Monthly Archives: March 2013

ဥပါသကာ ၊ ဥပါသိကာ

ဥပါသကာ ၊ ဥပါသိကာ ဘုရား တရား သံဃာ ရတနာသုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို“ဥပါသကာ”ဟုခေါ်ဆို၏။ အမျိုးသမီးဖြစ်လျှင်“ဥပါသိကာ”ဟုခေါ်ဆို၏။ “လူပုဂ္ဂိုလ်တို.သည် မိမိ၏ ခန္ဓာကိုယ်နှင်.အသက်ကိုမငဲ.ကွက်ပဲ ရတနာမြတ်သုံးပါးအား ပေးလှူခြင်း၊ရတနာမြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးစားအားထားခြင်း၊ရ တနာမြတ်သုံးပါး၏ တပည်.သားအဖြစ် စွဲမှတ်ခံယူခြင်း၊ရတနာမြတ်သုံးပါးကိုသာလျှင် ရှိခို.မှူ၊ရိုသေကိုင်းရှိုင်းမှုပြုခြင်း စသောနည်းလမ်းတို.ဖြင်. ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်သော ပုဂ္ဂိုလ်(ဥပါသကာ၊ဥပါသိကာမ)” အဖြစ်သို.ရောက်ရှိကြသည်။ ထိုသို.ဥပါသကာဖြစ်ပြီးသူများကို“ဗုဒ္ဓဘာသာဝင်သူတော်စင်” ဟုသတ်မှတ်ရသည်။ ဥပါသကာတို.ရှောင်ရန်အချက်များ ဥပါသကာအဖြစ် ခံယူပြီးသော ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်သည် ငါးပါးသီလ ကိုခါးဝတ်ပုဆိုးကဲ.သို.မြဲ၍ စွမ်းနိုင်ပါမူ ရှစ်ပါး၊ ဆယ်ပါးသီလများကိုစောင်. ထိန်း၍ ဖော်ပြပါလတ္တံ. … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | Leave a comment

ခန္တီတရား လက်ကိုင်ထား

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) “ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။ လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလဲ၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။” “ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင် ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။ (အရှင် ဇနကာဘိဝံသ၊ ရုပ်စုံ … Continue reading

Posted in အမေးအဖြေ | Leave a comment

အောင်မြင်မှု အစစ်

လူတွေရဲ့စိတ်မှာရှိတဲ့ အကန့်အသတ်မရှိတဲ့ အရည်အချင်းတွေထွက်မလာတာ ဘာ့ကြောင့်လဲဆိုတော့ ပြတ်သားတဲ့ရည်ရွယ်ချက် မရှိလို့ဘဲ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူး။ ကိုယ်လုပ်တဲ့အလုပ်တွေအပေါ်မှာယုံကြည်မှုမရှိဘူး။ အလုပ်ကိုမထိတထိ လုပ်ကြည့်တယ်၊ အခက်အခဲနဲ့ကြုံ ရင်နောက်ဆုတ်တယ်၊ အဲဒီလိုလူဟာ မကြီးပွားဘူး ၊ မအောင်မြင်ဘူး။   ပြတ်သားတဲ့ရည်ရွယ်ချက်ရှိရင် လုပ်လို့ဖြစ်တဲ့နည်းကိုရှာမှာပဲ။ ရှာပြီးတော့လုပ်နေမယ် ၊ လုပ်လို့အဆင်မပြေရင် ဘာဖြစ်လို့အဆင်မပြေဘူးဆိုတာ စဉ်းစားမယ်။ ပြင်ကြည့်မယ်၊ ပြင်ကြည့်လို အဆင်ပြေသွားရင်ဆက်လုပ်မယ်၊အဆင်မပြေသေးရင်ထပ်ပြီးတော့ပြင်ဦးမယ်။ ဒီလိုလုပ်ရင်းပြင်ရင်းနဲ့ကြာလေ အမှားနဲလေဖြစ်လာတယ်။ ဒါဆိုရင် အမှန်မုချ အောင်မြင်တော့မှာပဲ။   အောင်မြင်တယ်ဆိုတာသူများထက်သာသွားတာကိုမဆိုလိုပါဘူး။ ပြိုင်ပွဲမှာပထမရတာ၊ အိမ်ကြီးအိမ်ကောင်းနဲ့နေနိုင်တာ၊ရာထူးအမြင့်ဆုံးရောက်တာ၊ ဘွဲ့ထူးကြီးတွေရတာ၊ ဂုဏ်ပြုတာတွေခံရတာတွေဟာ အောင်မြင်မှုအစစ် မဟုတ်ဘူး။ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

