လောကကြီးငြိမ်းချမ်းစေချင်ရင်

ဓမ္မနှင့် အဓမ္မစစ်ပွဲ

လောက၌ ပုဂ္ဂိုလ်လည်းရှိ၏။ သတ္တ၀ါလည်းရှိ၏။ စစ်ခင်းမှုလည်းရှိ၏။ ထို့ကြောင့် လောကနှင့်ပတ်သက်လျှင် အထူးဆိုဘွယ်ရှိ၏။ 

အမှန်အားဖြင့် မြတ်စွာဘုရား၏ အလိုတော်အရ လူတိုင်းတွင် အနစ်နာခံဖို့ တာဝန်လည်းရှိ၏။ သူတစ်ပါးအကျိုးကို ဆောင်ရွက်ဖိုပလည်း တာဝန်လည်းရှိ၏။ ထိုတာဝန်နှစ်ရပ်ကို မိမိတို့စွမ်းနိုင်သမျှ ဆောင်ရွက်မှသာ လောက၌ ဓမ္မကြီးစိုး၍ လောကသည် ငြိမ်းချမ်းမည် ဖြစ်၏။

 

လောက၌ မည့်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါဖြစ်ဖြစ် မိမိတို့၏ဘ၀ကို တည်ငြိမ်စေချင်ကြသည်ချည်း ဖြစ်၏။

ဘ၀တည်ငြိမ်ဖို့အတွက် လောကတည်ငြိမ်ဖို့လို၏။ လောကတည်ငြိမ်ဖို့အတွက် လောကစစ်မြေပြင်တွင် ဓမ္မအင်အားစုများက အဓမ္မအင်အားစုများအပေါ် အနိုင်ရဖို့လို၏။ 

လောက၌ ဓမ္မကြိးစိုးခြင်းဟူသည်မှာ မိမိတို့၏ ကိုယ်ကျင့်သိက္ခာကို စည်းစိမ်ဥစ္စာတို့နှင့်လည်းကောင်း၊ ရာထူးဌာနန္တရ တို့နှင့်လည်း ကောင်း ဂုဏ်ပကာသနတို့နှင့်လည်းကောင်း မလဲခြင်းပင်ဖြစ်ပါသည်။

 

ဓမ္မအင်အားစုတွင် ငါးပါးသီလသည် အခြေခံအကျဆုံးဖြစ်၏။

အကယ်၍ လူတို့သည် ငါးပါးသီလကို လိုက်နာကျင့်ကြံကြမည်ဆိုလျှင် လောကသည်လည်း တည်ငြိမ်မည်ဖြစ်၏။ လူတို့၏ဘ၀များသည်လည်း တည်ငြိမ်မည်ဖြစ်၏။

သီလသည် ခြေထောက်နှင့် တူ၏။ ခြေထောက်ရှိမှ လိုရာအရပ်သွားနိုင်သကဲ့သို့ ကိုယ်ကျင့်သီလရှိမှ လူချမ်းသာ၊ နတ်ချမ်းသာမှသည် နိဗ္ဗာန်ချမ်းသာထိ ရောက်နိုင်သည်။  

 

ခါးဝတ်ပုဆိုး ကျွတ်သွားပါက လောကတွင် ရှက်ဘွယ်ဖြစ်သကဲ့သို့ ငါးပါးသီလမမြဲပါကလည်း လောကတွင် ရှက်ဘွယ်ဖြစ်၏။

သို့ရာတွင် လူတို့အနေဖြင့် ပုဆိုးကျွတ်ခြင်းကိုသာ လောကတွင် ရှက်ဖွယ်အဖြစ် မှတ်ယူတတ်ကြပြီး ငါးပါးသီလ မမြဲခြင်းကိုမူ လောကတွင် ရှက်ဖွယ်အဖြစ် မမှတ်ယူတတ်ခြင်းက ပို၍ မိုက်မဲရာကျ၏။ တိရစ္ဆာန်တို့၏အမြင်နှင့် မထူးခြားရာလည်းကျ၏။

အမှန်အားဖြင့် တိရစ္ဆာန်တို့သည် ခါးဝတ်ပုဆိုးမရှိခြင်းကို ရှက်စရာဟူ၍ မထင်မှတ်ကြသလို လူမိုက်တို့သည်လည်း ငါးပါးသီလ မမြဲခြင်းကို ရှက်စရာဟူ၍ မထင်မှတ်ကြ။

 

 

