ငြိမ်တော့ အသိဉာဏ်မထွက်။ သီလပျက်ရင် သမာဓိရော၊ ပညာရော ဖြစ်ခွင့်မရှိတော့ပါဘူး။ သီလရှိရင်တော့ စိတ်အေးချမ်းတဲ့အတွက် သမာဓိရော၊ ပညာရော ပြည့်ပြည့်၀၀ အားကောင်းနိုင်ပါတယ်။ ဗုဒ္ဓက – သတိပဋ္ဌာန်တရားပွားများတဲ့သူဟာ သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပွားများရမယ် … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment