Monthly Archives: September 2009

ဇောစေတနာ (၇) ချက် အကျိုးပေးပုံ

ဇောစေတနာ (၇) ချက် ကုသိုလ်လုပ်သည်ဖြစ်ဖြစ်၊ အကုသိုလ်လုပ်သည်ဖြစ်ဖြစ် ဇေစေတနာ (၇)ချက်ကို သိရန် လိုအပ်ပါတယ်။ ဇောစေတနာ (၇) ချက်ကို သေချာမသိပါက မိစ္ဆာဒိဋ္ဌိဖြစ်သွားရပေမည်။ ပထမဇော (ဒိဋ္ဌဓမ္မဝေဒနိယကံ) သည်  ပထမဘ၀ (ယခုဘ၀) တွင် ကောင်းကျိုး၊ မကောင်းကျိုးပေးသည်။ ထိုကံ၏သတ္တိသည် ၇ရက်၊ ၇လ၊ ၇နှစ် အတွင်း အကျိုးပေးခွင့်မရပါက အဟောသိကံ ဖြစ်သွား၏။ ကံသတ္တိအားနည်းသောကြောင့် ဖြစ်သည်။ ယခုဘ၀တွင် ကောင်းကျိုး၊ မကောင်းကျိုး မပေးသော် သတ္တမဇော (ဥပပဇ္ဇဝေဒနီယကံ) က ဒုတိယဘ၀ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | 2 Comments

လူလေးမျိုးနှင့် ကံ အကျိုးပေးပုံ

“လူလေးမျိုး”   ၁) လူ့ငရဲသား    – ငရဲသို့ကျရောက်နေကြသောသူများသည် ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ အားထုတ်ခွင့်မရဘဲ၊ နှိပ်စက်ညှင်းပန်းမှုကို စက္ကန့်မလပ် ခံနေကြရသကဲ့သို့ တချို့လူကာ်း ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ အားထုတ်ခွင့်မရဘဲ၊ သတ်မှု၊ ခိုးမှု စသည်များကြောင့် နေ့စဉ် ဆင်းရဲနှိပ်စက်ခြင်း ခံရသော သူများကို ခေါ်သည်။                        ၂) လူ့တိရစ္ဆာန်   – တိရစ္ဆာန်များသည် ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ မပြုလုပ်ဘဲ အိပ်၊ စား၊ ကာမ သုံးမျိုးကိုသာ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

အဟောင်းစားသော သူဋ္ဌေးကြီး

ဗုဒ္ဓလက်ထက်က – ကျောင်းဒကာမကြီး ၀ိသာခါသည် (၇)နှစ် သမီးအရွယ်ကတည်းက သောတပန်တည်ခဲ့သည်။ သို့ပေမယ့် တိတ္တိဆရာတွေကိုကိုးကွယ်သော သူဌေးကြီး မိဂါရ၏သား ပုဏ္ဏ၀ဎုနနှင့် အိမ်ထောင်ကျခဲ့ရသည်။ ၀ိသာခါသည် ယောက္ခမကြီး မိဂါရနှင့်သူ့သားတို့အား အမြင်မှန်ရစေရန် အမြဲတန်းစဉ်းစားနေခဲ့သည်။ တစ်နေ့ မိဂါရသူဌေးကြီးထမင်းစားနေစဉ် ၀ိသာခါကအနားမှာထိုင်၍ ယပ်ခတ်ပေးနေစဉ် ရဟန်းတော်တစ်ပါး မိဂါရ၏အိမ်ရှေ့တွင် ဆွမ်းရပ်လေ၏။ ဗုဒ္ဓဘာသာအိမ်ထင်ရင် ရပ်ခြင်းသာဖြစ်သည်။ မိဂါရကား မသိချင်ယောင် မမြင်ချင်ယောင်ဆောင်ကာ ထမင်းကိုသာ ဆက်စားနေသည်။ တကယ့်ဆွမ်းကို လောင်းလှူဖို့နေနေသာသာ ကန်တော့ဆွမ်းကိုပင် လောင်းလှူခြင်းမရှိခဲ့ပါ။ ထိုအခါ သွက်လက်ချက်ခြာသော ၀ိသာခါက ရဟန်းတော်ဘက်လှည့်ကာ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ကံ အကြောင်း

ခုခေတ်တွင် ဗုဒ္ဓဘာသာအများစုသည် ကံ ကံ၏အကျိုးကို မယုံကြည်။ ဥပမာ – အဆင်မပြေမှု နည်းနည်းကြုံတာနဲ့ ဗေဒင်ဆရာစီပြေးကြ၊ ယတြာချေ၊ နတ်ပွဲပေး…. စသည်ဖြင့် ကျမတို့လက်လှမ်းမမှီနိုင်လောက်အောင် များပြားလွန်းကြပါတယ်။ ထို့ပြင် သူများတွေမကောင်းတာလုပ်ပြီး ကောင်းစားနေကြတာ၊ ကောင်းမှုတွေလုပ်ပြီး ပိုပြီးမကောင်းမှုတွေကို ခံစားနေတာကိုကြည့်ပြီး ကံကံ၏အကျိုးအပေါ်မှာ သက်ဝင်ယုံကြည်မှု နည်းပါးလာတာကို သတိပြုမိပါတယ်။ ဒီလိုအားနည်းလာတာဟာ ကံ၏အကျိုးပေးပုံကို နားမလည် မသိကြလို့ပါ။ အပေါ်ယံအားဖြင့် ဒါတွေဟာ မကြီးမားဘူးလို့ထင်ရပေမယ့် တကယ်တမ်းတော့ ဒီလို ကံ ကံ၏အကျိုးအပေါ်မှာ သက်ဝင်ယုံကြည်မှုနည်းပါးလာပြီး ဗေဒင်၊ ယတြာ၊ နတ် … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

