အခွင့်အရေးနဲ့ တာဝန်
အခက်အခဲဆိုတာ ဘ၀ရဲ့သဘာဝတွေပါပဲ။
ဘာအခက်အခဲမှမရှိတဲ့ ဘ၀ကိုနေရတဲ့သူဟာ ဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး။
အားလုံးသဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်။ ပိုပြီးတော့ ပြေလည်သွားမယ်။
ပြဿနာကို နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက်တယ်။
ပြဿနာကို နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး။
အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာကို ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။
ဒါပေမယ့် ကိုယ်နိုင်သလောက် အခက်အခဲရှိမှကောင်းတယ်။ ရုန်းကန်နေမှ ကောင်းတယ်။ အခက်အခဲတွေဟာ အကျိုးရှိပါတယ်။
တချို့လူတွေဟာ အခက်အခဲမရှိတဲ့ဘ၀ကို တောင်းတကြတယ်။
အခက်အခဲမရှိတဲ့ဘ၀မှာ လုပ်စရာမရှိဘူး။ ဉာဏ်လည်းမထုတ်ရတော့ဘူး။
ပြဿနာတွေ အခက်အခဲတွေ ဒုက္ခတွေ ပညာရဖို့နဲ့ အသိဉာဏ်ကြီးဖို့ရာ အတွေ့အကြုံတွေပါ။
အခက်အခဲမရှိတဲ့ဘ၀မှာ သစ်ပင်တောတောင်မရှိတဲ့ လွင်တီးခေါင်ကြီးနဲ့တူတယ်။ 
အခက်အခဲမရှိတဲ့ဘ၀မှာ စိတ်ဓါတ်နဲ့ အသိဉာဏ် ရင့်ကျက်မှု မြင့်မြတ်မှု ဖြစ်လာဖို့ အခွင့်အရေးမရှိတဲ့ဘ၀ပဲ။
ဘ၀ဆိုတာ စာမေးပွဲအဆင့်ဆင့်ပဲ။ နေ့တိုင်းစာမေးပွဲ အစစ်ခံနေရတာနော်။
စာမေးပွဲတွေကို အစစ်ခံရပြီး အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့သူဖြစ်လာတယ်။
ကြီးပွားတဲ့သူဖြစ်လာတယ်။ အသိဉာဏ်ရော စိတ်ဓါတ်ရော ကြီးပွားလာတယ်။
ဒုက္ခနဲ့မကြုံဘဲနဲ့ ကိုယ်ဆင်းရဲမှု မကြုံဘဲနဲ့ ဘ၀ခရီးကိုဖြတ်သန်းသွားလို့ မရပါဘူး။
အကြောင်းရင်းက စိတ်တွင်းမှာ
တရားအားထုတ်ခြင်းအားဖြင့် စိတ်တည်ငြိမ်မှု အေးချမ်းမှု ရင့်ကျက်မှု ရလာမယ်။
ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာတဲ့အခါ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်ဆင်းရဲမှု သိပ်မဖြစ်တော့ဘူး။
ခန္ဓာကိုယ်ဆင်းရဲမှုတွေလည်းရှိမယ်။
ပတ်ဝန်းကျင်မှာလည်း အဆင်မပြေမှုတွေ ရှိမှာပဲနော်။
အဲလိုအဆင်မပြေမှုတွေရှိသော်လည်းပဲ စိတ်ထဲမှာ လွန်လွန်ကဲကဲ ပင်ပန်းမှု ဆင်းရဲမှု မဖြစ်အောင် နေတတ်ရင်ရတယ်။
ဒါ့ကြောင့် ဗုဒ္ဓက နကုလပိတာ
“အာတုရ ကာယဿ မေ သတော၊ စိတ္တံ အနာတုရံ ဘ၀ိဿတ။”
ကိုယ်မှာပင် နာကျင်နေသော်လည်း စိတ်မှာ မနာကျင်အောင် နေရမယ်။
လောကဓံတရားနဲ့ကြုံတဲ့အခါ ကိုယ်စိတ်ဆင်းရဲသွားမယ်။ စိတ်ဆိုးသွားတယ်။ မုန်းသွားတယ်။
