Monthly Archives: July 2009

မင်္ဂလာတရား ၃၈-ပါး

မင်္ဂလာတရား (၃၈) ပါးကို ဗုဒ္ဓမြတ်စွာအား မထင်မရှား နတ်သားတစ်ပါး၏ တောင်းပန် လျှောက်ထားမှု ကြောင့် သ၀တ္ထိပြည် ၊ ဇေတ၀န် ကျောင်းတော်တွင် လူ ၊ နတ် ၊ ဗြဟ္မာတို့၏ အကျိုးငှာ ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအားလုံးတို့အားချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။ (၁) အသေ၀နာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊ (၂) ပဏ္ဍိတာနဉ္စ သေ၀နာ- ဥာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊ (၃) ပူဇာစ ပူဇနေယျာနံ- … Continue reading

Posted in ဆုံးမသြ၀ါဒများ | Tagged | Leave a comment

ဆရာတော် ဦးဇ၀န၏ အွန်လိုင်း မေးဖြေများ

 အရှင်ဇ၀နအား ကျမ မေးကြားထားသော မေးခွန်းများကို ဆရာတော်ဖြေကြားထားသည်များကို ဓမ္မအလှူဖြင့် မျှဝေ ပေးလိုက်ပါတယ်။ ဆရာတော့်ကို မေးချင်တဲ့မေးခွန်းများ၊ သိချင်တဲ့ ဓမ္မမေးခွန်းများရှိခဲ့သော်  www.mettashin.org မှာ admin@mettashin.org, nanhtike@mettashin.org , nanhtikewin@gmail.com ကို အီးမေလ် ပေးပို့နိုင်ပါတယ်။ ဆရာတော် မအားလပ်တဲ့ကြားထဲက မေးခွန်းများကို တစ်လ တစ်ခါ ပြန်လည်ဖြေကြားပေးတယ်လို့ သိရပါတယ်။   (ကျမတင်ထားခဲ့ပြီးသော် posts များတွင် အမှားများပါခဲ့သော် ကျမ၏အားနည်းချက်သာဖြစ်ပါတယ်။ ထို့ကြောင့် မေတ္တာရှေ့ထားပြီး အမှားကို အမှန်ပြင်နိုင်ရန် အချိန်မရွေး နေရာမရွေး … Continue reading

Posted in အတွေးအမြင်များ | Tagged | Leave a comment

အခြေခံအကျဆုံးစာအုပ်

အရှင်ဇ၀န မေတ္တာရှင် ညွှန်ကြားတော်မှုသော စာအုပ်များ – တရားစာပေတွေ ဖတ်ရှုလေ့လာသူတွေအတွက် အရင်ဦးဆုံးဖတ်သင့်တဲ့ အခြေခံအကျဆုံးစာအုပ် ဓမ္မာစရိယ ဦးမောင်မောင်လေး ဘာသာပြန်ထားတဲ့- (၁) အနှစ်ချုပ် သံယုတ္တနိကာယ်၊ (၂) အနှစ်ချုပ် အင်္ဂုတ္တရ နိကာယ်၊ (၃) အနှစ်ချုပ် ဒီဃနိကာယ်၊ (၄) အနှစ်ချုပ် မဇ္ဈိမနိကာယ် စတဲ့ စာအုပ်(၄)အုပ်ကို အရင်ဦးဆုံး ဖတ်သင့်ကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်။     မှတ်ချက်။ ဆရာတော် ညွှန်ကြားထားတဲ့စာအုပ်များကို အွန်လိုင်းမှာ ရှာလို့မတွေ့သေးပါဘူးရှင်။ သူငယ်ချင်း မိတ်ဆွေတို့မှာ ထိုစာအုပ်များရှိပါက ဓမ္မအလှူဖြင့် … Continue reading

