Category Archives: ကောက်နှုတ်မှုများ

ရှုပါ၊ စဉ်းစားပါ၊ ဆင်ခြင်ပါ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှ (၇)နှစ်သား ရှင်ရာဟုလာသာမဏေအား တရားဟောရန်အတွက် ရှင်ရာဟုလာသတင်းသုံးနေထိုင်ရာ ကြွလာရာ သရက်ပင်အောက်၌ အင်တုံတွင်းရှိ ရေကို အကြောင်းပြု၍ ဆုံးမစကား တရားဟောလေသည်။ ၁) မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ခြေတော်ကို ရေဆေးအပြီး၌ အင်တုံတွင်းရှိ ရေသည် အနည်းငယ်သာ ကျန်ရစ်ခဲ့၏။ ထိုအခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှ “ချစ်သား ရာဟုလာ အင်တုံတွင်းမှာ ရေအနည်းငယ်သာကျန်သည်ကို တွေ့ပါသလား”ဟု မေးရာ – ရာဟုလာသာမဏေမှ “မှန်လှပါ့ ဘုရား။ တပည့်တော် မြင်တွေ့ပါ၏။” “ချစ်သား ရာဟုလာ – မုသားစကားမှန်သမျှ … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

ကြီးပွားကြောင်းတရား

အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်၊ ဒီဃဇာဏုသုတ် ၌ အခါတပါးက ဗုဒ္ဓသည် ကောလိယတိုင်း ကက္ကရပတ္တအမည်ရှိ နိဂုံးရွာ (တံတိုင်းမရှိ ဈေးသာရှိသော) ၌ သီတင်းသုံးတရားပြတော်မူစဉ် ဒီဃဇာဏုအမည်တွင်သော ကောလိယမင်းသားသည် ဘုရားရှင်ကို ရိုသေစွာရှိခိုးပြီး ယခုလိုလျှောက်ထား၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… တပည့်တော်တို့သည် အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခံစားကြသောလူတို့ဖြစ်ခြင်းကြောင့် သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိပ်စက်ရာနေရာတို့၌ နေကြရပါကုန်၏။ ကာသိတိုင်း၌ဖြစ်သော စန္ဒကူးနံ့သာတို့ကို သုံးစွဲနေကြပါကုန်၏။ ပန်းနံ့သာ နံ့သာပြောင်းတို့ကိုလည်း ပန်ဆင်သုတ်လိမ်းနေကြပါကုန်၏။ ရွှေ ငွေ နှင့် အခြားသောပစ္စည်းဥစ္စာရတနာတို့ကိုလည်း သာယာကိုင်တွယ်နေကြပါကုန်၏။ ထို့ကြောင့် … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

ဗြဟ္မစိုရ် လေးပါး

ဗြဟ္မစိုရ် ဆိုတာ ဗြဟ္မစရိယ ဆိုတဲ့ ပါဠကို ပါဠိသက် ဝေါဟာရအဖြစ်နဲ့ မြန်မာမှုပြုထားတာပါ။ မြင့်မြတ်သောအကျင့် လို့ အဓိပ္ပါယ်ရပါတယ်။ ဗြဟ္မစိုရ် လေးပါး မေတ္တာ – သူတစ်ပါးကောင်းကျိုးကို လိုလားသော သဘော၊ ကရုဏာ – သူတစ်ပါးဆိုးကျိုးကို ဖယ်ရှားပေးချင်တဲ့ သဘော၊ မုဒိတာ – သူတစ်ပါးကောင်းစားနေတာကို ၀မ်းမြောက်တဲ့ သဘော၊ ဥပေက္ခာ – သူတစ်ပါးရဲ့ ကောင်းကျိုး ဆိုးကျိုးဟာ သူတစ်ပါးရဲ့ကောင်းကံ ဆိုးကံအပေါ်မှာပဲ မူတည်တယ်လို့ နှလုံးသွင်း ဆင်ခြင်တဲ့သဘော။ စိတ်နေစိတ်ထား မြင့်မြတ်တဲ့ … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

