Monthly Archives: November 2009

သုညအမြင်

“သုညအမြင်” (သက္ကာယဒိဋ္ဌိ ပယ်ပုံ) –  ကိုယ့်ခန္ဓာကို ပြန်ကြည့်လို့ ငါ သူတစ်ပါး ယောကျာ်း မိန်းမ ပုဂ္ဂိုလ်သတ္တ၀ါဆိုတာ မတွေ့ရတော့ဘဲ ဆိတ်သုဉ်းသွားတာကို သုညအမြင်လို့ ခေါ်တယ်။ လောကသုံးပါးကို သုညဖြစ်အောင် ပရမတ်ပညာနဲ့ကြည့်နိုင်ရမယ်။   လောကသုံးပါး သတ္တ လောက       = လူ၊ နတ်၊ ဗြဟ္မာ နှင့် အပါယ်ဘုံသား။ သြကာသ လောက =  လူ၊ နတ်၊ ဗြဟ္မာ နှင့် အပါယ်ဘုံသား နေတဲ့ ဘုံဌာန။ သခါၤရေလာက       =  … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ဘ၀ကူးမှုနှင့် ပတ်သက်၍ သဿတဒိဋ္ဌိဖြစ်ပုံ၊ ဖြုတ်ပုံ

သဿတဒိဋ္ဌိ = ရုပ်တရား နာမ်တရား တစ်ပါးပါးကို မပျက်မစီး အမြဲတည်နေတယ်လို့ အယူမှားတာ။ သဿတဒိဋ္ဌိ သည် ဘ၀ကို တပ်မက်သော လောဘ တဏှာ နှင့် ယှဉ်သော်ကြောင့် စွန့်လွှတ်ရန် ခက်သည်။ ထို့ကြောင့် သဿတဒိဋ္ဌိသမားသည် မဂ်ဖိုလ်ကို အရနှေးသည်။   အကြောင်းချုပ်လို့ အကျိုးချူပ်တာပဲလို့ သိလိုက်ရင် ဘာဒိဋ္ဌိစင်သတုန်း။ သဿကဒိဋ္ဌိစင်ပါတယ်။ (မိုးကုတ်ဆရာတော် အမှတ်စဉ် ၄ ကျမ်းစာ ဒိဋ္ဌိမကွာရင် နိဗ္ဗာန် မဖြစ်တရားတော်မှ) ၂၀၀၀ပြည့်နှစ် မိုးတွင်းကာလတစ်ခုတွင် ရွှေပြည်သာမြို့နယ် မန္တလေးကျောင်းရှေ့ကုက္ကိုပင်အောက်တွင် အသက်အစိတ်သုံးဆယ်ဝန်းကျင်ရှိ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | 2 Comments

ရဟန္တာ သမုတ်ခံရသော လှေသင်းမင်း ဆရာတော် ၏ ဆုံးမစာ

 ၁) သွား ရပ် ထိုင် လျောင်း က္ကုရိယာပုတ် လေးပါးတို့ ၌ အကုသိုလ် မဖြစ်စေရ၊       ကုသိုလ်တရား ဖြစ်အောင် နှလုံးသွင်းရမည်။ ၂) အကုသိုလ်ဖြစ်သော အချိန်ကာလကို မရှိစေရ၊      ကုသိုလ် ဓမ္မဖြင့်သာ အချိန်ကာလကို ကုန်လွန်စေရမည်။ ၃)  ကံ၊ မကောင်းဖြစ်သော ကံဟောင်းကို မမျှော်ရ။       ကောင်းသော ကံသစ်ကိုသာ ဖြစ်အောင် အားထုတ်ရမည်။ ၄) အကျိုးကို အားမထုတ်ရ၊ မကျင့်ရ၊ အကြောင်းကိုသာ ဖြောင့်မှန်အောင်       … Continue reading

Posted in ဆုံးမသြ၀ါဒများ, ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

နိဗ္ဗာန် နှင့် ဥစ္ဆေဒ ဒိဋ္ဌိ ဖြစ်ပုံ၊ ပယ်ပုံ

သင်္ခတ တရား = ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းလေးပါတို့ ပြုပြင်ဖန်တီးမှုကို                     ခံရသော စိတ်၊ စေတသိက်၊ ရုပ်တရားသုံးပါး။ ထိုသုံးပါးကို ငါးပုံပုံလျှင် ခန္ဓာငါးပါး                      ဖြစ်၏။ အသင်္ခတ တရား = ထိုအကြောင်းလေးပါးတို့၏ ပြုပြင်ဖန်တီးခြင်းမှ လွတ်သော အသင်္ခတ တရား                        (နိဗ္ဗာန်) ဟု ခေါ်၏။   သင်္ခတ တရားသည် အနိစ္စ အမြဲမရှိ။ အသင်္ခတ တရားသည် နိစ္စ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ပရမတ် ၄ ပါး

ပရမတ် (အရှိတရား) ၄ မျိုး စိတ် = အာရုံကို သိတတ်တဲ့ သဘောတရား (လုံးရေ အကျဉ်း ၈၉လုံး. အကျယ် ၁၂၁ပါး) ရှိသည်။ သို့သော် အာရုံကိုသိသော သဘောချည်းဖြစ်သော်ကြောင့် စိတ်သည် တစ်ပါးတည်းသာ ရှိသည်ဟု မှတ်ရမည်။ ၀ိပဿနာရှုမည့်သူများအတွက် အာရုံသိစိတ် ၆ပါး ကို သိလျှင်ပင် လုံလောက်ပေသည်။ စေတသိက် = စိတ်၌ မှီဖြစ်တဲ့ သဘောတရား ( လုံးရေ ၅၂ လုံး ) ရုပ် = … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

အဘိညာဉ်နှင့် ရဟန္တာ

လောကုတ္တရာအဘိညာဉ် အာသဝေါတရားလေးပါး (အာသ၀ – ယိုစီးခြင်း။ ဘ၀သံသရာမျိုးစုံမှာ ကျင်လည်အောင် လုပ်ပေးတတ်တဲ့ တရားပေါ့။) ကို ကုန်ခမ်းစေတဲ့ အဘိညာဉ်။ ကာမာသ၀ – ကာမဂုဏ်အာလုံကို တပ်မက်စွဲလမ်းတဲ့လောဘ။ ဘ၀ါသ၀   – ဘ၀အမျိုးမျိုးကို တပ်မက်စွဲလမ်းတဲ့လောဘ။ ဒိဋ္ဌာသ၀   – ငါ ရှိတယ်။ သူရှိတယ်၊ ယောကျာင်္း မိန်းမ၊ ပုဂ္ဂိုလ်သတ္တ၀ါရှိတယ် လို့ အယူမှားတဲ့ ဒိဋ္ဌိ။ အ၀ိဇ္ဇာသ၀ – အမှန်ကိုမသိတဲ့ မောဟ။   လောကီအဘိညာဉ် (၅) မျိုး ၁) … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

မဂ်ဖိုလ်ရသင့်လျက် မရခြင်းအကြောင်း

“မဂ်ဖိုလ်ရသင့်လျက် မရသောအကြောင်း နှစ်မျိုး “   ပါပမိတ္တာ = ယုတ်ညံ့သော အဆွေခင်ပွန်းကို မှီဝဲခြင်း (သာဓက – အဇာတသတ်ဘုရင်) ကိရိယပဟာနိ = ကျင့်မှုဟောမှု၏ ယုတ်လျော့ခြင်း                            (တရားဟောသူ နှင့် တရားနာကြားသူသည်  တရားဆုံးအောင်                             မနာကြားခြင်း၊ တရားစာအုပ်ကို ပြီးဆုံးအောင် မဖတ်ခြင်း။)     မဂ်ဖိုလ်ရရန် အင်္ဂါခုနှစ်တန် ၁) တရားအပေါ်မှာ ယုံကြည်မှုရှိရမယ်။ ၂) သူတော်ကောင်းကို မှီဝဲဆည်းကပ်ရမယ်။ ၃) ထိုသူတော်ကောင်းရဲ့တရားကို နာရမယ်။ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