Posted in ဓမ္မ စာအုပ်များ | Tagged | 1 Comment

သက်ရှည်ကျန်းမာ လေးဂါထာ

သက်တော်ရှည်စံကင်းဆရာတော်၏ သက်ရှည်ကျန်းမာ လေးဂါထာ ပထမ – အဋ္ဌာန မေတံ ဘိက္ခဝေ အန၀ကာသော ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။ ရဟန်းတို့ သူတစ်ပါး၏ လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိနြေ္ဒမှ ချခြင်းမည်သည် မဖြစ်နိုင်။ (လုပ်ကြံသတ်ဖြတ်၍ ရခြင်းဟူသည် မဖြစ်နိုင်ဟု ဆိုလို)  ရဟန်းတို့ ဘုရားရှင်တို့သည် သက်တမ်းအစဉ် အတိုင်းနေ၍ … Continue reading

Posted in ပါဠိ ဘာသာပြန် | Tagged | Leave a comment

သြကာသရှိခိုးခြင်း၏ အနက်အဓိပ္ပါယ်

သြကာသ၏ အဓိပ္ပါယ် သြကာသ သည် ကန်တော့ခွင့်ပြုဖို့ တောင်းပန်တာ။   အပါယ်လေးပါး သည် ငရဲ၊           = ဆင်းရဲခြင်းကင်းတယ်။ တိရစ္ဆာန်၊  = ကောင်းကင်ကိုကျောပေးသွားလာတတ်သော သတ္တ၀ါ ပြိတ္တာ၊  = အမြဲငတ်ပြတ်နေခြင်း။ အသူရကာယ် = ရဲရင့်ခြင်းကင်းတယ်။   ကပ်သုံးပါး ဒုဗ္ခိက္ခန္တရကပ် = ငတ်မွတ်ခေါင်းပါးခြင်းဘေး။ သတ္ထန္တရကပ် = လက်နက်ဘေး။ ရောဂန္တရကပ် = အနာရောဂါဘေး။   ရပ်ပြစ်ရှစ်ပါး ၁) ငရဲ၊ … Continue reading

Posted in ပါဠိ ဘာသာပြန် | Tagged | Leave a comment

ရေလှူဒါန်းခြင်း အကျိုး ၁၀ ပါး

ရေလှူဒါန်းခြင်း အကျိုး ၁၀ ပါး ၁) ခန္ဓာကိုယ်တစ်ခုလုံး အနာရောဂါကင်းပြီး သန့်ရှင်းစင်ကြယ်တယ်။ ၂) ထင်ရှားကျော်ကြားပြီး လူသိများတယ်။ ၃) တပည့်သားသမီးမိတ်ဆွေ အဖော်အခြံအရံများပြားတယ်။ ၄) လေးလံထိုင်းမှိုင်းခြင်းမရှိဘဲ လျှင်မြန်သွက်လက်တယ်။ ၅) အစာရေစာမွတ်သိပ်ဆာလောင်ခြင်းဘေးက အမြဲလွတ်ကင်းတယ်။ ၆) အသက်ရှည်တယ်။ ၇) အဆင်းလှတယ်။ ၈) ခန္ဓာကိုယ်က အမြဲတန်းအေးချမ်းနေတယ်။ ၉) ခွန်အားဗလကြီးတယ်။ ၁၀) ဉာဏ်ပညာကြီးမားတယ်။      

Posted in ကောက်နှုတ်မှုများ | Leave a comment

ဗုဒ္ဓေါ နုဿတိဘာဝနာ

ဗုဒ္ဓေါ နုဿတိဘာဝနာ အရဟံ = လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေ၏။ အရဟံ = ထောင့်ငါ့းရာ ကိလေသာ အကန့်အကွက်တို့ကို ပယ်ဖျက် သုတ်သင်တော်မူပါပေ၏။ အရဟံ = ဆိတ်ကွယ်ရာအရပ်၌သော်လည်း မကောင်းမှုကို ပြုတော်မမှုသော မြတ်စွာဘုရား။     ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿနကမ္ပတိ၊ အသောကံ ၀ိရဇံ ခေမံ။ (မင်္ဂလသုတ်ပရိတ် သုံးပုဒ်) လောကဓံတရားနှင့် ကြုံတွေ့ရတဲ့အခါ ရဟန္တာတို့ရဲ့စိတ်ဟာ တုန်လှုပ်ခြင်း မရှိဘူး။ သောကကင်းတယ်။ ကိလေသာဆိုတဲ့ … Continue reading

Posted in ပါဠိ ဘာသာပြန် | Tagged | Leave a comment