Daily Archives: October 25, 2009

လယ်တီဆရာတော်ကြီး၏ ၀ိပဿနာ ဆုံးမစာ

“လယ်တီဆရာတော်ကြီး၏ ဆုံးမစာ” နင်နှင့် မဆိုင်၊ နင့်ပိုင်မဟုတ် နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို နင့်ဥာဏ်မစူး ၊ အပျော်မြူး၍ မူးမူးမေ့မေ့ ၊ အများလေံဖြင့် နေ့ရက်အဖုံ ၊ လွန်ခဲ့ကုန်ပြီ။   နင်နဲ့လည်း မဆိုင် နင်လည်းမပိုင်တဲ့ သူ့သဘောအတိုင်းဖြစ်ပြီး သူ့သဘောအတိုင်း ပျက်နေတဲ့ ရုပ်နာမ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဥာဏ် မ၀င်စားနိုင်ဘဲ အပျော်မြူးဖူး မူးမေ့ပြီးနေခဲ့တာ နေ့ရက်များစွာ ကုန်ခဲ့ပြီ။   ဤ၀ိပဿနာ အလုပ်သည် သမထအလုပ်ကဲ့သို့ ပလီဗောဓ ဆိတ်ငြိမ်ရာကြီးကိုရမှသာ ပြီးစီးနိုင်သည်မဟုတ်။ … Continue reading

Posted in ဆုံးမသြ၀ါဒများ, ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ၀ိပဿနာသမာဓိ ခေါ် ခဏိကသမာဓိနဲ့ ၀ိပဿနာ မြန်မြန်ရှုပွားသင့်ကြောင်း ဟောကြားချက်

သမထနဲ့ မဂ်ဖိုလ် မရနိုင်ဘူး။ သမထတည်းဟူသော အကြောင်းကြောင့် မဂ်ဖိုလ်တည်းဟူသော အကျိုးတရား ဘယ်တော့မှ မပေါ်နိုင်ဘူး။ အခု သံယုတ်ပါဠိတော်မှာ ဘုရာဒဟာ သုသိမကို ဟောလို့ သိကြရပြီ။ (ဘုရားက သုသိမ ရှေ့ပိုင်းက ၀ိပဿာနာဥာဏ် နောက်ပိုင်းက နိဗ္ဗာန်မြင်တဲ့ မဂ်ဥာဏ်ပဲလို့ တိုတိုကျဉ်းကျဉ်းပဲ ဖြေဆိုတော်မူလိုက်တယ်။) ဒါသိရရင် အရှည်မလိုက်ကြနဲ့။ တိုတိုနဲ့ ခရီးရောက်အောင် အားထုတ်ကြလို့ ပြောလိုက်ပါတယ်။ အရှည်လိုက်နေလို့ရှိရင် ဒုက္ခရောက်ဖို့ မြင်တယ်။ အချိန်အလွန်နည်းနေပြီ။ သိကြရဲ့လား။ သိရင်သိတဲ့အတိုင်း ကြိုးစားကြ။ သုဒ္ဓ၀ိပဿနာရှုကြ။ ဒါနဲ့မှ အဆင်ပြေမယ်. … Continue reading

Posted in ဆုံးမသြ၀ါဒများ, ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ဝိပဿနာ သုံးမျိုး

ဝိပဿနာ ၃ မျိုး ၁) သမထပုဗ္ဗင်္ဂမ ၀ိပဿနာယာနိယနည်း – သမမထ ရှေ့သွားရှိသော ၀ိပဿနာနည်းလို့ ခေါ်တယ်။      ကမ္မဋ္ဌာန်း ၄၀ ထဲက တစ်ခုခုပွားတယ်။ ခုခေတ်မှာတော့ အာနာပါန သမထ ကို အသုံးများတယ်။ အဲ့လိုပွားရင် သမထ ၂မျိုး ရတယ် – ဥပစာရသမာဓိ လို့ခေါ်တဲ့ ဈာန်အနီးအနားမှာဖြစ်တဲ့ သမာဓိ၊ နှင့် အပ္ပနာသမာဓိ လို့ခေါ်တဲ့ ပဋ္ဌမဈာန်ကနေ စတုတ္တဈာန်ထိ ဈာန်တစ်မျိုးမျိုးကို ရသွားတဲ့ သမာဓိ။ အဲ့ဒီလိုရသွားတဲ့အခါမှ ခန္ဓာငါးပါး … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

တရားနာပုဂ္ဂိုလ် လေးမျိုး

ဗုဒ္ဓက အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ အ၀ဂုဇ္ဇသုတ်မှာ တရားနာတဲ့ ပုဂ္ဂိုလ် ၃ မျိုး ၁) ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကျောင်းသို့ မပြတ်သွား၍ တရားနာ၏။ သို့သော တရားနာနေစဉ် တရားတော်၏ အစ အလယ် အဆုံး သုံးပါးလုံးကို ကောင်းစွာ နှလုံးမသွင်း။ ထိုသူသည်  မှောက်ထားသော အိုးနှင့်တူ၏။ ၂) အချို့သော ပုဂ္ဂိုလသ်ည နာနေစဉ်၌သာလျှင် ကောင်းစွာ နှလုံးသွင်း၏။ တရားနာရာမှ ထသွားသော အခါ၌ကား ကောင်းစွာနှလုံးမသွင်း။ ဥပမာ ယောကျာ်းတစ်ယောက်၏ ခါးပိုက်ထဲ၌ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ဝိပဿနာ အားထုတ်သင့်ကြောင်း

စလင်းကန်လယ်ဆရာတော်ဘုရားကြီးက – အို လူအများတို့၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာရှိသလဲ။ ယခုအခါ ဓမ္မက္ခန္ဓာဘုရားတွေ အများကြီးရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူသော အေးအေးစက်စက်နေကြလျှင် အများကြီးနစ်နာကြပေလိမ့်မည်။ စာမတတ်လို့ ဘာမတတ်လို့လဲ မလုပ်ကြပါနှင့်။ ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည်။ သို့အတွက်. အို.. လူများတို့ ယခုအခါ ကံပါရမီကို မေးရန်မလိုပါ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။ မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီး ပျားများဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော်၊ ကံပါရမီချဖွယ်မလို။ အညစ်အကြေးလူးသူသည် ရေစင်ရှိလျှက် မဆေးသော် … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ပါရမီ လို မလို

“မဟာစည်ဆရာတော် ဘုရားကြီး၏ လကာင်္” “လောကီမှုကို၊ အောင်စေလို၊ ကံကို မချရ ကံကိုချလျှင်၊ မအောင်မြင်၊ ဉာဏ်ယှဉ်ကြိုးစားကြ နိဗ္ဗာန် ရွှေပြည်၊ ရောက်ခဲသည်၊ ပါရမီမချရ ပါရမီချလျှင်၊ ၀ဋ်ထဲတွင် ပူပင်ဆင်းရဲရတဲ့။ “     မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဆုံးမသြ၀ါဒ ပါရမီသည် မဂ် ဖိုလ်ရဖို့အတွက် လိုအပ်သည်လော။ တို့သည်ကား ပါရမီ ရှိရဲ့လား။ လုပ်တော့လုပ်နေတာပဲ ဒီဘ၀မှာ စနေတာများ ဖြစ်လေရော့သလားဆိုပြီး ကိုယ့်သံသယ၊ ကိုယ့်ကုက္ကုစ္စ ကိုယ့်ကိုယ်တော့ဖြင့် မကန့်ကွက်ပစေနဲ့ဆိုတာ လေးလေးနက်နက်တားတယ်။ တို့ကလဲ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment