Author Archives: mettayate

လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက်

လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက် ၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။ ၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။ ၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။ ၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ် ကြောင့်ဖြစ်သည်။ ၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။ … Continue reading

Posted in အဆိုအမိန့်များ | Leave a comment

“ ကိုယ့်အလုပ်ကိုယ်လုပ် ”

“ ကိုယ့်အလုပ်ကိုယ်လုပ်  ” ~~~~~~~~~~~~~~~ “ မလိုမုန်းထားသူတွေရဲ့ ဆန့်ကျင်ဘက်   အပြစ်ဖွဲ့စကားတွေကို မကျေမနပ်စိတ်နဲ့… တေးမှတ် ကြည့်ရှုမနေပါနဲ့။ သူတစ်ပါးတို့-ကောင်းတာလုပ်ပြီးပြီလား၊ မကောင်းတာ ရှောင်ပြီးပြီလား၊  ဆိုတာတွေကိုလည်း အလုပ်တစ်ခုလုပ်ပြီး  ဂရုစိုက်ကြည့်ရှုမနေပါနဲ့။ ကိုယ်ကောင်းတာ လုပ်ပြီးပြီလား၊ ကိုယ်မကောင်းတာ ရှောင်ပြီးပြီလား၊  ဆိုတာကိုပဲ အမြဲမပြတ်  ကြည့်ရှုဆင်ခြင်စမ်းပါ။ ” ” န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။    အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိ စ။  – (ပုပ္ဖ၀ဂ်၊ ပါဝေဃျအာဇိဝက၀တ္ထု၊ … Continue reading

Posted in အဆိုအမိန့်များ | Leave a comment

ဘ၀ဆက်တိုင်း……

လင်နှင့် မယားဝတ္တရား *************** http://www.worldofwisdom.asia/2013/04/blog-post_14.html လောကမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထက်ထိမ်းမြားကြားတဲ့အခါ ဘဝတစ်လျှောက် ခရီှးရှည်ကြီး သွားရတဲ့အခါ အချင်းချင်း အတွဲညီဖို့လိုပါတယ်။ ယခုဘဝမှာလည်း စိတ်ချမ်းသာစွာပေါင်းသင်းဆက်ဆံ လိုတယ်။ နောင်ဘဝတစ်လျှောက်မှာလည်း ပေါင်းသင်းဆက်ဆံလိုတယ်။သံသရာတစ်လျှောက် ဘဝများစွာ ပေါင်းသင်းဆက်ဆံပြီး အဆုံးဘဝထိလက်တွဲပြီး နိဗ္ဗာန်စံဝင်ချင်တယ်ဆိုတဲ့ ဇနီးမောင်နှံများအတွက် အောက်ပါအချက်လေးများကို ဂရုတစိုက် အလေးအနက်ထားဖို့လိုပါတယ်။အိမ်ထောင်ရေးမှာ အတွဲအားဖြင့် လေးတွဲရှိပါတယ်။ အဲဒါကဘာတွေလဲလို့ဆိုတော့ ၁။လူသေယောင်္ကျားနှင့်လူသေမိန်းမအတွဲ ဆိုလိုတာက ယောင်္ကျားဖြစ်သူကသီလမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ သဒ္ဓါတရားမရှိသလို မိန်းမဖြစ်သူကလည်း သီလမရှိ၊ ကိုယ်ကျင့်တရားမကောင်း၊ သဒ္ဓါတရားမရှိတဲ့ ဇနီးမောင်နှံအတွဲကို လူသေယောင်္ကျားနှင့် … Continue reading

Posted in လောကနိတိ | Leave a comment

ဇနီးကျင့်ဝတ် (၅) ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။ (၁) အိမ်တွင်းအမှုလုပ်ငန်းများကို လုပ်ကိုင်စီမံခြင်း၊ (၂) ခင်ပွန်းအပ်နှင်းသော ဥစ္စာပစ္စည်းများကို စနစ်တကျ သေသေချာချာ သိမ်းဆည်းထားခြင်း၊ (၃) မိမိခင်ပွန်းမှတပါး အခြားယောကျာ်းများနှင့် မဖောက်ပြန် မမှားယွင်းခြင်း၊ (၄) မိမိဘက်ဆွေမျိုး၊ ခင်ပွန်းဘက်ဆွေမျိုးများကို မျှမျှတတ ဝေငှပေးကမ်းခြင်း၊ (၅) လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် မပျင်းရိဘဲ လုံ့လ၀ီရိယရှိခြင်း။

Posted in လောကနိတိ | Leave a comment

ခင်ပွန်းကျင့်ဝတ် (၅)ပါး

မထီမဲ့ကင်း အပ်နှင့်း ဥစ္စာ မိစ္ဆာ မမှား ၀တ်စားဆင်ယင် မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ။ မိမိဇနီးအား မထီလေးစား မပြုခြင်း။ မိမိရှာဖွေရသမျှ ဥစ္စာများကို ပေးအပ်ခြင်း၊ အခြားမိန်းမများနှင့် ဖောက်ပြားကျူးလွန်မှု မရှိခြင်း၊ အ၀တ်အစားများကို ၀ယ်ခြမ်းဆင်ယင်ပေးခြင်း မြတ်နိုးကြင်နာခြင်း။ (လောကနီတနှင့် သိဖွယ်မှတ်ရာများ စာအုပ်မှ-)

Posted in လောကနိတိ | Leave a comment

တပည့်ကျင့်ဝတ် (၅) ပါး

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူ ကြိုဆီး၊ ထံနီး လုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ် မချွတ်ငါးခုသာ။ ၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ နာယူမှတ်သားခြင်း၊ ၂) ဆရာလာသောအခါ ညီညီညာညာ မတ်တပ်ရပ်၍ ခရီးဦး ကြိုဆိုခြင်း၊ ၃) ဆရာထံပါး ဆည်းကပ်ခစားခြင်း (ထံနီး) ၄) ဆရာ၏ ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးခြင်း (လုပ်ကျွေး) ၅) ဆရာ သင်ပြပြီးသော သင်ခန်းစာများကို ကြံစည် တွေးတော သင်အံ လေ့ကျင့် နှုတ်တက်ရအောင် ရွတ်ဆိုခြင်း။

Posted in လောကနိတိ | Leave a comment

ဆရာကျင့်ဝတ် (၅) ပါး

အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။ ၁) အသိပညာ အတတ်ပညာများကို သင်ကြားပြသပေးခြင်း။ ၂) လိမ္မာယဉ်ကျေးအောင် ပြုပြင် ဆုံးမ တည့်မတ်ပေးခြင်း၊ ၃) မိမိတတ်သိသမျှကို အကြွင်းမရှိ သင်ပြပေးခြင်း၊ ၄) တပည့်များ ဘေးရန်ကင်းရှင်းအောင် ကြိုတင်တားဆီးကာကွယ်ပေးခြင်း၊ ၅) မိမိထက်ပို၍ သင်ပြပေးနိုင်မည့် ဆရာကောင်းထံ အပ်နှံပေးခြင်း၊ ပညာတတ်ပြီးသူများကို သင့်ရာအလုပ်ဌာန၌ ဆက်သွယ်အပ်နှံပေးခြင်း။

Posted in လောကနိတိ | Leave a comment