သာသနာနှင့် ဂန္ဓာရပညာ

ဗုဒ္ဓသာသနာကို ညှိုးမှိန်ကွယ်ပျောက်စေနိုင်သော အညစ်အကြေးများမှာ – ၁) ဂန္ဓာရပညာ တန္တရအနွယ်ဝင် အရည်းကြီး ၂) နက္ခတ်ဗေဒင် ၃) နတ်ကိုးကွယ်မှု   ၁) တန္တရအနွယ်ဝင် အရည်းကြီးတို့၏ အလေ့အကျင့်များမှာ – ထိမ်းမြားမင်္ဂလာပြုအံ့သော အမျိုးသမီးတို့၏ပန်းဦးလွှတ်ခြင်းဟူသော အပူဇော်ကိုခံယူခြင်း၊ – မြင်းမွေးခြင်း၊ မြင်းစေီးခြင်း၊ လက်ဝှေ့သတ်ခြင်း၊ – စုန်းကဝေ အတတ်တို့ကို လေ့လာခြင်း၊ – ဗေဒင်ဟောခြင်း၊ – ဆေးကုသခြင်း၊ – နတ်ပူဇော် ပသခြင်း၊ – ၀ိဇ္ဇာမဟိဒ္ဓိ (ခေါ်) ထွက်ရပ်လမ်းကိုလိုက်ခြင်း … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

ပူဇော်ခြင်း ၂ မျိုး

ဗုဒ္ဓကို ပူဇော်ခြင်း ၂ မျိုး ရှိပါတယ်။ အာမိသပူဇာ – ဆွမ်း သင်္ကန်း ကျောင်း ဆေး ပန်း နံ့သာပြောင်း။ ဓမ္မပူဇာ – မဂ်ဖိုလ်ရကြောင်း ၀ိပဿနာတရားကို နာကြားအားထုတ်ခြင်း။ ဒီ ၂ မျိုးမှာ ဗုဒ္ဓက ဓမ္မနဲ့ပူဇော်တာကို ပိုနှစ်သက်တော်မူပါတယ်။ သာဓကအားဖြင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး ရဟန်းရှင်လူ နတ်ဗြဟ္မာ အားလုံးနီးပါး  ဘုရားရှင်နားမှာ လိုအပ်သမျှအနီးကပ်ပြုစုကြပါတယ်။ ထူးခြားတာတစ်ခုက အဲ့ဒီပရိသတ်ထဲမှာ အတ္တဒတ္တထို့ အမည်ရှိတဲ့ ရဟန်းတစ်ပါး မပါ ပါဘူး။ ဒါကို … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | 2 Comments

ဆင်းတုတော်ကိုးကွယ်ရခြင်းနှင့် ရှောင်ကြဉ်ရန်အချက်များ

ဆင်းတုတော်ကိုးကွယ်ရခြင်း၏အကြောင်းရင်း ဗုဒ္ဓ၀ါဒီတို့သည် လောကီစီးပွားရေး (သို့) စိတ်ပိုင်းဘ၀ရေးရာ ညှာတာဖေးမှုတို့အတွက် မျှော်လင့်ချက်ဖြင့် ရုပ်တုဆင်းတုကို ကိုးကွယ်ဆည်းကပ်ခြင်းမဟုတ်ဘဲ ယင်းရုပ်တုဆင်းတုက သက်တော်ထင်ရှားမြတ်စွာဘုရားကို အရိုအသေပြုကြခြင်းသာဖြစ်သည်။ ဆင်းတုတော်အား ပန်းများ အမွှေးတိုင်များ ပူဇော်ခြင်းမှာ မိမိအနေဖြင့် သက်တော်ထင်ရှားမြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ရှိနေသည်ဟု မိမိကိုယ်ကိုခံစားနိုင်စေရန် တမင်ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုမှတဆင့် ဗုဒ္ဓ၏မြင့်မြတ်သော ဥပဓိရုပ်သွင်မှ စိတ်ဓါတ်ခွန်အား ရရှိလျက် ဗုဒ္ဓ၏ အနှိုင်းမဲ့ မဟာကရုဏာကို နက်ရှိုင်းစွာ ခံစားခြင်းဖြစ်သည်။ ယင်းဗုဒ္ဓ၀ါဒီသည် ဗုဒ္ဓ၏မြင့်မြတ်သည့် စံစနမူကို လိုက်နာကျင့်သုံးသည်။ မဟာဗောဓိပင်လည်း ဗောဓိဉာဏ်၏ အထိမ်းအမှတ်ပင်ဖြစ်သည်။ ယင်း ပြင်ပကိုးကွယ်ခံအရာဝတ္ထုများမှာ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment