Daily Archives: October 24, 2009

သမထနှင့် ၀ိပဿနာ ဟူသည်

၁) သမထဟူသည် ဈာန်အလုပ်ဖြစ်၍ ၀ိပဿနာကား ဉာဏ်အလုပ် ဖြစ်ပေသည်။ ၂) သမထဖြင့် ပထမဈာန်၊ ဒုတိယဈာန် အစရှိသဖြင့် ဈာန်အဆင့်ဆင့်သို့ ရောက်နိုင်ပြီး ၀ိပဿနာမှာကား သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ် အစရှိသဖြင့် ဉာဏ်အစရှိသဖြင့် ဉာဏ်အဆင့်ဆင့်ကို ရောက်နိုင်ပေသည်။ ၃) သမထသည် ပညတ်ကိုရှုမှတ်ပွားများခြင်းဖြစ်၍ ၀ိပဿနာမှာကား ပရမတ်ကို ရှုမှတ်ပွားများခြင်း ဖြစ်သည်။ ၄) သမထသည် ကိလေသာကို ငြိမ်အောင်သာထိန်းနိုင်ခြင်းရှိ၍၊ ၀ိပဿနာကား ကိလေသာကို ချုပ်ငြိမ်းအောင် စွမ်းဆောင်နိုင်ခြင်းရှိသည်။ ၅) သမထသည် သမာဓိဦးစီးသောအလုပ်ဖြစ်၍ ၀ိပဿနာကား ပညာဦးစီးသောအလုပ် … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ကုသိုလ် လေးမျိုး

ကုသိုလ်က လေးမျိုး ရှိပါတယ် – ဒါန ကုသိုလ် သီလ ကုသိုလ် သမထ ကုသိုလ် ၀ိပဿနာ ကုသိုလ် တွေပါ။   ဒါန၊ သီလ၊ သမထ ကုသိုလ် သုံးခုကတော့ သာသနာတွင်းမှာရော သာသနာပမှာပါ ရှိပါတယ်။ ဒါပေမယ့် ၀ိပဿနာကုသိုလ်ကတော့ သာသနာတွင်းမှာသာ ရှိပါတယ်။ လောကီကုသိုလ် လို့ခေါ်တဲ့ ဒါန၊ သီလ၊ သမထကတော့ ၀ိနိပါတဘေးက လွတ်မြောက်အောင် မလုပ်ပေးနိုင်ပါဘူး။ ဥပမာအားဖြင့် ဗုဒ္ဓလက်ထက်က ကောသလမင်းကြီးရဲ့မိဖုရားခေါင်ကြီး မလ္လိကာ ဟာ ပညာရှိတယ်။ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ကြွေးသုံးမျိုး

“ကြွေး သုံး မျိုး” ၁) လောကကြွေး      သူတစ်ပါးထံက ချေးငှားထားပြီး မဆပ်တာပါပဲ။ ယူမိထားတဲ့ လောကကြွေးကို ဒီဘ၀မှာတင် အကြေအလည်ပေးဆပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘ၀မှာဆပ်ရတာ ငွေချေးထားရင် ငွေပဲ ဆပ်လို့ရတယ်။ ပစ္စည်းချေးထားရင်း ပစ္စည်းပဲ ဆပ်လို့ရတယ်) က နောင်ဘ၀မှာ (ခန္ဓာ) ဆပ်ရတာလောက် အပန်းမကြီးလို့ဘဲ။ မဟာစည်ဆရာတော် ဘုရားကြီး ဟောကြားတော်မူဖူးတဲ့ မောင်ညိုဆန်တစ်စလယ်ဆိုတဲ့ ဖြစ်ရပ်။)   ၂) သာသနာကြွေး   စာပေ တရားကို တစ်ခုခုကို မလုပ်ဘဲ အချောင်နေ အချောင်စား။ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ဝိပဿနာဘာဝနာ အားထုတ်ရခြင်း အကြောင်းရင်း