မဂ်တားဖိုလ်တား အန္တရာယ်များ

၁) ကမ္မန္တရာယ် – ပဉ္စနန္တရိယကံ ငါးပါး (အမေကိုသတ်တဲ့ကံ၊ အဖေကိုသတ်တဲ့ကံ၊ ရဟန္တာကိုသတ်တဲ့ကံ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်တဲ့ကံ၊ သံဃာသင်းခွဲကံ။) ဒီအထဲက တစ်ခုခုကျူးလွန်မိခဲ့ရင်တော့ သေတဲ့အခါ အ၀ီစိငရဲကိုပဲ သွားရတာပါပဲ။ ၂) အရိယူပ၀ါဒန္တရာယ် – အရိယာကို စွပ်စွဲကဲ့ရဲ့တဲ့အန္တရာယ်။ သူတော်ကောင်းကို စော်ကားမိတဲ့ အန္တရာယ်။   ဗုဒ္ဓက – ပရ၀ဇ္ဖာနုပသိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော၊ အာသ၀ါတဿသဎုန္တိ၊ အာရာသောအာသ၀က္ခယာ။ သူတစ်ပါးအပြစ်ကိုရှာပြီး ကဲ့ရဲ့ရှုတ်ချအားထုတ်နေတဲ့သူဟာ အာသဝေါတရား (အပါယ်လားကြောင်း) တွေ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

လှေကား သုံးထစ်

ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် ၀က္ကလိသုတ် ၌ ဗုဒ္ဓက – ယောခေါ ၀က္ကလိဓမ္မံ နပဿတိ သောမံနပဿတိ။ အဓိပ္ပါယ်ကား ၀က္ကလခန္ဓာ နာမ်ရုပ်တရားကို မမြင်သောသူသည် ငါဘုရားကို မမြင် ဟူ၍ ဖြစ်၏။ ဆိုလိုသည်မှာ ဘုရား၊ တရား၊ သံဃာကို ကိုယ်တိုင်လုပ်ကျွေးပြီး ကိုးကွယ်ဆည်းကပ်နေသူဖြစ်သော်လည်း ရုပ်နာမ်တရားအဖြစ်အပျက်ကို မမြင်သဖြင့် အကြားဖြင့် ရတနာသုံးပါးကို ကိုးကွယ်သော သုတသရဏဂုံ ဟု သာ ခေါ်၏။ (ရတနာသုံးပါးကို တကယ်မြင်သည်ဟု မဆိုရ။) ဒိဋ္ဌိ ၀ိစိကိစ္ဆာ ကွာကြောင်း ၀ိပဿာနာဘာဝနာတရားကို ရှုပွားနိုင်ပြီဆိုမှသာ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

သားဆိုးနှစ်ယောက်

မိုးကုတ်ဆရာတော်ကြီးပေးသော ရုပ်နှင့် နာမ် ဥပမာ – အမျိုးသမီးတစ်ယောက်သည် သားနှစ်ယောက် အမွှာပူးမွေးတယ်။ တစ်ယောက်က ခြေလက်တွေက ကျိုးပြီး ရူးလာတယ်။ နောက်တစ်ယောက်က အကန်းဖြစ်လာပြီး သူငယ်နာဝမ်းပျက်ရောဂါ ပါလာတယ်။ မစင်ကျင်ကြီး တဗျစ်ဗျစ်နဲ့ပေါ့။ ယောဂီတို့ စဉ်းစားကြည့်။ ဘယ်လောက်စိတ်ဆင်းရဲမလဲလို့။   ခြေကျိုးလက်ကျိုးသားတစ်ယောက်က ပွဲသွားကြည့်ချင်တယ်ဆိုရင် ဒီသားရဲ့ခန္ဓာကိုယ်ကို အမေက ချီပိုးပြီးတော့ သွားရတယ်။ တစ်ခါ သူက ၀မ်းတွင်းရူးဆိုတော့ နှစ်မိုင်သုံးမိုင်ရှိတဲ့ပွဲခင်းကို သူ့အမေက ထမ်းပြီးတော့ သွားရှာတယ်။  ပွဲလည်းရောက်ရော သားက ပွဲမကြည့်ချင်ပြန်တော့ဘူး ဖြစ်ပြန်ရော။ ကိုယ့်ရပ်ကွက်ထဲက ဗွီဒီယိုပဲကြည့်တော့မယ်ဆိုလို့ … Continue reading

Posted in ဆုံးမသြ၀ါဒများ, ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment