Daily Archives: October 17, 2009

ခန္ဓာမှာအနှစ်ရှာ သီလပါ

ရှေးကနဦးအခါက လူအပေါင်းတို့သည် သက်ရှိသတ္တ၀ါတို့ကို မသတ်ဖြတ်ကြ။ အသားကိုလည်း မစားကြ။ ဥက္ကာကရာဇ်မင်း လက်ထက်မှစ၍ သတ်ဖြတ်စားသောက်လာခဲ့သည်မှာ ယနေ့လက်ထက်တိုင်ပင်။ တိရစ္ဆာန်တို့၏ အသားကိုစားသုံးသည့်အချိန်မှစ၍ လူ့လောကကြီးကို စောင့်ရှောက်ခဲ့ကြသော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တို့သည် ရှောင်လွှဲစွန့်ခွာသွားကြတော့သည်။ ထိုအခါမှစ၍ လူတို့အပေါ်ရောဂါဘေးဘယာ အမျိုးမျိုးအထွေထွေ ဖိစီးနှိပ်စက်လာတော့သည်။                               (အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်)   တယောရောဂါ ပုရေအာသုံ၊ ဣစ္ဆာအန သနံဇရာ။ ပသုနဉ္စ သမာရမ္တာ အဌန၀ုတိ အာဂမုံ။ လောက၌ အသားစားသူတို့မရှိမီက ၁) မိမိ၌မရှိသေးသော ဥစ္စာဓနကို လိုချင်တောင့်တခြင်း၊ ၂) … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

လောကကြီးငြိမ်းချမ်းစေချင်ရင်

ဓမ္မနှင့် အဓမ္မစစ်ပွဲ လောက၌ ပုဂ္ဂိုလ်လည်းရှိ၏။ သတ္တ၀ါလည်းရှိ၏။ စစ်ခင်းမှုလည်းရှိ၏။ ထို့ကြောင့် လောကနှင့်ပတ်သက်လျှင် အထူးဆိုဘွယ်ရှိ၏။  အမှန်အားဖြင့် မြတ်စွာဘုရား၏ အလိုတော်အရ လူတိုင်းတွင် အနစ်နာခံဖို့ တာဝန်လည်းရှိ၏။ သူတစ်ပါးအကျိုးကို ဆောင်ရွက်ဖိုပလည်း တာဝန်လည်းရှိ၏။ ထိုတာဝန်နှစ်ရပ်ကို မိမိတို့စွမ်းနိုင်သမျှ ဆောင်ရွက်မှသာ လောက၌ ဓမ္မကြီးစိုး၍ လောကသည် ငြိမ်းချမ်းမည် ဖြစ်၏။   လောက၌ မည့်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါဖြစ်ဖြစ် မိမိတို့၏ဘ၀ကို တည်ငြိမ်စေချင်ကြသည်ချည်း ဖြစ်၏။ ဘ၀တည်ငြိမ်ဖို့အတွက် လောကတည်ငြိမ်ဖို့လို၏။ လောကတည်ငြိမ်ဖို့အတွက် လောကစစ်မြေပြင်တွင် ဓမ္မအင်အားစုများက အဓမ္မအင်အားစုများအပေါ် အနိုင်ရဖို့လို၏။  … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ဒုစရိုက် ၁၀ ပါး

ကာမ ဒုစရိုက် ၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း၊ ၂) အဒိန္နာဒါန = သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ ၃) ကာမေသုမိစ္ဆာစာရ =သူတစ်ပါးသားမယားကို ပြစ်မှားခြင်း။   ၀စီဒုစရိုက် ၄) မုသာဝါဒ = လိမ်ညာပြောခြင်း၊ ၅) ပိသုဏ၀ါစာ = ကုန်းတိုက်စကားပြောခြင်း၊ ၆) ဖရူသ၀ါစာ = ရုန့်ရင်းကြမ်းတမ်းသော စကားကိုပြောခြင်း၊  ၇) သမ္မပ္ပလာပ = အကျိုးမရှိသော စကားကိုပြောခြင်း။   မနောဒုစရိုက် ၈) အဘိဇ္ဈာ = … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ကမ္ဘာတွင် သူခိုးမရှိခဲ့သော နိုင်ငံ

ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံပင်။ ထိုစကားကိုပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏၀ိပဿနာတရားတော်များကို ကမ္ဘာသို့ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစသည်။ အရောင်းအ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာအနှ့ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချနေထိုင်ခဲ့သည်။ ထိုချိန်က အထက်မြန်မာပြည်သည် မြန်မာဘုရင်၏လက်ထဲမှာသာ ရှိသေးသောကြောင့် သူခိုး လူလိမ်ဆိုသည်မှာ ချိုနှင့်လားဟု မေးရလောက်အောင် မြန်မာတိုင်းစာရိတ္တသတ္တိ အပြည့်ရှိနေချိန် ဖြစ်ပါ၏။ ထိုသူသည် ကုန်သည်ကြီးတစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

အသေမြတ်ချင် သေနည်းသင်

ဗုဒ္ဓက – “အထခေါ ပရိမောဏေသု စက္က၀ါဠေသု တီသုဘဝေသု အမရဏဓမ္မောနာမ နတ္ထိ၊ တဗ္ဘာဝေနေ၀ ဌာတုံသမတ္ထော ဧကသင်္ခါရောပိ သဿတောနမ နတ္ထိ” အထခေါ               စင်စစ်သော်ကား ပရိမောဏေသု        အတိုင်းအရှည် မရှိကုန်သော စက္က၀ါဠေသု           စကြာဝဠာတို့၌ တီသုဘဝေသု         ဘ၀သုံးပါးတို့၌ အမရဏဓမ္မောနာမ   မသေသောတရားမည်သည်ကား နတ္ထိ၊                   မရှိ။ တဗ္ဘာဝေနေ၀          ထိုမြင်ရသော သူ့သဘောဖြင့်ပင်လျင် ဌာတုံ                   အမြဲတည်စေခြင်းငှာ သမတ္ထော              စွမ်းနိုင်သော ဧကသင်္ခါရောပိ        တစ်ပါးသော သင်္ခရတရားမျှလည်း သဿတောနမ        ခိုင်မြဲသောသဘောမည်သည် နတ္ထိ                    မရှိ။ သူ့သဘောနှင့် သူ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

နေ ခြောက်ချက်၊ သေ ခြောက်ချက်

“နေလျှင် ခြောက်ချက်”   ၁) အဖိုးမထိုက်သော ကိလေသာ အခွာရ ခက်သည်။ ၂) မထင်ရှားသော ကြိုးဆယ်စင်း အဖြေရ ခက်သည်။ (သံယောဇဉ် ၁၀ ပါး) ၃) အခိုးမထွက်သော ရာဂမီး ၁၁ မီး အငြိမ်းရ ခက်သည်။ ၄) မဝေးသော နိဗ္ဗာန် ခရီး အသွားရ ခက်သည်။ ၅) အရှင်မရှိသော ဥစ္စာ အရှာရ ခက်သည်။      (သဒ္ဓါ။ သီလ၊ သုတ၊ စာဂ၊ ပညာ၊ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ဣဿာ နှင့် မစ္ဆရိယ

စိတ်ဆင်းရဲခြင်း အကြောင်းခြင်း လွန်ခဲ့သော ၂၅၀၀ကျော်က သိကြားမင်းကိုယ်တိုင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး မဂဓတိုင်း ရာဇဂြိုဟ်ပြည်၏အရှေ့အရပ်၊ ဝေဒိယကတောင်၊ ဣန္ဒသာလလိုဏ်ဂူ၌ – “မြတ်စွာဘုရား. . . လူနတ်သတ္တ၀ါအများတို့သည် ရန်ကင်းငြိုးလျက် ဒဏ်ကင်းလျက် ရန်သူကင်းလျက် စိတ်ဆင်းရဲကင်းလျက် အမျက်ထွက်ခြင်း ကင်းနေရခြင်းကို လိုချင်တောင့်တကြပါကုန်၏။ သို့ပါလျက် ရန်ငြိုးရှိလျှက် ဒဏ်ရှိလျှက် ရန်သူရှိလျက် စိတ်ဆင်းရဲလျက် အမျက်ထွက်လျက်နေကြရသည်မှာ အဘယ်အကြောင်းကြောင့်ပါနည်း။” ဗုဒ္ဓက “မနာလိုခြင်း ဣဿ နှင့် ၀န်တိုခြင်း မစ္ဆရိယ ရှိသောကြောင့်ဟူ၍ ပြတ်ပြတ်သားသား အဖြေပေးတော်မူခဲ့ပါသည်။ ”    … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment