Category Archives: မြတ်ဗုဒ္ဓ သာသနာ

ထေရ၀ါဒသည် ဟီနယာန မဟုတ်

ယခုခေတ်တွင် ထေရ၀ါဒကို ဟီနယာနဟု ဗုဒ္ဓဘာသာဝင်တော်တော်များများ ထင်နေကြသည်။ ဟီနယာနသည် ထေရ၀ါဒမဟုတ်ကြောင်းကို လက်လှမ်းမှီရာစာအုပ်များ – ချမ်းမြေ့ဆရာတော်၏ တက္ကသိုလ်ဓမ္မသဘင် (ဗုဒ္ဓဘာသာ ၃ မျိုး ပို့စ်တွင် ပြန်လည်ရေးသားတင်ထားပေးပါသည်။) နှင့် ဆရာတော်ဦးဇ၀န ရေးသားသော မျက်ရည်မကျခင်သိစေချင်စာအုပ်တွေ (ယခုပို့စ်တွင် ပြန်လည်ရေးသားတင်ပေးထားပါသည်။) ရေးသားထားပါသည်။ မဟာယာန၊ ဟီနယာနဟူ၍ ကွဲပြားငြင်းခုန်ကြသောအချိန်တွင် ပင်မထေရ၀ါဒဗုဒ္ဓဘာသာသည် မဇ္ဈိမဒေသ၌ မရှိသလောက် ဖြစ်နေပေပြီ။ ရဟန္တာကြီးတို့၏ အနာဂတံသဉာဏ်အစွမ်းဖြင့် မဇ္ဈိမဒေသ၌ ဗုဒ္ဓသာသနာကွယ်ပျောက်မည်ကို သိမြင်ကြသောကြောင့် ကိုးတိုင်း၊ ကိုးဌာနသို့ ထေရ၀ါဒဗုဒ္ဓဘာသာကို အခြေတကျပျံ့နှံ့စေလေပြီ။ ထို့ကြောင့် … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

သိက္ခာပုဒ်ပြင်ဆင်ချက် (၁၀) မျိုး

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး သာသနာနှစ် (၁၀၀)တွင် ၀ဇ္ဇီတိုင်းသာ ဝေသာလီရဟန်းတို့ ၀ိနည်းသိက္ခာပုဒ်များကို ပြင်ဆင်ချက် ၁၀ချက်ကို ပြင်ကြလေသည်။ ဤသည်တို့မှာ –   သိက္ခာပုဒ်ပြင်ဆင်ချက် (၁၀) မျိုး ၁) သင်္ဂီလောဏကပ္ပ – သားချို၌ထည့်၍ ဆောင်ထားသောဆားကို နေ့စဉ်ဆွမ်းသားတိုင်း ရောနှောစားနိုင်သည်ဟု ဆိုကြသည်။  (ရဟန်းတော်များ ခဲဖွယ်ဘောဇဉ်တို့ကို အကပ်ခံပြီးပါက နောက်နေ့အတွက် သိုမှီးသိမ်းဆည်း၍ မစားရချေ။ တစ်ထပ်စာအတွက်သာ အကပ်ခံစားသောက်ရသည်။ မွမ်းမတည့်မီ လူသာမဏေတို့အား ပေးစွန့်ရ၏။ ထိုသို့မဟုတ်ဘဲ မိမိဘာသာသိမ်းဆည်းထား၍ နောက်တစ်ရက် ဆွမ်းနဲ့ရော၍ … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | Leave a comment

ဗုဒ္ဓဘာသာ (၃) မျိုး

ထေရ၀ါဒ ဗုဒ္ဓဘာသာ ဆိုသည်မှာ မြတ်စွာဘုရား၏တရားတော်ကို မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ လိုက်နာကျင့်သုံးသည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓ၏မူရင်းအတိုင်း အတည်ပြုထားသည့် ဒေသနာစဉ်များနှင့် ကျင့်စဉ်များပင် ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မဟာသက္ကရာဇ် ၁၄၈ တွင် အရှင်မဟာကဿပ အရှင်အာနန္ဒာတို့ ကြီးမှူးသော မထေရ်များက ပထမသံဂါယနာ ကို တင်တော်မူကြသည်။ ထိုနှစ်ကိုပင် သာသနာတော်နှစ် အမှတ် (၁) ဟု သတ်မှတ်ပါသည်။ သံဂါယနာတင်မှုသည် မြတ်ဗုဒ္ဓဟောပြထားချက်အတိုင်း အတည်ပြုထားရှိခြင်းပင် ဖြစ်သည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ … Continue reading

Posted in မြတ်ဗုဒ္ဓ သာသနာ | Tagged | 1 Comment