Category Archives: မြတ်ဗုဒ္ဓ သာသနာ

ယခုခေတ် သာသနာပြုခြင်း

တစ်ခါက  မိဘမဲ့ကလေးများကို စောင့်ရှောက်မွေးမြူနေသော ဆရာတော်တစ်ပါးသည် အသိတစ်ယောက်၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်မြို့ရှိ သူဌေးကြီးတစ်ယောက်ထံ ရောက်လာပြီး အကူအညီတောင်းကြည့်သည်။ သူဌေးကြီးပြန်ပြောသည်က – တပည့်တော်က ဒီလိုအလှူမျိုးတွေ ၀ါသနာမပါဘူး။ တောတောင်တွေထဲမှာ ဘုရားတည်တဲ့ သာသနာပြုအလုပ်ပဲလုပ်တယ်။ တပည့်တော်ရဲ့ ဘဘုရား (ဘိုးတော်)ကလည်း ဘုရားတည်တဲ့ ကုသိုလ်ပဲ လုပ်ရမယ်လို့ အမိန့်ချထားလို့ပါ။ ထိုသူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း နတ်မျိုးစုံ၊ ဘိုးတော်၊ မယ်တော် ကို အဓိကထား ကိုးကွယ်သူများမှာ ဗုဒ္ဓဘာသာအသက် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသူဟု ဆိုထိုက်သလို ရတနာသုံးပါးကို ပယ်ထားသည့်အတွက် သရဏံဂုံလည်း ပျက်ပါတယ်။ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ, မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

အဇ္ဈတ္တ အန္တရာယ်

အဇ္ဈတ္တ အန္တရာယ် ဆိုတာက – ဗုဒ္ဓသာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ကိုယ်တိုင်ပါပဲ။ သာသနာ့ဘောင်ဝင်လာပြီး စာပေလည်းမလုပ်၊ တရားလည်းမလုပ်ဘဲ၊ ဗေဒင်ဟော၊ ဆေးကု၊ ဓါတ်ရိုက်၊ ဂဏန်းပေး၊ စီးပွားရေးလုပ်နေကြမယ်ဆိုရင် သူတို့ကိုယ်တိုင်ရဲ့ သန္တာန်မှာ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သာသနာသုံးရပ်ကွယ်သွားပါပြီ။ သူတို့ကို ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေ သန္တာန်မှာလည်း သီလ၊ သမာဓိ၊ ပညာ သာသနာသုံးရပ် ထပ်ကွယ်ပြန်ပါတယ်။   ပါရာဇိကဏ်ပါဠိတော် စာမျက်မှာ ၁၄၇တွင် ဂိဇ္ဈကုဋ်တောင်၌ အရှင်မဟာမောဂ္ဂလန်သည် ထူးထူးခြားခြားပြိတ္တာနှစ်မျိုး၏ ရှေးကံအကြောင်းကို … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

တရားအတုအယောင် “ဇင်” ၀ါဒ

မဟာယာနနှင့် တရုတ်ရှေးဟောင်း တာအိုဝါဒတို့မှ ဆင်းသက်လာသော ဇင်ဝါဒသည် အနောက်နိုင်ငံအချို့အထိ ပျံ့နှံ့နေရာမှ အသစ်အဆန်းကြိုက်သူတို့၏ ဆန္ဒအရ မြန်မာနိုင်ငံအတွင်းသို့ ဗုဒ္ဓ၀ါဒ မျက်နှာဖုံးစွပ်၍၀င်လာခဲ့သည်။   စာပေလမ်းညွှန်မပါသောအကျင့်သည် အကန်းနှင့်တူ၍ အကျင့်မပါသော စာပေလမ်းညွှန်သည် အကျိုးနှင့်တူသည် ဟူသောစကားအတိုင်း စာပေလမ်းညွှန်တစ်ခုမှမပါသော ဇင်ဝါဒကိုလည်း အကန်းတို့၏အကျင့်ဟု ဆိုရပေမည်။   မဟာယာနသည် ဘုရားဟော ပိဋကတ်ကျမ်းစာမူရင်း တစ်ခုမှမရှိတော့ဘဲ ကိုယ်လိုရာဆွဲရေးသော အဟံမုခကျမ်းများကိုသာ အားကိုးရသောဝါဒဖြစ်နေသောကြောင့် ကန်းနေသောဝါဒ ဖြစ်ပေသည်။ ကန်းနေသောသူများသည် ကြိုးတန်းကိုသာ အားပြုသွားလာရသကဲ့သို့ မဟာယာန ဗုဒ္ဓဘာသာဝင်များသည်လည်း ဘုရားဟောအစစ်မဟုတ်တော့သော်လည်း ဘုရားဟောအယူအဆလေးတစ်ခု … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | 3 Comments

ပိဋကတ်သုံးပုံ သူရဿတီစောင့်

ဗုဒ္ဓမရှိတဲ့နောက်ပိုင်းမှာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ပိဋကတ်တရားတော်များကို ပထမသင်္ဂါယနကနေ ဆဋ္ဌမသင်္ဂါယနာတိုင်အောင် ဆင်းရဲမျိုးစုံကြားမှ သံဃာတော်များက မပျောက်မပျက်အောင် စောင့်ရှောက်ထိန်းသိမ်းခဲ့ကြသည်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ၊ နောင်လည်း စောင့်ရှောက်ထိန်းသိမ်းမည်သာ ဖြစ်သည်။ ယခုတော့ အသက်အသေခံ ရွတ်အံသရဇ္ဈာယ်ပြီး ပိဋကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များမျက်နှာကိုမှမထောက်ဘဲ ပိဋကတ်သုံးပုံ သူရဿတီစောင့်သည်ဆိုကာ စိတ်ကူးယဉ်လောကမှ ဟိန္ဒူနတ်သမီးရုပ်ကို ဘုရားရုပ်ပွားတော်ရှေ့တည့်တည့်မှာလာထားကြသည်။ အထားခံသည် ဂေါပကလည်း အထားခံကြသည်။ ဘုရားမျက်နှာ၊ သံဃာတော်မျက်နှာထက် ငွေမျက်နှာကို ကြည့်ကြဟန်တူသည်။   သူရဿတီ ဖြစ်လာရခြင်း အကြောင်းရင်း အိန္ဒိယနိုင်ငံ၌ သူရသွတီအမည်ရှိသော မြစ်ကလေးတစ်စင်းရှိသည်။ နွေအခါတွင် … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

သာသနာနှင့် နတ်ကိုးကွယ်မှု

လောကတွင် အမြတ်ဆုံးဖြစ်သော ရတနာသုံးပါးကို ကိုးကွယ်နေမိကြပြီဖြစ်သော ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကိုးကွယ်ရာအပိုမရှာသင့်တော့ပါ။  ရိုးရာအစဉ်ရှိနေသောကြောင့် မိမိလက်ထက်မှ ထူးချွန်ပြီး ပွဲမတင်ဘဲနေမိသဖြင့် နတ်ကိုင်မှာကြောက်လျှင် ကိုးကွယ်ခြင်း၊ ပသခြင်းနှစ်မျိုးတွင် ဒါနသဘော ပသခြင်းမျိုးကား ပြုကောင်းပါသည်။   သာသနာဖျက်နတ်များ နတ်ဟုဆိုလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်အများစုက ကိုးကွယ်ဆည်းကပ်စရာ သူတော်ကောင်းနတ်များဟုသာ ထင်နေကြသည်။ တကယ်တော့ သာသနာဖျက် သူယုတ်မာနတ်များ အများအပြားရှိသည်။ ၁) တခါက မိုးကုတ်မြို့တွင် စာသင်နေသော ကိုရင်တစ်ပါးမှာ ရဟန်းဒကာပေါ်သဖြင့် မြင်းခြံမြို့ကမိဘများထံ စာရေးမှာလိုက်သည်။ သို့သော ဖခင်သာလာသည်. မိခင်ပါမလာ။ အကြောင်းမှာ ကိုးကွယ်သောနတ်က … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

သာသနာနှင့် နက္ခတ်ဗေဒင်

ဗုဒ္ဓ၀ါဒနှင့် ဗြဟ္မဏ၀ါဒ ခွဲခြားနည်း  ကိလေသာကုန်ခမ်းရေး၊ နည်းပါးရေးနဲ့ ဆိုင်ရင် ဗုဒ္ဓ၀ါဒ။ ကိလေသာကုန်ခမ်းရေး၊ နည်းပါးရေးနဲ့ မဆိုင်ရင်  ဗြဟ္မဏ၀ါဒ။           ပုဂံပြည်တွင် အုပ်ချုပ်ခဲ့ဖူးသော ပုပ္ပါးစောရဟန်းသည် အရည်းကြီးလူထွက်ဖြစ်၍ ဗေဒင်နှင့် မှော်ပညာကို ကျွမ်းကျင်လိမ္မာသလို နတ်နှင့် နဂါးကိုလည်း ကိုးကွယ်သည်။ သူ့လက်ထက်မှစ၍ ဗေဒင်နှင်မှော်ပညာ အထွတ်အထိပ်သို့ရောက်၍ နတ်နှင့် နဂါးကိုးကွယ်မှုမှာလည်း ယခုထက်တိုင် တွင်ကျယ်လာခဲ့သည်။      စစ်ကိုင်းဦးဘိုးသင်း၏ သူ့အမြင်အတွေးစာအုပ်တွင် နဂါးကိုးကွယ်မှုသည် ပုပ္ပါးဘက်တွင် အကြီးအကျယ်ဖြစ်နေသဖြင့် နှောင်းခေတ်ဘုရင်များက တိရစ္ဆာန်နဂါးကိုးကွယ်တာနှင့်စာလျှင် လူကဖြစ်သော … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

သာသနာနှင့် ဂန္ဓာရပညာ

ဗုဒ္ဓသာသနာကို ညှိုးမှိန်ကွယ်ပျောက်စေနိုင်သော အညစ်အကြေးများမှာ – ၁) ဂန္ဓာရပညာ တန္တရအနွယ်ဝင် အရည်းကြီး ၂) နက္ခတ်ဗေဒင် ၃) နတ်ကိုးကွယ်မှု   ၁) တန္တရအနွယ်ဝင် အရည်းကြီးတို့၏ အလေ့အကျင့်များမှာ – ထိမ်းမြားမင်္ဂလာပြုအံ့သော အမျိုးသမီးတို့၏ပန်းဦးလွှတ်ခြင်းဟူသော အပူဇော်ကိုခံယူခြင်း၊ – မြင်းမွေးခြင်း၊ မြင်းစေီးခြင်း၊ လက်ဝှေ့သတ်ခြင်း၊ – စုန်းကဝေ အတတ်တို့ကို လေ့လာခြင်း၊ – ဗေဒင်ဟောခြင်း၊ – ဆေးကုသခြင်း၊ – နတ်ပူဇော် ပသခြင်း၊ – ၀ိဇ္ဇာမဟိဒ္ဓိ (ခေါ်) ထွက်ရပ်လမ်းကိုလိုက်ခြင်း … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

မဟာပဒေသာ (ခေါ်) ပိဋကတ်တော် စည်းမျဉ်း

ဂါထာတစ်ခုကို ဘုရားဟော တရားတော် ဟုတ်နိုင် မဟုတ်နိုင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့် မဟာပဒေသာ (ခေါ်) ပိဋကတ်တော် စည်းမျဉ်းလေးပါး ဖြင့် စိစစ်ရသည်။ မဟာပဒေသ ဟူသည် “ဘုရားဟောတရားတော်ကို တည်စေနိုင်သော ကြီးမြတ်သောအကြောင်း” ဟု အဓိပ္ပါယ်ရသည်။ မဟာပဒေသ လေးပါးနှင့် ညီညွတ်လျှင် ထေရ၀ါဒ ဟု ဆုံးဖြတ်၍၊ မညီညွတ်လျှင် ထေရ၀ါဒ မဟုတ်ဟု ဆုံးဖြတ်ရပါမည်။ မဟာပဒေသ လေးပါး မှာ – ၁) သုတ္တ – ပိဋိကတ်သုံးပုံ ဘုရားဟောပါဠိတော်များ။ ၂) သုတ္ထာနုလောမ – ဘုရားဟောပါဠိတော်များနှင့် … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

အိန္ဒိယနိုင်ငံတွင် သာသနာကွယ်ခြင်း အကြောင်းရင်း

ဒီပို့စ်တွင် မျက်ရည်မကျခင်သိစေချင်စာအုပ်မှ သာသနာကွယ်ရခြင်းအကြောင်းရင်းကို မပြင်မဆင်ဘဲ တင်ပြပေးထားပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓသာသနာကို နှစ်ပေါင်းတစ်ထောင်ငါးရာကျော် ထိန်းသိမ်းထားသော်လည်း  ယခုအချိန်မှာ ဗုဒ္ဓတရားတော်များမှာ မှေးမှိန်နေပြီး ဗြဟ္မဏ၀ါဒ၊ ၀ိဇ္ဇာ စသည့်လောကီအတတ်ပညာများပါ ကြောက်ခမန်းလီလီ ဗုဒ္ဓဘာသာဝင်များမှာ ကျင့်သုံးယုံကြည်လာသောကြောင့် သာသနာဟာမှေးမှိန်လို့ ပျောက်ကွယ်လုနီးပါးပါးဖြစ်နေပါတယ်။ အဓိကကြောင်းရင်းတွေကတော့ တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားခဲ့တဲ့ နိုင်ငံတွေမှာ သာသနာပျောက်ကွယ်လိုမျိုး ယခုမြန်မာနိုင်ငံမှာ ဖြစ်နေလို့ပါပဲ။ ထို့ကြောင့်မို့ ဆရာတော်က – အတွေးအခေါ် ဉာဏ်ပညာကြီးမားသော သူများသည် သူတစ်ပါးအမှားကိုကြည့်ပြိး သင်္ခန်းစာ ယူတတ်ကြ၏။ အတွေးအခေါ် ဉာဏ်ပညာနည်းပါးသူသည် သူတစ်ပါးအမှားကိုကြည့်ပြီး … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

သင်္ဂါယနာတင်ခြင်း

သင်္ဂါယနာတင်ခြင်း အကြောင်းရင်း – ဗုဒ္ဓ၏ သာသနာတော်သုံးရပ် မကွယ်ပျောက်စေရန်လည်းကောင်း၊ သာသနာတော်ကြီး အဓွန့်ရှည်စွာ သန့်ရှင်းတည်တံ့ပြန့်ပွားနေစေရန်လည်းကောင်း။   ပထမသင်္ဂါယနာတင်ခြင်း ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် (၇)ရက်အကြာတွင် အရှင်မဟာကဿပသည် နောက်ပါရဟန်းငါးရာနှင့် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွလာစဉ် လမ်းခရီး၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူကြောင်း ကြားသိသော်အခါ ရဟန်းလေးများ ငိုကြွေးကြလေသည်။ ထိုအခါ သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီးက “ငါရှင့်တို့ မငိုကြနဲ့။ ရဟန်းဂေါတမ၏ အချုပ်အချယ်ကိုခံခဲ့ရလှပြီ။ ယခု သူ့လက်မှလွတ်ကြပြီ” ဟု ၀မ်းသာအားရပြောလေသည်။ ထိုစကားကိုကြားရသော အရှင်မဟာကဿမထေရ်မြတ်ကြီးမှာ အနာဂတ်သာသနာအတွက် စိတ်မချ … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment