Monthly Archives: August 2009

ဝိပါက်တော် (၁၂) ပါး

ဝိပါက် ဟူသော စကားသည် ပါဠိဘာသာ ၀ိပါက မှ ဆင်းသက်လာ၏။ အဓိပ္ပါယ်မှာ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရား ဟု ဆိုလို၏။ ကုသိုလ်ကံအကျိုးကို ကုသလ၀ိပါက ဟုခေါ်၍ အကုသိုလ်ကံအကျိုးကို အကုသလ၀ိပါက ဟုခေါ်၏။ သုံးလောကထွတ်ထား ရှင်တော်ဂေါတမမြတ်စွာဘုရားအလောင်းတော် ဘ၀ပေါင်းများစွာထဲမှ အလွန်နုစဉ်ဘ၀များက ပြုလုပ်ခဲ့ဖူးသော အကုသိုလ်ကံ၏အကျိုးဆက်များ ဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် ကိုယ်တော်တိုင် တွေ့ထိရသော ၀ိပါက်တော် (၁၂) ပါးကို ဟောကြားတော်မူရခြင်းမှာ မြတ်ဘုရားကိုယ်တော်တောင်မှ ရှောင်လွှဲ၍မရနိုင်သော ကံ ကံ၏အကျိုးဆက်ကို ပုထုဇဉ်များအနေဖြင့်မူ ဆိုဖွယ်ရာမရှိသောကြောင့် မကောင်းမှုဟူသမျှကို … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

သီတဂူဆရာတော် အရှင်ညဏိဿရ

  ဗူဒ္ဓ၀ါဒ အခြေခံတရားတော်    (၇)နေ့ဗုဒ္ဓ၀င်တရားတော် အပိုင်း (၁) အပိုင်း (၂) အပိုင်း (၃)     မြတ်စွာဘုရားရှင် ပြန်လည်ဝတ်ခံစားရသည့် ဝတ်တော် ၁၂ ပါး တရားတော်များ အပိုင်း (၁) – နိဒါန်း အပိုင်း (၂) – ပထမ ၀တ်တော်။ အပိုင်း (၃) – ဒုတိယ ၀တ်တော်။ အပိုင်း (၄) – ဒုတိယ ၀တ်တော်အဆက်။ အပိုင်း (၅) – တတိယ ၀တ်တော် နှင့် စတုတ္ထ၀ိတ်တော်။ … Continue reading

Posted in တရားတော်များ | Tagged | Leave a comment

အရှင်ဆန္ဒာဓိက

တစ်ရာနှင့် တစ်ရက် နှလုံးသားမိတ္တူ မိဘကျေးဇူးအကျေဆပ်နည်း လောက၌အကောင်းဆုံးသောအရာ သက်သတ်လွတ်နှင့်ကုသိုလ်စိတ် အချစ်ကံခေပေမဲ့အနှစ်ကျန်စေရမယ် အားထုတ်ဖို့က အဓိက လူပျိုဘုရား လုံးဝမရှိ မော်ဒန်အသစ်နဲ့လူ မြင့်မြတ်သော ဥပက္ခော  ရည်းစူးပုဂ္ဂိုလ် အနှိုင်းမဲ့ ကုသိုလ် အနှိုင်းမဲ့ ရဟန်း အနိုင်းမဲ့ ဘာဝနာ အနှိုင်းမဲ့ အဖေါ် အနှိုင်းမဲ့ အလှူ အနှိုင်းမဲ့ ဥစ္စာ အနိုင်းမဲ့လာဘ် အနှိုင်းမဲ့ မီး နွားနက်လေး နက်ချော  စိတ်လျှော်ဖွတ်တဲ့အလုပ်    

Posted in ဓမ္မ စာအုပ်များ | Tagged | Leave a comment

အနန္တ ကျေးဇူးရှင် ဂေါတမမြတ်စွာဘုရား

ကျမတို့ဟာ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံပေမယ့် တကယ့်တကယ်တော့ ကိုယ့်ဘာသာအကြောင်းကို သေသေချာချာမသိပါဘူး။ မိရိုးဖလာဗုဒ္ဓဘာသာဝင် (မိရိုးဖလာနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင် ကွဲပြားမှုကို နောက်တင်မည့်ပို့စ်တွင် ဖတ်ရှုနိုင်ပါသည်။) သာ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် သံသရာတလျောက် ဘ၀ပေါင်းမရေမတွက်နိုင်အောင် ကျင်လည်ခဲ့ရတဲ့ သတ္တ၀ါဝေနေယျတွေအတွက် ပွင့်တော်မူလာတဲ့ (ယခု ကျမတို့တွေ့ကြုံနေရတဲ့ သာသနာဟာ ဒီဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူလာတဲ့ စတုတ္ထမြောက်ဘုရားရှင်) အနန္တ ကျေးဇူးရှင် ဘုန်းတော်ကြီးမားသော  အနန္တမေတ္တာ မဟာကရုဏာရှင် ဂေါတမမြတ်စွာဘုရားအကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်း သေသေချာချာ မသိကြပါဘူး။ ဂေါတမမြတ်စွာဘုရားဟာ ဘုရားဖြစ်အောင် ဘုရားဆုပန်ကတည်းကစပြီး ပရိနိဗ္ဗာန်စံသည်အထိ သတ္တ၀ါဝေနေယျတွေအပေါ် ထားရှိခဲ့တဲ့ ပေးဆပ်မှုဟာ အတိုင်းအဆမရှိအောင် … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များနှင့် ပရိနိဗ္ဗာန်ပြုပွဲ

ကဆုန်လပြည့်နေ့ မဟာသက္ကရာဇ် (၆၈) ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗနီအင်ကြင်းတော ဘုရားအလောင်း ဖွားမြင်တော်မူသည်။ မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် အင်ကြင်းတော သုံးလောကထွတ်ထား သဗ္ဗညုတ ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။ မဟာသက္ကရာဇ် (၁၄၈) ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုဿိန္နာရုံ အလုံးစုံသော သင်္ခါရတရားတို့ ချုပ်ငြိမ်းရာ ပရိနိဗ္ဗာန်ပြုတော်မူသည်။   ၀ါဆိုလပြည့်နေ့ မဟာသက္ကရာဇ် (၆၇) ခုနှစ်၊ ၀ါဆိုလပြည့်  ကြာသပတေးနေ့တွင် အလောင်းတော် သန္ဓေယူတော်မူသည်။ မဟာသက္ကရာဇ် (၉၇)  … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

ပါရမီဖြည့်ကျင့်ရခြင်း နှင့် ကမ္ဘာရေတွက်ပုံ

အရိယာ (၃)ပါး လောကတ္ထစရိယ – အများသတ္တ၀ါတို့ ချမ်းသာရေးအကျိုးအတွက် မိမိ၏ပညာ၊ ၀ီရိယ စသည်တို့ဖြင့် ဆောင်ရွက်ပြုကျင့်ခြင်း။ ဉာတတ္ထစရိယ    – အဆွေအမျိုးတို့၏ ချမ်းသာရေးအကျိုးအတွက် မိမိ၏ပညာ၊ ၀ီရိယ စသည်တို့ဖြင့် ဆောင်ရွက်ပြုကျင့်ခြင်း။ ဗုဒ္ဓတ္ထစရိယ      –  သမ္မာသမ္ဓုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်အောင် မိမိ၏ပညာ၊ ၀ီရိယ စသည်တို့ဖြင့် ဆောင်ရွက်ပြုကျင့်ခြင်း။   ဗောဓိ သုံးမျိုး (သို့) ဗောဓိဉာဏ် သုံးမျိုး ဗောဓိ – လောကုတ္တရာဖြစ်သော မဂ်ဉာဏ်လေးပါးနှင့် သဗ္ဗညုတဉာဏ်တော်ကို ခေါ်သည်။ သာဝက  ဗောဓိဉာဏ်– … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

ပါရမီ ၁၀ ပါး (အပြား ၃၀)

ဒီပင်္ကရာဘုရားခြေရင်းမှာပဲ ဘုရားဆုကို ပန်ခဲ့ပြီး ရှေးဘုရင်တွေရဲ့ကျင့်ကြံမှုကို ဆင်ခြင်တော်မူသောအခါ ပါရမီ ၁၀ပါးကို ဖြည့်ကျင့်တာကို သိမြင်တော်မူပြီး သတ္တ၀ါဝေနေယျတွေကို သံသရာလွတ်မြောက်ဖို့အတွက် လေးသင်္ချေ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီသုံးဆယ်ကို စည်းစိမ်ချမ်းသာ၊ သားသမီး၊ မယား၊ အသက်၊ ခန္ဓာကို စွန့်၍ အပင်ပန်းဆင်းရဲကြီးစွာ ဖြည့်ကျင့်ခဲ့ရပါတယ်။   ပါရမီ- မြင့်မြတ်သူတို့ရဲ့အလုပ် (ပရမာနံကမ္မံ ပါရမီ) ဂေါတမမြတ်စွာဘုရား ဖြည့်ကျင့်ခဲ့သော ပါရမီ ၁၀ ပါး ၁) ဒါန         = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။ ၂) သီလ       = ကိုယ်နှုတ်မှာ … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

ဂေါတမဗုဒ္ဓဘုရားလောင်းဆုပန်ခြင်းနှင့် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်အမည်

ဘုရားအဖြစ်ဆုတောင်းပြည့်ရန်အင်္ဂါ ၈ ပါး ၁) လူသားစစ်စစ်ဖြစ်ရခြင်း၊ ၂) ယောကျာ်းစစ်စစ်ဖြစ်ရခြင်း၊ ၃) ဆုတောင်းချိန်တွင် ရဟန္တာဖြစ်နိုင်လောက်သည့် အကြောင်းပါရမီပြည့်စုံနေခြင်း၊ ၄) သက်တော်ထင်ရှား ဘုရားတစ်ဆူဆူအထံတော်၌သာ ဆုပန်ရခြင်း၊ ၅) ဆုပန်သူသည် ရသေ့၊ ရဟန်းတစ်မျိုးမျိုးဖြစ်ရခြင်း၊ ၆) ဈာန်သမာပတ် ၈ ပါး ရရှိနေသူဖြစ်ရခြင်း၊ ၇) မြတ်စွာဘုရားရှင်တို့အား အသက်ကိုပင် စွန့်လှူထားရခြင်း၊ ၈) ဘုရားဖြစ်ရန် ကြီးမားသောဆန္ဒ၊ ၀ီရိယရှိရခြင်း။   ဂေါတမဗုဒ္ဓဘုရားလောင်းဆုပန်ခြင်း ဂေါတမဗုဒ္ဓဘုရားလောင်းသည် ၂၀ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ဘုရားရှင်ပေါင်း (၅၁၂၀၂၇) … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

မဟာပဒေသာ (ခေါ်) ပိဋကတ်တော် စည်းမျဉ်း

ဂါထာတစ်ခုကို ဘုရားဟော တရားတော် ဟုတ်နိုင် မဟုတ်နိုင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့် မဟာပဒေသာ (ခေါ်) ပိဋကတ်တော် စည်းမျဉ်းလေးပါး ဖြင့် စိစစ်ရသည်။ မဟာပဒေသ ဟူသည် “ဘုရားဟောတရားတော်ကို တည်စေနိုင်သော ကြီးမြတ်သောအကြောင်း” ဟု အဓိပ္ပါယ်ရသည်။ မဟာပဒေသ လေးပါးနှင့် ညီညွတ်လျှင် ထေရ၀ါဒ ဟု ဆုံးဖြတ်၍၊ မညီညွတ်လျှင် ထေရ၀ါဒ မဟုတ်ဟု ဆုံးဖြတ်ရပါမည်။ မဟာပဒေသ လေးပါး မှာ – ၁) သုတ္တ – ပိဋိကတ်သုံးပုံ ဘုရားဟောပါဠိတော်များ။ ၂) သုတ္ထာနုလောမ – ဘုရားဟောပါဠိတော်များနှင့် … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

အိန္ဒိယနိုင်ငံတွင် သာသနာကွယ်ခြင်း အကြောင်းရင်း

ဒီပို့စ်တွင် မျက်ရည်မကျခင်သိစေချင်စာအုပ်မှ သာသနာကွယ်ရခြင်းအကြောင်းရင်းကို မပြင်မဆင်ဘဲ တင်ပြပေးထားပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓသာသနာကို နှစ်ပေါင်းတစ်ထောင်ငါးရာကျော် ထိန်းသိမ်းထားသော်လည်း  ယခုအချိန်မှာ ဗုဒ္ဓတရားတော်များမှာ မှေးမှိန်နေပြီး ဗြဟ္မဏ၀ါဒ၊ ၀ိဇ္ဇာ စသည့်လောကီအတတ်ပညာများပါ ကြောက်ခမန်းလီလီ ဗုဒ္ဓဘာသာဝင်များမှာ ကျင့်သုံးယုံကြည်လာသောကြောင့် သာသနာဟာမှေးမှိန်လို့ ပျောက်ကွယ်လုနီးပါးပါးဖြစ်နေပါတယ်။ အဓိကကြောင်းရင်းတွေကတော့ တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားခဲ့တဲ့ နိုင်ငံတွေမှာ သာသနာပျောက်ကွယ်လိုမျိုး ယခုမြန်မာနိုင်ငံမှာ ဖြစ်နေလို့ပါပဲ။ ထို့ကြောင့်မို့ ဆရာတော်က – အတွေးအခေါ် ဉာဏ်ပညာကြီးမားသော သူများသည် သူတစ်ပါးအမှားကိုကြည့်ပြိး သင်္ခန်းစာ ယူတတ်ကြ၏။ အတွေးအခေါ် ဉာဏ်ပညာနည်းပါးသူသည် သူတစ်ပါးအမှားကိုကြည့်ပြီး … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment