မေတ္တာဖြင့် စီးပွားရှာခြင်း

ဗုဒ္ဓဘာသာ မြန်မာအများစု မကြီးပွားရခြင်း၏ တတိယအကြောင်းရင်းမှာ ဘာသာရေးအပေါ်မှာထားသော မေတ္တာစေတနာမျိုး စီးပွားရေးအပေါ်မှာ မထားသောကြောင့် ဟု အကျဉ်းဆိုခဲ့သည်။

အကျယ်အားဖြင့် ဗုဒ္ဓက –

ချိုသော မျိုးစေ့ကို စိုက်ပျိုးလျှင်
ချိုသော အသီးကို စားရမည်။

ခါးသော မျိုးစေ့ကို စိုက်ပျိုးလျှင်
ခါးသော အသီးကို စားရမည်။

ထို့အတူ –

ကောင်းသောအမှုကို ပြုလျှင်
ကောင်းသောအကျိုးကို ခံစားရမည်။

မကောင်းသောအကျိုးကို ပြုလျှင်
မကောင်းသောအကျိုးကို ခံစားရမည်။

ဟု ဘာသာရေး စိးပွားရေး လူမှုရေး မည့်သည့်အလုပ်ဖြစ်စေ မေတ္တာ စေတနာထားပြိး ကောင်းမွန်စွာပြုလုပ်ပါက ကောင်းသောအကျိုးကို ခံစားရမည်ဖြစ်ကြောင်း အတိအလင်းဟောကြားတော်မူခဲ့၏။

သို့သော် ဗုဒ္ဓဘာသာစီးပွားရေးသမားအများစုကား မေတ္တာစေတနာက ကောင်းကျိုးပေးသည်ဟူသော စကားကို သိပ်မယုံချင်ကြ။
 
ဓါတ်၊ ယတြာ၊ အဆောင်၊ ဂါထာမန္တာန်တို့က ကောင်းကျိုးပေးသည်ဟု ယူဆနေကြ၏။

 

ယနေ့မှစ၍ ပြတ်သားစွာ မှတ်သားပါလော့ –

လက်ယပ်ခေါ်နေသော လာဘ်ခေါ်အရုပ်က မကြီးပွားစေနိုင်။

မေတ္တာ စေတနာကသာ ကြီးပွားစေနိုင်သည်။

အစိမ်းရောင် ပုလင်းတွင် စိုက်ထားသော နှင်းဆီပွင့်က မကြီးပွားစေနိုင်။

မေတ္တာ စေတနာကသာ ကြီးပွားစေနိုင်သည်။

ဈေးဦးပေါက် ရောင်းရသော ပိုက်ဆံဖြင့် ကုန်ပစ္စည်းတို့ကို တဖျတ်ဖျတ်ရိုက်ခြင်းက မကြီးပွားစေနိုင်။

မေတ္တာ စေတနာကသာ ကြီးပွားစေနိုင်သည်။

အဆောင်ယကြာကို မယုံသူအချို့ကား ကလိန်ကျစ်လုပ်နိုင်လျှင် ကြီးပွားမည်ဟု ယုံကြည်ပြန်၏။

 

မမှန်ကန်သောနည်းဖြင့် ကြီးပွားနေသူကား “ရေပွက်ပမာ၊ တစ်သက်လျာတည်း” ဟု ပြောရမည်ဖြစ်၏။

“ခွေးရူးကောင်းစား တမွန်းတည့်” ဟူသော စကားသည် ထိုသူများအတွက် ဆိုလိုဟန်ရှိ၏။

 

လောကီ စီးပွားရေးဖြစ်စေ၊ လောကုတ္တရာ တရားတွင်ဖြစ်စေ လူတိုင်းလူတိုင်း၏နှလုံးသားသည် ပွင့်ထားသောတံခါး၊ လှန်ထားသောအိုးနဲ့ တူသင့်၏။ ဆိုလိုသည်မှာ ပွင့်ထားသောတံခါးသည် လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ ၀င်ထွက်သွားလာနိုင်သည်။ ပွင့်ထားသောအိုးသည်လည်း ရေထဲသလောက် အိုးပြည့်သည်သာဖြစ်ပါတယ်။ ကျမတို့ဟာ လူမျိုးပေါင်းစုံကို တွေ့ကြုံလာတဲ့အခါမှာ လူကောင်းသည်လည်း ကိုယ့်ဆရာဖြစ်သလို လူဆိုးသည်လည်း ကိုယ့်ဆရာပင်ဖြစ်သော်ကြောင့်ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေများလည်း ပွင့်ထားသောတံခါးနဲ့ ကံ ကံ၏အကျိုးကို ယုံကြည်ပြီး ယခုပစ္စုပ္ပုန်ဘ၀မှာ ဥာဏ်၊ ၀ိရိယ ပေါင်းစပ်ခြင်းဖြင့် အောင်မြင်တိုးတက်ပါသောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။

မေတ္တာရိပ်

This entry was posted in ကောက်နှုတ်မှုများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s