သုံးကောင်ဖြစ်သွားကြသူများ

အင်းဝခေတ်က တောင်ဖီလာဆရာတော်ကြီးသည် ခွေးများကိုအစာကျွေးနေရင်းက ကြီးသောခွေက ငယ်သောခွေးကို အနိုင်ကျင့်ပြီး ကိုက်သောအခါ တဟဲ့ဟဲ့ဖြင့် မောင်းနေရ၏။ တစ်ချို့ခွေးကြီးများကား ဘယ်လောက်ပင်မောင်းမောင်းမရ။ ပို၍သာ ဆိုးလာ၏။

ထိုအခါ ဆရာတော်ကြီးသည် စိတ်တိုသွားသဖြင့် တောင်ဝှေးကို ကိုင်မြှောက်လိုက်ရင်း “တယ်… ဒီခွေးတွေ ရိုက်လိုက်ရ ငါပါသုံးကောင်ဖြစ်သွားရော့မယ်” ဟု ညဉ်းတွားရှာလေသည်။

ယခုလည်း ဆုတ်ကပ်ခေတ်ကြီးတွင် မကောင်းသောသူများကသာ များလာသောအခါ အနည်းစုဖြစ်သော လူကောင်းများက မထူးပါဘူးကွာ။ သူများမိုးခါးရေသောက် ကိုယ်လည်းသောက်တာပဲ ကောင်းပါတယ်ဆိုပြီး မကောင်းတာကို လုပ်မိကြသူကများ၏။ ထိုသူမျိုးကာ မိမိကိုယ်ကို သုံးကောင်ဖြစ်စေသူများကား ဖြစ်၏။

 

 

သီလသည် ကိုယ်နှင့်နှုတ်ကိုသာ စောင့်ရှောက်နိုင်၏။ စိတ်ကို မစောင့်ရှောက်နိုင်။ စိတ်ကို စောင့်ရှောက်နိုင်သည်က ဘာဝနာသာ ရှိသည်။

ဘာဝနာ မရှိသောသူသည် အမိုးမရှိသော အိမ်နှင့်တူသည်။ အမိုးမရှိသော အိမ်သည် နှင်း၊ မိုးရေ၊ နေပူတို့ ကျရောက်မှုကြောင့် ခဏနှင့်ပျက်စီးရသလို ဘာဝနာမပွားသောသူတို့၏ စိတ်သည်လည်း လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့၏ နှိပ်စက်မှုကြောင့် ညစ်နွမ်းပျက်စီးရသည်။

 

လူ့လောကတွင် ဘာဝနာတရား ရှိသောသူသည် အဆိုးလောကဓံနှင့် ကြုံကြုံ၊ အကောင်းလောကဓံနှင့် ကြုံကြုံ မတုန်မလှုပ်၊ ဣနြေ္ဒမပျက်ဘဲ ခံနိုင်ရည်ရှိ၏။

 

ဒါန၊ သီလ၊ သမထ ဘာဝနာ ကုသိုလ်များသည် သာသနာပ၊ သာသနာတွင်း နှစ်ရပ်လုံးရှိ၏။

 

ဝိပဿနာဘာဝနာကုသိုလ်ကား ဘုရားပွင့်ရာသာသနာတွင်းအခါမှသာ ရှိသည်။ ဗုဒ္ဓသည် သတ္တ၀ါများ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရဖို့အတွက် ပွင့်ပေါ်လာရခြင်းဖြစ်၏။

ထို့ကြောင့် (၄၅) ၀ါကာလပတ်လုံး သစ္စာလေးပါး ၀ိပဿနာတရားကိုသာ ဦးစားပေးပြီး ဟောကြား၏။

သို့သော် ဂေါတမဘုရားပွင့်တော်မှုရသော အချိန်သည် သက်တမ်းတစ်ရာသာနေရသော ဆုတ်ကပ်ကာလဖြစ်သဖြင့် ဆိုးမိုက်သူများပေါများလှသဖြင့် ဒါန၊ သီလ၊ သမထ ဘာဝနာ ကိုပါ တွဲဖက်ဟောနေရခြင်း ဖြစ်၏။

ဝိပဿနာ ဘာဝနာထိ အားမထုတ်နိုင်လည်း  ဒါန၊ သီလ၊ သမထ ဘာဝနာလေးတော့ အားထုတ်နိုင်ပါစေ ဟူသော စေတနာပင်ဖြစ်၏။

 

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s