မာန်မာနကင်းရှင်းခြင်း

show details 26/09/2010 မာန်မာနကင်းရှင်းခြင်း “ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် အရည်အသွေးတစ်ခုကတော့ မာန်မာနကင်းရှင်းခြင်း ၊ သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီး၊ဘ၀မြင့်မှု ကင်းရှင်းခြင်း ဆိုတဲ့အရည်အသွေးပါပဲ။” မာနသိပ်မကြီးပါနဲ့ ။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို အထင်မသေးပါနဲ့။ ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလိုဟုတ်ချင်မှလည်းဟုတ်မှာ။ အခုလောလောဆယ်မှာ ကိုယ့်ရဲ့အထင်သေးစရာဖြစ်နေပေမယ့် တစ်ချိန်မှာ ကိုယ့်ထက်သာချင်သာသွားမှာပါ ။ကိုယ်အထင်ကြီးစရာအနေအထားမျိုးရောက်ချင်ရောက်သွားမှာပါပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို အထင်သေးတဲ့စိတ်နဲ့မပြောသင့်မပြောထိုက်တာပြော ၊ မလုပ်သင့်မလုပ်ထိုက်တာ လုပ်မိရင် ကိုယ်ပဲပြန်ပြီးဒုက္ခ္ခ္ခ ရောက်တက်ပါတယ်။ ၀ိဋဋူဘဇာတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်မကမွေးတဲ့သားဆိုပြီးတော့ဝိဋဋူဘထိုင်သွားတဲ့နေရာ နွားနို့ရည်တွေနဲ့ဆေးလိုက်တော့ ဟိုကရန်ငြိုးဖွဲ့ပြီး မင်းတို့ကနွားနို့နဲ့ပဲဆေးတယ်၊ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ်

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ် (၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

“ဧဟိပဿိကော – လာပါ၊ စုံစမ်းပါ၊ တကယ်လက်တွေ့လုပ်ကြည့်ပါ´´

“ဧဟိပဿိကော – လာပါ၊ စုံစမ်းပါ၊ တကယ်လက်တွေ့လုပ်ကြည့်ပါ´´ အိန္ဒိယနိုင်ငံ, နယူးဒေလီမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ တီဟာအကျဉ်းထောင်သည် လူမဆန် အကြင်နာကင်းမဲ့သည့်အရာမှာ ထိပ်တန်းကပြေးလျက်ရှိ၏။ ပြဿနာပေါင်းကလည်း သောင်းခြောက် ထောင်။ ထို့ကြောင့် နာမည်ကျော်ကြားလှ၏။ “လောကငရဲ´´ဟူသတတ်။   ထိုကဲ့သို့သောအကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတစ်ယောက်က ပြောလိုက်သည့် စကား တစ်ခွန်းမှာ ကိုယ့်နားကိုပင် မယုံကြည်စရာ ဖြစ်လောက်ပါပေ၏။ “ကျွန်တော် အကျဉ်းထောင်ထဲမှာ ဘာဝနာရှုမှတ်နေပါတယ်´´တဲ့။   လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ “လုံးဝ မဖြစ်နိုင်´´ ဟုထင်သည့်အရာ များက ကိုယ့်ရှေ့မှာပင် ထင်ထင်ရှားရှားဖြစ်နေ၏။ … Continue reading

Posted in အမေးအဖြေ | Leave a comment

အညှီ အဟောက်ဆိုတာ ဘာကိုခေါ်သလဲ?

အညှီ အဟောက်ဆိုတာ ဘာကိုခေါ်သလဲ? ************************** http://www.worldofwisdom.asia/2012/09/blog-post_18.html ကဿပနွယ်ဖွား မြတ်စွာဘုရား…..  တရားသဖြင့် ရအပ်သော မြက်သီးစပါး ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံ ရှိသော စပါးအလေ့ကျပေါက်သော ပဲနောက်တို့ကိုလည်းကောင်း၊ သစ်ရွက်စိမ်းကိုလည်းကောင်း၊ သစ်မြစ်သစ်ဥကိုလည်းကောင်း၊ သစ်သီးဝလံကိုလည်းကောင်း စားသုံးကြကုန်သောသူတော်ကောင်းတို့သည် ကာမကို အလိုရှိခြင်းဟူသော အကြောင်းကြောင့် ချွတ်ယွင်းသော စကားကို မဆိုကြကုန်။   ကဿပနွယ်ဖွား မြတ်စွာဘုရား  ကောင်းစွာ ပြုစီရင်ပြီး ကောင်းစွာ ချက်ပြုတ် ပြီးဆုံးပြီးသောသူတစ်ပါးတို့ ပေးလှူအပ်သော မွန်မြတ်သော ငါးအမဲ ဟင်းလျာကိုလည်းစား, သလေးထမင်းကိုလည်းစားသော သင်သည် အညှီ … Continue reading

Posted in အမေးအဖြေ | Leave a comment