“၀ိပဿနာ ဘာဝနာ ဆိုတာ ဘာလဲ” ၀ိ သည်  သတိ ပဋ္ဌာန် ၄ ပါး ပဿ သည် ဉာဏ်ဖြင့် ရုပ် နာမ်ကို ဘာဝနာ သည် ပွားများခြင်း     “ဘာကြောင့် ၀ိပဿနာကို ရှုပွားသင့်သလဲ” ၁) မြတ်စွာဘုရားကို လေးစား ကြည်ညို ကျေးဇူးဆပ်သော အားဖြင့်။ (အနန္တကျေးဇူးရှင် ဂေါတမမြတ်စွာဘုရားပို့စ်၌ ဖတ်ရှုနိုင်ပါသည်။)   ၂) အန္ဓ ပုထုဇဉ် ( ဉာဏ်အမြင်ကန်းသူ ၊ ရုပ် … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

မေတ္တာ ဘာဝနာ ပွားများနည်း

မေတ္တာမရှိလျှင် ဆင်းရဲသူကိုမြင်၍ သနားသော ကရုဏာနှင့် ချမ်းသာသူကိုမြင်၍ ၀မ်းမြောက်သော မုဒိတာလည်း မဖြစ်နိုင်တော့ပါ။   ဗြဟ္မာစိုရ်တရား လေးပါး – မေတ္တာ   = သူတစ်ပါးကို ကောင်းစေချင်သော စေတနာ။ – ကရုဏာ = သူတစ်ပါးကို သနားကြင်နာခြင်း။ – မုဒိတာ   = သူတစ်ပါး ကောင်းစားတာကို ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း နှင့် စိတ်ဆင်းရဲလျှင် ထပ်တူထပ်မျှ မျှဝေခံစားခြင်း။ – ဥပေက္ခာ = ချစ်ခြင်း၊ မုန်းခြင်း မဟုတ်သော။ အလယ်အလတ်၌ ရပ်တည်ခြင်း။ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

မေတ္တာနှင့် ဒေါသ

ဗုဒ္ဓပေးသော အနိုင်ယူနည်း (၄) နည်း “အမျက်ဒေါသ ထွက်နေသော ပုဂ္ဂိုလ်အား မေတ္တာ” ဖြင့် အနိုင်ယူပါ။ “ယုတ်မာသောစိတ် ထားရှိသော ပုဂ္ဂိုလ်အား မြင့်မြတ်သော စိတ်” ဖြင့် အနိုင်ယူပါ။ “နှမြောတွန့်တို သော ပုဂ္ဂိုလ်အား ပေးကမ်းစွန့်ကြဲခြင်း” ဖြင့် အနိုင်ယူပါ။ “မဟုတ်မမှန် လိမ်ညာ ပြောဆိုသူအား သစ္စာစကား” ဖြင့် အနိုင်ယူပါ။   ချစ်ခြင်းနှစ်မျိုး တဏှာပေမ = တဏှာဖြင့် ချစ်ခင်ခြင်းသည် မောဟပြဌာန်းခြင်းရှိသော လောဘတရားတည်း။ အကုသိုလ်တရားစစ်စစ်ဖြစ်၏။ မေတ္တာပေမ = … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

စိတ်ဝိညာဉ်မှာ အနှစ်ရှာ သမထဘာဝနာ

စိတ်ဝိညာဉ်၏ ဘာသာ အနှစ်သာရ နှင့် ဘာသာတန်ဖိုးကို ထုတ်ယူချင်လျှင် သမထဘာဝနာ ပွားများခြင်းပင် ဖြစ်၏။ သမထဘာဝနာ ပွားမားခြင်းဖြင့် ကိလေသာများငြိမ်းနေပြီး အင်မတန်အေးချမ်းသည်။ သမာဓိကောင်းကောင်းဖြင့် ဆက်လက်ပွားလျှင် ဈာန်၊ အဘိညာဉ်ထိရသည်။ သို့သော် ၀ိပဿနာသို့ကူးပြီး ပွားများအားထုတ်မှသာ မဂ်ဖိုလ်သို့ ရောက်နိုင်ပေသည်။   ဓမ္မပဒ၌ – ဒုန္နိဂ္ဂဟဿလဟုနော၊ ယတ္ထကာမာနိ ပါတိနော။ စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒနံ္တ သာခါဝဟံ။   စိတ်သည် မကောင်းမှုအကုသိုလ်ကို မလုပ်ဖြစ်၊ မပြောဖြစ်၊ မကြံဖြစ် … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment