Category Archives: ကောက်နှုတ်မှုများ

လောကကြီးကို ပိုကောင်းလာစေချင်ရင်

လူအများကောင်းရင် ခေတ်ကောင်းမယ်။   တကိုယ်ကောင်းဆန်တဲ့သူတွေများလေ လူလောကမှာ အခက်အခဲတွေ မမျှတမှုတွေ များလေဖြစ်မယ်။   မျှတသော သဘောထားရှိလာအောင် ကိုယ့်ကိုယ်ကနေစပြီးတော့ ကိုယ့်စိတ်ထားကို မြှင့်တင်ပေးရမယ်။   ကိုယ့်စိတ်မှာ မတရားလောဘဖြစ်နေတာကို မြင်ပြီးတော့ လျှော့နိုင်ရင် ကိုယ့်စိတ်ထားမြင့်လာတယ်။ မတရားလောဘ နည်းသွားတဲ့သူဟာ မျှမျှတတတွေးပြီး အေးအေးဆေးဆေးလုပ်တတ်လို့ စိတ်ချမ်းသာမှု ပိုရတယ်။ တဖတ်သတ် အသာရအောင် မကြိုးစားလို့ ဆွေးနွေးရတာ၊ အပေးအယူလုပ်ရတာ ပိုပြီး ပြေလည်တယ်။   ဒါကြောင့် အများနဲ့ဆက်ဆံရေးမှာ အများရဲ့ ယုကြည်မှုကို ရတဲ့အတွက် စိတ်ချမ်းသာတယ်၊ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

သူ့ဂုဏ်နိမ့်မှ ကိုယ့်ဂုဏ်မြင့်မှာလား

လူအများစုဟာ နေ့စဉ် စိတ်ဆိုးတာ၊ စိတ်ညစ်တာ၊ အလိုမကျတာ၊ မုန်းတာ၊ အထင်သေးတာ၊ အပြစ်တင်တာ၊ ရှုံ့ကျတာ တွေ လုပ်မိနေတယ်။ ပါးစပ်က ထုတ်မပြောတောင်မှ စိတ်ထဲမှာတော့ ဒီလိုအတွေးတွေ မကြာခဏတွေးတတ်တယ်။ ဒီလိုအတွေးတွေဟာ စိတ်အင်အားကို အများကြီး ပြုန်းတီးနေတယ်။         အပြစ်တင်တာ၊ ရှုံ့ကျတာ၊ ဝေဖန်ချင်နေတာ ဘာကြောင့်လဲ။   သူများကို အပြစ်တင်ရှုံ့ချနေရမှ ကိုယ့်မှာ နေလို့ ဖြစ်သလား။ သူများကို အပြစ်တင်နေရတာ ကိုယ့်ရဲ့မရှိမဖြစ်လိုအပ်တဲ့ ကိစ္စလား။ သူများကို ထိခိုက်သွားအောင် ပြောနိုင် … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

ဝေဖန်တဲ့အတွက် ကျေးဇူးတင်ပါတယ်

ဝေဖန်တာကို ခံရတဲ့အခါ များသောအားဖြင့် ပုံစံ ၂ မျိုးရှိတယ်။ ပထမပုံစံက ငြင်းပယ်ဖို့၊ ဖုံးကွယ်ဖို့ ကြိုးစားတယ်။ ဒုတိယပုံစံက ငြင်းလို့မရ၊ ဖုံးလို့မရရင် ပြန်ပြောတယ်။ ချီးမွမ်းတိုင်း၊ ကဲ့ရဲ့တိုင်း စိတ်ဆိုးတတ်တဲ့သူဟာ စိတ်မခိုင်သောသူ ဖြစ်တယ်။   ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူ၊ ကိုယ့်အလုပ်ကို ကိုယ်အတတ်နိုင်ဆုံးကောင်းအောင် လုပ်တဲ့သူဟာ စိတ်ကျေနပ်မှုရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။ သူများချီးမွမ်းတာပေါ်မှာ မှီခိုမှုမရှိဘူး။ လွတ်လပ်နေတယ်။   ကိုယ့်ကို သူများက ဝေဖန်တဲ့အခါ သူထောက်ပြတဲ့အမှား၊ ချို့ယွင်ချက် ကိုယ့်မှာ ရှိနေသလားဆိုတာကို … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

လူ့အသိုင်းအ၀ိုင်းရဲ့ ကျက်သရေ

တိုင်တိုင်ပင်ပင် အပေးအယူရှိပြီးတော့ လေးလေးစားစား ဆက်ဆံသွားရင် ပူးပေါင်းဆောင်ရွက်သွားရင် အများကြီးရတယ်။   ဂုဏ်သိက္ခာရှိရှိ  dignity ရှိရှိ ဆက်ဆံတတ်သွားရင် ဘ၀ဟာ ပိုပြီးကျေနပ်စရာကောင်းမယ်။   ဒီလိုလူတွေများတဲ့ လူ့အသိုင်းအ၀ိုင်းဟာ အဆင့်မြင့်တဲ့ လူ့အသိုင်းအ၀ိုင်းဖြစ်မယ်။     “ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလို့”   လူတစ်ယောက်ကိုကောင်းစေချင်ရင် သူ့ကိုတန်ဘိုးထားရမယ်၊ လေးစားရမယ်။ သူ့ကိုတန်ဘိုးထားလေးစားမှ သူ့ကိုယ်ကိုလည်း လေးစားတန်ဘိုးထားမယ်။ ဒါမှ လူတော်လူကောင်းတစ်ယောက်ဖြစ်လာမှာ။   ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတာ၊ အသိအမှတ်ပြုတာ၊ လေးစားတာ အကောင်းဆုံးပဲ။ အဲ့ဒီလို လုပ်နိုင်တာ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

အဆင့်အတန်း မြင့်မားတဲ့စိတ်

ကိုယ့်ကိုယ်ကို လေးစားတဲ့သူဟာ သူတစ်ပါး ဒုက္ခ ရောက်အောင် မလုပ်ဘူး။   ခင်မင်လေးစားတဲ့စိတ်ဟာ အဆင့်အတန်းမြင့်မားတဲ့စိတ် ဖြစ်တယ်။ မေတ္တာစိတ် ကရုဏစိတ်က မြင့်မြတ်တဲ့စိတ်ဖြစ်တယ်။   ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့နေရာပေးမှု၊ အသိအမှတ်ပြုမှု၊ ခင်မင်မှု ကို ရနေမှ ဖြစ်မယ်။ လူတွေရဲ့ လိုလိုချင်ချင် နေရာပေးမှု၊ အသိအမှတ်ပြုမှု၊ ခင်မင်မှုကို ရတဲ့သူဟာ ကိုယ့်ကိုယ်ကို ပိုပြီးကျေနပ်တယ် ယုံကြည်မှု တိုးတယ်။   ကိုယ်ကလည်း သူတစ်ပါးကို လေးစားတတ်ဖို့ လိုသလို သူများကလည်း ကိုယ့်ကို လေးစားဖို့လိုတယ်။ (ဒါတွေကို … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

လူအမျိုးမျိုး

“သိက္ခာ ရှိရှိနေမယ်”  – ဘ၀ကို တန်ဘိုးရှိရှိ၊ အဓိပ္ပါယ် ရှိရှိနေဖို့၊ ဘ၀အရည်အသွေးမြင့်မားစေဖို့ စာအုပ်မှ ကောက်နှုတ်ထားပါသည်။     “ကိုယ်နဲ့ မတူတဲ့သူ”   ပညာဥာဏ် သိပ်နိမ့်တဲ့သူတွေဟာ စိတ်ပိုင်း နာမ်ပိုင်း မြင့်မြတ်မှုတွေကို တန်ဘိုးထားရမှန်း မသိကြတာ များတယ်။     “သဘာဝကို နှစ်သက်တဲ့သူ”   စိတ်နေသဘောထား အေးချမ်းပြီး သိမ့်မွေ့နူးညံ့တဲ့သူဟာ ပတ်ဝန်းကျင်မှာ မြင်ရတဲ့သဘာဝကို နှစ်သက်တယ်။ တန်ဘိုးထားတယ်။   စိတ်ဆင်းရဲတဲ့သူ စိတ်ပူလောင်နေတဲ့သူဟာ ဘာကိုပဲကြည့်ကြည့် ပူလောင်တဲ့ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

အထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း

ယသော အယသော ဟူဆိုသော လောကဓံ   အထီးကျန် ဖြစ်ဖို့ အကြောင်း  –   အရေးကြီးဆုံးသည် မိသားစု ဆက်ဆံရေး။   အကြီးဆုံးသော ဒုက္ခသည် အပေါင်းအဖော် မရှိခြင်း။   အများဆုံးသည် တစ်အိမ်တည်းမှာနေပြီး တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ်ကောက်လွှဲနေတယ်။ စကားကို ဆုံးအောင် နားမထောင်ဘူး၊ ကိုယ်ချင်းမစာဘူး၊ နားမလည်ဘူး။   တချို့ကိစ္စတွေမှာ ကိုယ့်ဟာကိုယ်ပဲ ပြန်ပြီးတော့ ရှက်ရတဲ့ ကိစ္စတွေရှိချင်ရှိမယ်။ မအောင်မြင်တဲ့ ကိစ္စတွေရှိမယ်။ ကိုယ့်စိတ်ထဲမှ ရှက်တာ၊ ကြောက်တာ၊ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

အဖော်ရှိမှ နေလို့ရမှာလား။

ပြင်ပ အာရုံပေါ်မှာ မှီခိုလေလေ အဲ့ဒီအာရုံမရှိတဲ့အခါမှာ မနေတတ် မထိုင်တတ် ဖြစ်လေလေပါပဲ။ ဒါတွေဟာ ဘ၀ကို အနှစ်မဲ့သောအရာ၊ အသိဥာဏ်ကို တုံးစေသော အရာဖြစ်တယ်။   တကယ့် အဖော်သည် ကိုယ့်စိတ်သည်ပင်ဖြစ်သည်။ ကိုယ့်စိတ်ကို သိသောသူသည် ပြင်ပအဖော်ရှာရန်မလိုဘူး။   ဘ၀သံသရာကို – တစ်ကိုယ်တည်း သွားနေတာပါ။ အဖော်မရှိပါဘူး။   ကိုယ့်စိတ်သာလျင် ကိုယ့်မိတ်ဆွေ။ (Mindfulness and Freedom go together) သတိနှင့်လွတ်လပ်မှု သည် အတူတူရှိနေတယ်။    လူတိုင်းမှာ အားငယ်စိတ်၊ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

ရေလှူဒါန်းခြင်း အကျိုး ၁၀ ပါး

ရေလှူဒါန်းခြင်း အကျိုး ၁၀ ပါး ၁) ခန္ဓာကိုယ်တစ်ခုလုံး အနာရောဂါကင်းပြီး သန့်ရှင်းစင်ကြယ်တယ်။ ၂) ထင်ရှားကျော်ကြားပြီး လူသိများတယ်။ ၃) တပည့်သားသမီးမိတ်ဆွေ အဖော်အခြံအရံများပြားတယ်။ ၄) လေးလံထိုင်းမှိုင်းခြင်းမရှိဘဲ လျှင်မြန်သွက်လက်တယ်။ ၅) အစာရေစာမွတ်သိပ်ဆာလောင်ခြင်းဘေးက အမြဲလွတ်ကင်းတယ်။ ၆) အသက်ရှည်တယ်။ ၇) အဆင်းလှတယ်။ ၈) ခန္ဓာကိုယ်က အမြဲတန်းအေးချမ်းနေတယ်။ ၉) ခွန်အားဗလကြီးတယ်။ ၁၀) ဉာဏ်ပညာကြီးမားတယ်။      

Posted in ကောက်နှုတ်မှုများ | Leave a comment

အလိမ်ခံရခြင်း အကြောင်းရင်းများ

သူတို့ကြောင့် အလိမ်ခံရတာ လောက၌ သူတစ်ပါးလိမ်လည်ခြင်းကို ခံရသောသူဟူသမျှသည် သူတစ်ပါးတို့၏ ကောက်ကျစ်သောဉာဏ်ဟူသော သူတစ်ပါးတို့၏ ကောက်ကျစ်စဉ်းလဲ့သော ဉာဏ်ဟူသော ဗစိဒ္ဓရန်သူကို မိမိ၏ လိုချင်ရမ္မက်ငမ်းငမ်းတက်ခြင်းဟူသော အတွင်းရန်သူ နှင့် မိုက်မဲခြင်း၊ အဆင်ခြင်ပညာမရှိခြင်း ဟူသော မောဟ၊ အတွင်းရန်သူနှစ်ယောက်တို့က ပူးပေါင်းအားပေးကာ နှိပ်စက်ကြခြင်းကြောင့် အတိဒုက္ဘရောက်၍ အလိမ်ခံရခြင်း ဖြစ်ချေသည်။ သူတစ်ပါးကို လိမ်တက်သော သူတို့သည်လည်း မည်သည့် ဆေး၊ အင်းအိုင်၊ လက်ဖွဲ့သည်တို့ကြောင့် မဟုတ်။ စင်စစ်ကား သူတစ်ပါးတို့၏ လောဘကို တက်ကြွအောင်ပြုခြင်း၊ သူတစ်ပါးတို့၏ မောဟကို ပွားများစေခြင်း၊ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment