ချစ်တဲ့သူတွေဆီက ရတဲ့ဒဏ်ရာ

ကိုယ်နဲ့ ခင်မင်နေတဲ့သူ၊ ရင်းနှီးနေတဲ့သူကပဲ ကိုယ့်ကို အများဆုံးဒုက္ခပေးနိုင်တာနော်။

ကိုယ့်ကိုတခါမှ မမြင်ဖူးတဲ့သူ တစ်ခါမှ မကြားဖူးတဲ့သူက ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုတာမျိုးဟာ ဘယ်နှစ်ခါ ကြုံဖူးသလဲ။ အင်မတန်ရှားပါတယ်။

အဲ့ဒီလူတွေကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့လိုတယ်။
 

ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်တဲ့သူတွေ၊ ကိုယ်ဆင်းရဲအောင် လုပ်တဲ့သူတွေ –

၁) မိဘ

၂) မောင်နှမ

၃) ချွေးမ၊၊ သားမက်၊ ယောက်မ၊ ယောက်ဖ

၎) ဆွေမျိုးသားချင်း

၅) ခင်ပွန်း၊ ဇနီး

၆) ဘိုးဘွား

၇) သူငယ်ချင်း

၈) လုပ်ဖော်ကိုင်ဘက်

၉) လမ်းသွားလမ်းလာ

၁၀) ကိုယ်တိုင်

အဲဒီလိုလူတွေအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့လိုတယ်။
 
 

မိဘတွေကြောင့် စိတ်ဆင်းရဲရတယ်ဆိုတာ ဘာကြောင့်လဲ။

၁) မိဘတွေရဲ့ ချစ်ခင်မှု၊ အသိအမှတ်ပြုမှု၊ လက်ခံမှုကို ကိုယ်က သိပ်တန်ဖိုးထားတယ်။ အင်မတန်လိုချင်တယ်။ အင်မတန်မျှော်လင့်တယ်။

၂) မိဘရဲ့အသိအမှတ်ပြုမှု။ တန်ဘိုးထားမှုကို လိုချင်တယ်။

၃) ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေ၊ အတွင်းအကျဆုံး အကြောင်းအရာတွေကို သူတို့ကို ပြောပြခဲ့တယ်။

၎) ကိုယ့်ဘ၀ကို မျှပေးခဲ့တဲ့သူတွေ ဖြစ်တယ်။ ကိုယ့်ဘ၀မှာ တွေ့ခဲ့ရတာတွေ၊ ကြုံခဲ့ရတာတွေ၊ ကိုယ်စဉ်းစားတာတွေ၊ တွေးတာတွေ၊ ခံစားရတာတွေ၊ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေ၊

၅) ပြီးတော့ ကိုယ့်အကြောင်း အကောင်းအဆိုးအားလုံးကို သူတို့သိတယ်။
 

ဒါကြောင့် သူတို့က ကိုယ့်ကို ပြင်းပြင်းထန်ထန် အပြစ်တင်ရင် နာအောင်ပြောရင် ပိုပြီးတော့ခံစားရပါတယ်။

ချစ်တဲ့သူက နာအောင်ပြောရင် ပိုနာတယ်။

ဒီထက်ပိုတာကတော့ သူတို့က ကိုယ့ိကို နာအောင်ပြောလိမ့်မယ်၊ လုပ်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ဘူး။

အဲ့ဒီလို မမျှော်လင့်တာက ပိုပြီး ယုံကျူံးမရ ဖြစ်ရတယ်။

 

ဆရာတော်ပြောတာတွေ တော်တော်မှန်ပါတယ်။ ဒီလိုချစ်တဲ့သူတွေဆီက ပေးတဲ့ဒဏ်ရာရလာရင်တော့ ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်းနဲ့ အဆင်ပြေအောင် နှစ်ဦးနှစ်ဖက် နားလည်အောင် ပြောဆိုလိုအပ်ပါလိမ့်မယ်။

မိတ်ဆွေတို့လည်း ချစ်တဲ့သူ ခင်တဲ့သူတွေဆီက ဒဏ်ရာတွေ မရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

မေတ္တာရိပ်

 

This entry was posted in ကောက်နှုတ်မှုများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s