Monthly Archives: April 2013

ဘ၀ဆက်တိုင်း……

လင်နှင့် မယားဝတ္တရား *************** http://www.worldofwisdom.asia/2013/04/blog-post_14.html လောကမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထက်ထိမ်းမြားကြားတဲ့အခါ ဘဝတစ်လျှောက် ခရီှးရှည်ကြီး သွားရတဲ့အခါ အချင်းချင်း အတွဲညီဖို့လိုပါတယ်။ ယခုဘဝမှာလည်း စိတ်ချမ်းသာစွာပေါင်းသင်းဆက်ဆံ လိုတယ်။ နောင်ဘဝတစ်လျှောက်မှာလည်း ပေါင်းသင်းဆက်ဆံလိုတယ်။သံသရာတစ်လျှောက် ဘဝများစွာ ပေါင်းသင်းဆက်ဆံပြီး အဆုံးဘဝထိလက်တွဲပြီး နိဗ္ဗာန်စံဝင်ချင်တယ်ဆိုတဲ့ ဇနီးမောင်နှံများအတွက် အောက်ပါအချက်လေးများကို ဂရုတစိုက် အလေးအနက်ထားဖို့လိုပါတယ်။အိမ်ထောင်ရေးမှာ အတွဲအားဖြင့် လေးတွဲရှိပါတယ်။ အဲဒါကဘာတွေလဲလို့ဆိုတော့ ၁။လူသေယောင်္ကျားနှင့်လူသေမိန်းမအတွဲ ဆိုလိုတာက ယောင်္ကျားဖြစ်သူကသီလမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ သဒ္ဓါတရားမရှိသလို မိန်းမဖြစ်သူကလည်း သီလမရှိ၊ ကိုယ်ကျင့်တရားမကောင်း၊ သဒ္ဓါတရားမရှိတဲ့ ဇနီးမောင်နှံအတွဲကို လူသေယောင်္ကျားနှင့် … Continue reading

Posted in လောကနိတိ | Leave a comment

ဇနီးကျင့်ဝတ် (၅) ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။ (၁) အိမ်တွင်းအမှုလုပ်ငန်းများကို လုပ်ကိုင်စီမံခြင်း၊ (၂) ခင်ပွန်းအပ်နှင်းသော ဥစ္စာပစ္စည်းများကို စနစ်တကျ သေသေချာချာ သိမ်းဆည်းထားခြင်း၊ (၃) မိမိခင်ပွန်းမှတပါး အခြားယောကျာ်းများနှင့် မဖောက်ပြန် မမှားယွင်းခြင်း၊ (၄) မိမိဘက်ဆွေမျိုး၊ ခင်ပွန်းဘက်ဆွေမျိုးများကို မျှမျှတတ ဝေငှပေးကမ်းခြင်း၊ (၅) လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် မပျင်းရိဘဲ လုံ့လ၀ီရိယရှိခြင်း။

Posted in လောကနိတိ | Leave a comment

ခင်ပွန်းကျင့်ဝတ် (၅)ပါး

မထီမဲ့ကင်း အပ်နှင့်း ဥစ္စာ မိစ္ဆာ မမှား ၀တ်စားဆင်ယင် မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ။ မိမိဇနီးအား မထီလေးစား မပြုခြင်း။ မိမိရှာဖွေရသမျှ ဥစ္စာများကို ပေးအပ်ခြင်း၊ အခြားမိန်းမများနှင့် ဖောက်ပြားကျူးလွန်မှု မရှိခြင်း၊ အ၀တ်အစားများကို ၀ယ်ခြမ်းဆင်ယင်ပေးခြင်း မြတ်နိုးကြင်နာခြင်း။ (လောကနီတနှင့် သိဖွယ်မှတ်ရာများ စာအုပ်မှ-)

Posted in လောကနိတိ | Leave a comment

တပည့်ကျင့်ဝတ် (၅) ပါး

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူ ကြိုဆီး၊ ထံနီး လုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ် မချွတ်ငါးခုသာ။ ၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ နာယူမှတ်သားခြင်း၊ ၂) ဆရာလာသောအခါ ညီညီညာညာ မတ်တပ်ရပ်၍ ခရီးဦး ကြိုဆိုခြင်း၊ ၃) ဆရာထံပါး ဆည်းကပ်ခစားခြင်း (ထံနီး) ၄) ဆရာ၏ ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးခြင်း (လုပ်ကျွေး) ၅) ဆရာ သင်ပြပြီးသော သင်ခန်းစာများကို ကြံစည် တွေးတော သင်အံ လေ့ကျင့် နှုတ်တက်ရအောင် ရွတ်ဆိုခြင်း။

Posted in လောကနိတိ | Leave a comment

ဆရာကျင့်ဝတ် (၅) ပါး

အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။ ၁) အသိပညာ အတတ်ပညာများကို သင်ကြားပြသပေးခြင်း။ ၂) လိမ္မာယဉ်ကျေးအောင် ပြုပြင် ဆုံးမ တည့်မတ်ပေးခြင်း၊ ၃) မိမိတတ်သိသမျှကို အကြွင်းမရှိ သင်ပြပေးခြင်း၊ ၄) တပည့်များ ဘေးရန်ကင်းရှင်းအောင် ကြိုတင်တားဆီးကာကွယ်ပေးခြင်း၊ ၅) မိမိထက်ပို၍ သင်ပြပေးနိုင်မည့် ဆရာကောင်းထံ အပ်နှံပေးခြင်း၊ ပညာတတ်ပြီးသူများကို သင့်ရာအလုပ်ဌာန၌ ဆက်သွယ်အပ်နှံပေးခြင်း။

Posted in လောကနိတိ | Leave a comment

သားသမီးကျင့်ဝတ် (၅) ပါး

ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ၊ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။ ၁) မိဘတို့ကို လုပ်ကျွေးခြင်း၊ ၂) မိဘတို့၏ အမှုကိစ္စများကို ဆောင်ရွက်ခြင်း၊ ၃) မိဘစကားကို နားထောင်၍ မိဘအမွေကို ခံထိုက်အောင်နေခြင်း၊ (မိဘစကား၊ နားမထောင်ငြား၊ အမွေစား မဖြစ်ထိုက်ပါ။) ၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ်ပြီး အမျှပေးဝေခြင်း၊ ၅) မိဘတို့၏ အမျိုးအနွယ်၊ လူမျိုး။ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းခြင်း။

Posted in လောကနိတိ | Leave a comment

မိဘကျင့်ဝတ် (၅) ပါး

မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။ ၁) မကောင်းမှုများကို သားသမီးတို့ မပြုရန် တားမြစ်ခြင်း၊ ၂) ကောင်းသော အကြံ၊ မှန်သောစကား၊ အကျိုးများသော အလုပ်ကို ကြံစည် ပြောဆို လုပ်ကိုင်တတ်ရန် ညွှန်ပြခြင်း၊ ၃) အတတ်ပညာ သင်ကြားပေးခြင်း၊ ၄) ရင်းနှီးလုပ်ကိုင်နိုင်ရန် ငွေပေးဝေခြင်း၊ ၅) အရွယ်ရောက်လျှင် လက်ထပ်ထိမ်းမြားပေးခြင်း။

Posted in လောကနိတိ | Leave a comment

မိတ်ဆွေကျင့်ဝတ် (၅)ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။ ၁။ မိမိတတ်နိုင်သလောက် ပေးကမ်းထောက်ပံ့ခြင်း။ ၂။ ကိုယ်နှင့် တန်းတူထား၍ ဆက်ဆံခြင်း၊ ၃။ နှစ်ဦးနှစ်ဝ အကျိုးရှိရန် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ၄။ စိတ်ကောင်းထား၍ ချိုသာပြေပြစ်စွာ ပြောဆိုခြင်း၊ ၅။ ကတိသစ္စာ တည်ကြည်စွာဖြင့် ဆက်ဆံလုပ်ကိုင်ခြင်း။

Posted in လောကနိတိ | Leave a comment

ငါ အိုသွားသောအခါ

ငါ အိုသွားသောအခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ၊ အင်္ကျီ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကို မရွံ့ပါနဲ့။ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတတော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို … Continue reading

Posted in လောကနိတိ | Leave a comment

ကိုယ်နှင့် ကိုယ်သာပြိုင်

အပြိုင်အဆိုင် လောကကြီးမှာ ရောက်နေတော့ ကိုယ်လည်း ပြိုင်ပွဲဝင်နေရမှာပဲ။ ပြိုင်တဲ့အခါ ပြိုင်တတ်ဖို့ လိုတယ်။ မနေ့က ငါ၊ ဒီနေ့ ငါ မှန်စက် ငါ၊ ဒီနှစ် ငါ ပိုတော်လာအောင် ပြိုင်ရမယ်။ သူများနဲ့ မပြိုင်နဲ့။ ကိုယ်နဲ့ ကိုယ်သာပြိုင်။ (ဓမ္မဒူတဆရာတော်ကြီး)

Posted in လကာၤမ်ား | Leave a comment