ရေစူးကုသိုလ်

အရှင်ဆန္ဒာဓိက ဆရာတော်ရေးသားတော်မူသော ရည်စူးကုသိုလ် လက်ကမ်းစာအုပ်မှ သေသူများအတွက် ကုသိုလ်ကောင်းမှုပြုလုပ်ရာတွင် ကုသိုလ်ပြုလုပ်ပေးသူနှင့် ရည်စူးခံရသူတို့ သိသင့်သိထိုက် ရှိသင့်ရှိထိုက်သည်များကို သိရှိစေရန် ရည်ရွယ်၍ ပြန်လည်ကောက်နှုတ်တင်ပေးလိုက်ပါတယ်ရှင်။ မေး – အရှင်ဘုရား သေဆုံးသူကို ရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်သည်ကို သိလိုပါသည်ဘုရား။ ဦးမောင်လှ. အလုံမြို့နယ်။ သေသူကိုပဲ ရည်စူးရည်စူး၊ ရှင်သူကိုပဲ ရည်စူးရည်စူး ကုသိုလ်ဆိုတာ ပြုသင့်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး သတ္တ၀ါတစ်ဦးတစ်ယောက်သေဆုံးသွားရင် “လားရောက်ရမယ့်ဘ၀ ငါးမျိုး” ရှိပါတယ်။ – လူ့ဘ၀ – … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

လားရာဂတိ

“အရှင်ဘုရား … လူတစ်ဦးသေဆုံး၍ တမလွန်ဘ၀ရောက်ရှိသွားချိန်တွင် အကြားအမြင်ဆရာ၊ ဘိုးတော်၊ နတ်ဝင်သည် စသည်တို့က သေဆုံးသူသည် မည်သည့်ဘုံဘ၀သို့ရောက်ရှိနေကြောင်း သွားရောက်မေးမြန်းသူ မိသားစုတို့အား ပြောဆိုဟောပြောနေကြပါသည်။ တပည့်တော်သိလိုသည်မှာ ထိုလူများသည် အမှန်တကယ်သိ၍ပြောနိုင်ခြင်း ဟုတ် မဟုတ်။ ထိုသို့ဟောပြောလိုက်၍ကျန်ရစ်သူမိသားစုအတွက် စိတ်ချမ်းသာမှုနှင့် စိတ်ဆင်းရဲမှု မည်သည်က ပို မပို သိရှိလိုပါသည် ဘုရား…။” ဖြေ – ဗုဒ္ဓလက်ထက်က ထင်ရှားကျော်ကြားခဲ့တဲ့ တမလွန်ပညာရှင် ၀င်္ဂီသလုလင်ဟာ ဆ၀ိသီသမန္တန် လို့ခေါ်တဲ့ လူသေဦးခေါင်းမန္တန်ကို အတတ်ပညာတစ်ခုအနေနဲ့ ကျွမ်းကျင်တတ်မြောက်ထားသူ ဖြစ်ပါတယ်။ အဲဒီမန္တန်စုတ်ပြီး … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

တစ်ရာ နှင့် တစ်ရက်

၁) သီလမရှိသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလရှိသူရဲ့တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီးမြင့်မြတ်ပါတယ်။ မပြုသင့်တဲံ ကိုယ်မှုလုပ်ရပ်တွေ မပြု။ မပြောသင့်တဲ့ နှုတ်ထွက်စကားတွေ မပြောဘဲ ကိုယ်နဲ့နှုတ်ကို စောင့်စည်းထိန်းသိမ်းနိုင်တဲ့သူဟာ သီလရှိတဲ့သူပါ။ သီမမရှိတဲ့သူဟာ စိတ်မအေးချမ်း၊ စိတ်မအေးချမ်းတော့ စိတ်မတည်ငြိမ်၊ စိတ်မတည်ငြိမ်တော့ အသိဉာဏ်မထွက်။ သီလပျက်ရင် သမာဓိရော၊ ပညာရော ဖြစ်ခွင့်မရှိတော့ပါဘူး။ သီလရှိရင်တော့ စိတ်အေးချမ်းတဲ့အတွက် သမာဓိရော၊ ပညာရော ပြည့်ပြည့်၀၀ အားကောင်းနိုင်ပါတယ်။ ဗုဒ္ဓက – သတိပဋ္ဌာန်တရားပွားများတဲ့သူဟာ သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပွားများရမယ် … Continue reading

Posted in ကောက်နှုတ်မှုများ | Leave a comment

သဘောထားမှန်ပါစေ

လူဟာ အသိဉာဏ်ကို လိုလားတဲ့သတ္တ၀ါဖြစ်တယ်။ သူ့ဘ၀ဟာ ဘာအဓိပ္ပါယ်ရှိလဲဆိုတာ သိချင်တယ်။   လူဟာ သိချင်တတ်ချင်စိတ် ရှိတယ်။ လုပ်ချင်ကိုင်ချင်စိတ်လည်းရှိတယ်။ အဲ့ဒီ သိချင်တတ်ချင်စိတ် လုပ်ချင်ကိုင်ချင်စိတ် မပျောက်ကင်းအောင် ထိန်းသိမ်းဖို့ပဲလိုတယ်။   အမှန်ကိုပြောရမယ့်တာဝန် ရှိတယ် ဘယ်လိုအမှန်တရားဖြစ်ဖြစ် ဘယ်သူကပြောပြော ဘာအကြောင်းအရာနဲ့ ပတ်သက်တာပြောပြော အမှန်တရားမှန်သမျှ တန်ဘိုးရှိတယ်။ အမှန်တရားကို တန်ဘိုးထားရမယ်။ လောကမှာ အမှားတစ်ခုကို အမှားလို့သိပြီး အသိအမြင်အမှန်ကို တွေ့ပြီးတော့ ပြောင်းလဲသွားတာဟာ လူသားတစ်ရပ်လုံးရဲ့တိုးတက်မှုပါပဲ။ အမှန်ဘက်ကိုရောက်တိုင်း ရောက်တိုင်း လူဟာ အသိဉာဏ်ကြောင့် လွတ်လပ်မှုတစ်မျိုး ရသွားတယ်။ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

အခွင့်အရေးနဲ့ တာဝန်

အခက်အခဲဆိုတာ ဘ၀ရဲ့သဘာဝတွေပါပဲ။ ဘာအခက်အခဲမှမရှိတဲ့ ဘ၀ကိုနေရတဲ့သူဟာ ဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး။ အားလုံးသဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်။ ပိုပြီးတော့ ပြေလည်သွားမယ်။ ပြဿနာကို နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက်တယ်။ ပြဿနာကို နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး။ အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာကို ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။ ဒါပေမယ့် ကိုယ်နိုင်သလောက် အခက်အခဲရှိမှကောင်းတယ်။ ရုန်းကန်နေမှ ကောင်းတယ်။ အခက်အခဲတွေဟာ အကျိုးရှိပါတယ်။ တချို့လူတွေဟာ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

မေတ္တာဖြင့် စီးပွားရှာခြင်း

ဗုဒ္ဓဘာသာ မြန်မာအများစု မကြီးပွားရခြင်း၏ တတိယအကြောင်းရင်းမှာ ဘာသာရေးအပေါ်မှာထားသော မေတ္တာစေတနာမျိုး စီးပွားရေးအပေါ်မှာ မထားသောကြောင့် ဟု အကျဉ်းဆိုခဲ့သည်။ အကျယ်အားဖြင့် ဗုဒ္ဓက – ချိုသော မျိုးစေ့ကို စိုက်ပျိုးလျှင် ချိုသော အသီးကို စားရမည်။ ခါးသော မျိုးစေ့ကို စိုက်ပျိုးလျှင် ခါးသော အသီးကို စားရမည်။ ထို့အတူ – ကောင်းသောအမှုကို ပြုလျှင် ကောင်းသောအကျိုးကို ခံစားရမည်။ မကောင်းသောအကျိုးကို ပြုလျှင် မကောင်းသောအကျိုးကို ခံစားရမည်။ ဟု ဘာသာရေး စိးပွားရေး လူမှုရေး မည့်သည့်အလုပ်ဖြစ်စေ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

ချစ်တဲ့သူတွေဆီက ရတဲ့ဒဏ်ရာ

ကိုယ်နဲ့ ခင်မင်နေတဲ့သူ၊ ရင်းနှီးနေတဲ့သူကပဲ ကိုယ့်ကို အများဆုံးဒုက္ခပေးနိုင်တာနော်။ ကိုယ့်ကိုတခါမှ မမြင်ဖူးတဲ့သူ တစ်ခါမှ မကြားဖူးတဲ့သူက ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုတာမျိုးဟာ ဘယ်နှစ်ခါ ကြုံဖူးသလဲ။ အင်မတန်ရှားပါတယ်။ အဲ့ဒီလူတွေကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့လိုတယ်။   ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်တဲ့သူတွေ၊ ကိုယ်ဆင်းရဲအောင် လုပ်တဲ့သူတွေ – ၁) မိဘ ၂) မောင်နှမ ၃) ချွေးမ၊၊ သားမက်၊ ယောက်မ၊ ယောက်ဖ ၄) ဆွေမျိုးသားချင်း ၅) ခင်ပွန်း၊ ဇနီး ၆) … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment