အဇ္ဈတ္တ အန္တရာယ်

အဇ္ဈတ္တ အန္တရာယ် ဆိုတာက – ဗုဒ္ဓသာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ကိုယ်တိုင်ပါပဲ။

သာသနာ့ဘောင်ဝင်လာပြီး စာပေလည်းမလုပ်၊ တရားလည်းမလုပ်ဘဲ၊ ဗေဒင်ဟော၊ ဆေးကု၊ ဓါတ်ရိုက်၊ ဂဏန်းပေး၊ စီးပွားရေးလုပ်နေကြမယ်ဆိုရင် သူတို့ကိုယ်တိုင်ရဲ့ သန္တာန်မှာ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သာသနာသုံးရပ်ကွယ်သွားပါပြီ။ သူတို့ကို ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေ သန္တာန်မှာလည်း သီလ၊ သမာဓိ၊ ပညာ သာသနာသုံးရပ် ထပ်ကွယ်ပြန်ပါတယ်။

 

ပါရာဇိကဏ်ပါဠိတော် စာမျက်မှာ ၁၄၇တွင်

ဂိဇ္ဈကုဋ်တောင်၌ အရှင်မဟာမောဂ္ဂလန်သည် ထူးထူးခြားခြားပြိတ္တာနှစ်မျိုး၏ ရှေးကံအကြောင်းကို မြတ်စွာဘုရားအားမေးခဲ့သည်။

ပထမပြိတ္တာသည် သင်္ကန်းဝတ်ပြိတ္တာများအားလုံး မီးလောင်နေသော သင်္ကန်းများကိုဝတ်ရုံထားကြရသည့်အပြင် မီးလောင်နေသောသပိတ်များကိုလည်း ပိုက်ထားကြရသည်။ မီးတရှိန်ရှိန်တောက်လောင်နေသော သင်္ကန်းနှင့် သပိတ်များကိုလည်း ချွတ်ပစ်၍မရ၊ ချပစ်၍မရနှင့် ပူလောင်သည့်ဒဏ်ကို အလူးအလဲခံစားရကာ မရပ်မနားပြေးလွှားနေကြရသည်။ ထိုအချိန်မှာပင် ကောင်းကင်မှ ပေါ်လာကြသော လူ့ခန္ဓာကိုယ်လောက်ကြီးမားထွားကြိုင်းသည့် ကျီးနှင့် ဠင်းတများသည် သင်္ကန်းဝတ်ပြိတ္တာများ၏ ပြောင်နေသောဦးခေါင်းများကိုနှုတ်သီးများဖြင့် ထိုးဖောက်ကာ ဦးနှောက်များကို ကုန်သည်အထိ နှိုက်စားရသည်။ ဦးနှောက်များကုန်သည့်အခါ လဲကျသေဆုံးသည်။ အကုသိုလ်ကံ မကုန်သေးသောကြောင့် တဖန်ချက်ချင်းအသက်ပြန်ရှင်ကာ ယခင်အတိုင်း ဆက်လက်ခံစားနေရသည်။

ဗုဒ္ဓဟောပြောပြရာမှာ – ပထမပြိတ္တာများသည် ကဿပဘုရားလက်ထက်က ရဟန်းသာမေဏများဖြစ်ပြီး စာပေအလုပ်။ တရားဘ၀နာအလုပ် တစ်ခုမှမလုပ်ဘဲ သာသနာ့ဘောင်တွေအချောင်နေခဲ့သည်။ ပေစ္စဝေက္ခဏာ မဆင်ခြင်ဘဲ ပစ္စည်းလေးပါကို သုံးစွဲခဲ့ကြသည်။ ဣဏပရိဘောဂ – အကြွေးစားသုံးခြင်း။ သာသနာဒာအပေါ်၊ ဒကာ ဒကာမ အပေါ်မှာ တင်ခဲ့သောအကြွေးတည်း။ ထို့ကြောင့် ယခုဘ၀တွင် ခန္ဓာဖြင့် လာဆပ်နေရခြင်းဖြစ်သည်။

ဒါကြောင့် သာသနာသည် အပြင်က ဘယ်လောက်ဖျက်သော်ငြားလည်း မပျက်ပေ။  အတွင်းက ၀င်ဖျက်မှ ပျက်ပါတယ်။

အိန္ဒိယမှာ သာသနာကွယ်ခြင်း အကြောင်းသည် သာသနာ့ဝန်ထမ်းရဟန်းတွေ ကိုယ်တိုင်က စာပေ၊ တရားတစ်ခုမှ မလုပ်ကြတော့ဘဲ လောကီလိုင်းတွေ လိုက်ကုန်လို့ပါ။

 

တခါက – အရှင်မဟာကဿပ က မြတ်စွာဘုရားကို မေးလျှောက်ခဲ့ပါတယ်။ (မှ – နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်၊ သဒ္ဓမ္မပဋိရူပကသုတ်၊ ၄၄၂ )

“မြတ်စွာဘုရား ရှေးအခါက ၀ိနည်းပညတ်များ နည်းပါးသော်လည်း တရားထူးရသည့် ပုဂ္ဂိုလ်များ များပြားကြပါတယ်။ ယခုအခါ ၀ိနည်းပညတ်များ များပြားသော်လည်း အဘယ်ကြောင့် တရားထူးရသည့် ပုဂ္ဂိုလ်များ  နည်းပါးလာရပါသနည်း ဘုရား။”

ဗုဒ္ဓက – “လူတို့သက်တမ်းတို၍ သာသနာကွယ်လုတတ်သော် ဤသို့ဖြစ်မြဲပင်။ လောက၌ ရွှေအတုအပေါ်သေးသမျှ ရွှေအစစ်အကွယ်သကဲ့သို့ တရားအတုမပေါ်သေးသမျှ တရားစစ်များ မကွယ်ပသေး။  စင်စစ် ဝေဟပ္ပိုလ်ဗြဟ္မာပြည်တိုင်အောင် ကမ္ဘာကိုပျက်ဆီးနိုင်သော မြေ၊ ရေ၊ လေ၊ မီး အင်အားအကြီးမားဆုံးသော ဓါတ်ကြီးလေးပါးတို့ပင်လျင် ဤသာသနာတော်ကို မဖျက်ဆီ၊ မကွယ်ပနိုင်။

သာသနာတော်ကို ဖျက်ဆီးဖျောက်ကွယ်မည့် အချည်းနှီးသောယောကျာ်းကား (သံကို သံဖျက် သံချေးတက် ဟူသကဲ့သို့ အဋ္ဌကထာ) ဤသာနာဘောင်အတွင်း၌ပင် ရှိနေ၏။ သိက္ခာပုဒ်၊ ပညတ်ချက်တို့ များပြားသော်လည်း ကုန်စည်ဝန်ထုတ်များကို သယ်ဆောင်ရသော လှေသည်ဝန်များ၍ နစ်မြှုပ်သကဲ့သို့ မဟုတ်ချေ။

ရတနာသုံးပါး သိက္ခာ၊ သမာဓိတရားတို့၌ လေးစားတုပ်ပျက်မှု မရှိခြင်း တို့ကြောင့် သာသနာသက်လျော့ကွယ်ပျောက်ရချေသည်။”

 

သာသနာကွယ်ခြင်း အကြောင်း (၅) မျိုး”
 
ဗုဒ္ဓဘာသာဝင်အားလုံး

၁) ရတနာသုံးပါး  ၌ မရိုသေ မလေးစားခြင်း၊

၂) ကိုယ်ကျင့်တရား  ၌ မရိုသေ မလေးစားခြင်း၊

၃) ၀ိပဿနာ  ၌ မရိုသေ မလေးစားခြင်း၊

၎) ပဋိသန္ဓာရ (တရားဖြင့် ပစ္စည်းဖြင့် အစေ့အစပ် လိုက်လျောညီထွေပြုမှုခြင်း)
   အမှု၌ မရိုသေ မလေးစားခြင်း၊

၅) တစ်ဦးနှင့် တစ်ဦး အရိုအသေတန်ခြင်း။

                                            (အဂုင်္တ္တိုရ်ပါဠိတော် ပဉ္စကနိပါတ၊ ကိမိလသုတ္တ)

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s