အဲ့ဒီအချိန်မှာ သတိရှိဖို့ လိုအပ်တယ်။ အဲ့ဒီအတွေ့အကြုံထဲက အသိဉာဏ်ကိုထုတ်ယူရမယ်။
အသိဉာဏ်ထုတ်ယူတဲ့အခါမှာ သူဘာကြောင့်မှားသွားတာလဲ ဆိုတာထက် ကိုယ်ဘာမှားသွားတာလဲဆိုတာ ပထမဦးဆုံး အရေးကြီးသိဖို့လိုပါတယ်။
 ကိုယ်ဘာကြောင့် စိတ်ဆင်းရဲသွားတာလဲ။ ငါစိတ်ဆင်းရဲတဲံအကြောင်းဟာ ငါ့အတွင်းမှာ ရှိနေတယ်။
အဲ့ဒီလိုမြင်အောင် ကြည့်ရမယ်။ အဲ့ဒီလိုမြင်သွားရင် ကိုယ့်အတွက် အကျိုးများဆုံးပဲ။
နောက်မှ သူဘာမှားသွားလည်းဆိုတာကို ကြည့်ပါ။
တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုဆိုတာ ဖြစ်ရိုးထုံးစံပါ။
လူတစ်ယောက်နဲ့တစ်ယောက် အဆင်မပြေ ဖြစ်တိုင်း ဖြစ်တိုင်း ကိုယ့်လောကကြီးက နဲနဲကျဉ်းသွားတယ်။
လူတစ်ယောက်ကို ကိုယ့်လောကထဲက ထုတ်ပစ်လိုက်တိုင်း ပစ်လိုက်တိုင်း ကိုယ့်ဘ၀ဟာ ကြာလေ ကျဉ်းလေ ကျဉ်းလေ ဖြစ်သွားလိမ့်မယ်။
ကိုယ်လုပ်တဲ့အလုပ်ကို ပိုကောင်းအောင် လုပ်ချင်တယ်။
ပင်ပန်းတာလည်းသက်သာစေချင်တယ်ဆိုရင် စိတ်ကိုတည်ငြိမ်အောင် အေးချမ်းအောင် လေ့ကျင့်ပြီးတောင် အလုပ်လုပ်တိုင်းမှာ တခြားစိတ်ပင်ပန်းစရာမတွေးဘဲနဲ့  အလုပ်ကို အာရုံစူးစိုက်ပြီးလုပ်တဲ့ အကျင့်ကိုလုပ်ပါ။
ကိုယ့်လုပ်တဲ့ အလုပ်ကိုအကောင်းဆုံးစိတ်ထား အကောင်းဆုံးအရည်အချင်းနဲ့ လုပ်နိုင်အောင်၊ ကိုယ့်စိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင် စိတ်ချမ်းသာနေအောင် သတိနဲ့နေတဲ့အလေ့အကျင့်ကို အချိန်မရွေး နေရာမရွေး လုပ်သင့်တယ်။
ရေရှည်မှာ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ဘ၀ကို အဆုံးအဖြတ်ပေးပါတယ်။
အလုပ်လုပ်လို့ ပင်ပန်းတာထက် ဆက်ဆံရေး အဆင်မပြေလို့ စိတ်ပင်ပန်းတာ ပိုဆိုးတယ်။
သင်ဆဲတာကို ငါဘုရားမယူ
တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။ ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲလို့ ဗုဒ္ဓကိုမေးတယ်။
ဗုဒ္ဓက – အသင် ပုဏ္ဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ ပုဏ္ဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူးတဲ့။
ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။
ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။
ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။
တာဝန်
You have one and only one central need in your life to become the best that you can to realise the best of your potential.
သင့်ဘ၀မှာ အဓိကအကျဆုံး အခြေခံအကျဆုံး အချက်အခြာအကျဆုံး လိုအပ်ချက်တစ်ခုပဲရှိပါတယ်။. ကိုယ့်ကိုယ်ကိုကိုယ်ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်လာဖို့။ ကိုယ့်မှာအရည်အချင်းအများကြီးရှိတဲ့ထဲက အကောင်းဆုံးအရည်အချင်းကို အကောင်အထည်ဖော်ဖို့။ အဲဒါဟာ သင့်ဘ၀မှာ တစ်ခုတည်းသော အချက်အချာအကျဆုံး အဓိကအကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။
အဲ့ဒါတွေကို လုပ်နိုင်ရင် ကိုယ့်ကိုယ်ကို သိပ်ကျေနပ်မှာပဲ။ ကိုယ့်ဥစ္စာပစ္စည်းတွေ တစ်ခုမှမကျန်အောင် ဆုံးရှူံးသွားပါစေဦး။ ကိစ္စမရှိဘူး။ ခံနိုင်ရည်ရှိသွားတယ်။
လူတွေ ဘာလို့ မငြိမ်းချမ်းသလဲ ဆိုတာကို အရိုးရှင်းဆုံးဖြေရင် မငြိမ်းချမ်းတာကို တွေးနေလို့ မငြိမ်းချမ်းတာပါ။
ငါးမိနစ်လောက် မငြိမ်းချမ်းတာကို မတွေးဘဲနေလိုက်ပါ။ သူ့အလိုလိုငြိမ်းချမ်းလာပါလိမ့်မယ်။
အတွေးတွေရဲ့အစွမ်းသတ္တိတွေကို သိဖို့ အင်မတန်လိုအပ်တယ်။
မကောင်းတာတွေးနေရင် မကောင်းတာတွေပဲ ဖြစ်လာမှာပဲ။ ကောင်းတာတွေးနေရင် ကောင်းတာတွေ ဖြစ်တာများမှာပဲ။
ဖြစ်လာတဲ့ ပြဿနာတွေကို သတိကြီးကြီး ဉာဏ်ကြီးကြီးနဲ့ ဖြေရှင်းမယ်။
ငါ့ဘ၀မှာ ငါရည်မှန်းချက်အောင်မြင်ဖို့အတွက်
ငါ့မှာဆန္ဒပြင်းပြမှုလည်းရှိတယ်။
ဝီရိယလည်းရှိတယ်။
စိတ်လည်းရှိတယ်။
ဘယ်လိုလုပ်ရင် ရမယ်ဆိုတဲ့နည်းလမ်းကိုလည်း ငါသိတယ်ဆိုတဲ့ အဲ့ဒီလေးပါးနဲ့ ညီညွတ်တဲ့သူဟာ မျှော်လင့်ချက်ရှိတဲ့သူပဲ။
It is your right and responsibility to be a happy peaceful person.
ကြည်လင်ရွှင်လန်းနေတဲ့သူ၊ ငြိမ်းချမ်းနေတဲ့သူဖြစ်ဖို့ သင့်မှာအခွင့်အရေးလည်းရှိတယ်။ တာဝန်လည်းရှိတယ်။
Intensionally or Unintentionally, consiouslly or unconsiouslly you will make other people around you unhappy, if you are not happy and peaceful.
ကိုယ့်မှာ ကြည်လင်မှု၊ ရွှင်လန်းမှု၊ ငြိမ်းချမ်းမှုမရှိလို့ရှရင် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သိဖြစ်တော့ဖြစ်စေ မသိဘဲနဲ့ဖြစ်စေ သူများကို စိတ်ဆင်းရဲအောင် လုပ်မိတတ်တယ်။ ကိုယ်စိတ်မချမ်းသာမှုကို သူများအပေါ် သွန်ချလိုက်တာ မတရားဘူးလို့ ထင်ပါတယ်။ ကိုယ့်ဟာကို ရထားတဲ့နည်းဖြစ်စေ၊ တရားအားထုတ်တဲ့နည်းဖြစ်စေ၊ မိတ်ဆွေကောင်းနဲ့ တိုင်ပင်ဖြေရှင်းတဲ့နည်းဖြစ်စေ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းရမယ်။ ကိုယ့်တာဝန် ကိုယ်ယူရမယ်။
You owe it yourself and to all those people you care about and who are close to you.
ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ရာ ကိုယ့်ကိုယ်ကိုပေးရမယ့်အရာ ဖြစ်တယ်။ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ ကိုယ်အနားမှာရှိတဲ့သူတွေကိုလည်း ပေးရမယ့်အရာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင် နေလိုက်တာကိုက သူတို့ကို ပေးပြီးသားဖြစ်သွားတယ်။
Mediation is human nature.
တရားအားထုတ်တယ်ဆိုတာ လူ့သဘာဝပါ။ လူ့သဘာဝဖြစ်လို့ ဘုရားမပွင့်ခင်ကတည်းက တရားအားထုတ်မှုဆိုတာရှိတာပဲ။
Mediation is human need.
တရားအားထုတ်တယ်ဆိုတာ လူတွေရဲ့လိုအပ်ချက်ပါပဲ။
တရားအားမထုတ်တဲ့သူဟာ စိတ်မှာချို့တဲ့မှုရှိပါတယ်။
တရားအားမထုတ်တဲ့သူဟာ စိတ်မကျန်းမာနိုင်ဘူး။
သူပျော်ရွှင်ရင် အရူးတစ်ယောက်လိုပျော်ရွှင်တယ်။
စိတ်ညစ်တဲ့အခါမှာ အရူးတစ်ယောက်လိုပဲ ဖြစ်တယ်။ Healthy မဖြစ်ဘူး။
ကိုယ့်စိတ်ကို ကိုယ်သိရင်ပဲ loneliness အဖော်မရှိသလို ခံစားရတာ တော်တော်သက်သာသွားတယ်။
ကိုယ့်စိတ်ကို သေသေချာချာသိရင် သောကလည်းတော်တော်သက်သာသွားတယ်။
လုပ်စရာရှိတာတွေကို နည်းလမ်းရှာပြီးလုပ်သွားနိုင်တယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်လာတယ်။
You see your experience in your daily life differently, you think differently.
စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ စဉ်းစားပုံ တွေးခေါ်ပုံ အရင်နဲ့မတူတော့ဘူး။ တန်ဖိုးထားတာတွေမတူတော့ဘူး။
You have less personal bias.
စိတ်ငြိမ်းချမ်းသွားရင် ကိုယ့်ဘက်ဆွဲယူတာ နဲသွားတယ်။အယူအဆ မတူတာတွေရှိလာရင် မျှမျှတတကြည့်တတ်လာတယ်။ကိုယ့်ဘက်ရော သူဘက်ရော ထောင့်စေ့အောင်ကြည့်ဖို့ သဘောထားကြီးကြီးထားတတ်လာတယ်။ ကိုယ်လိုသလို တစ်ဖက်သတ်အဓိပ္ပါယ်မကောင်းဘူး။ တကိုယ်ကောင်းမဆန်ဘူး။ တစ်ဖတ်သတ်အနိုင်းမယူဘူး။
You don’t react automatically.
တစ်ခုခုကြုံလိုက်တိုင်း ချက်ချင်းတုံ့ပြန်တဲ့သူဟာ ချင့်ချိန် စဉ်းစားတတ်တဲ့ဉာဏ်မရှိဘူး။ လွတ်လပ်မှုလည်း သူ့မှာမရှိဘူး။
လုပ်သင့်တာကို အေးအေးဆေးဆေးနဲ့ လုပ်သွားတယ်။ ပြောသင့်တာကို အေးအေးဆေးဆေးနဲ့ ပြောသွားတယ်ဆိုရင် သူ့မှာ သတိရှိတယ်။ ဉာဏ်ရှိတယ်။ ချင့်ချိန်နိုင်တယ်။ သူ့မှာ လွတ်လပ်မှုရှိတယ်။
Gratefulness is heaven itself.
ကျေးဇူးတင်တတ်စိတ်ဟာ သုခဘုံကြီးပါ။ အင်မတန်စိတ်ချမ်းသာတဲ့စိတ်ဖြစ်တယ်။ ဒါ့ကြောင့်ကျေးဇူးကိုရှာပြီး တင်ဖို့ လိုပါတယ်။
အမှန်တော့ တစ်ဦးအပေါ် တစ်ဦး၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ တစ်ဦးကျေးဇူး တစ်ဦးမှာရှိပါတယ်။
ကြည့်တတ်ရင် ရန်သူတောင်မှ ကျေးဇူးရှိပါတယ်။ သူ့ကြောင့်ကိုယ့်မှာ ရင့်ကျက်လာတယ်။ တိုးတက်လာတယ်။ ခံနိုင်ရည် ပိုရှိလာတယ်နော်။
အခက်အခဲ ဒုက္ခတွေဟာ ကိုယ့်ကိုရင့်ကျက်အောင် လုပ်ပေးတယ်။
ကိုယ့်ကို အပြစ်တင်တဲ့သူ၊ ဝေဖန်တဲ့သူကအစ တကယ်တော့ ကျေးဇူးရှင်ပါပဲ။
အကူအညီပေးတဲ့သူဆိုတော့ ပြောဖွယ်ရာမရှိပါဘူး။ အင်မတန် ကျေးဇူးကြီးပါတယ်။
သိပြီးတော့ မလုပ်လို့ရှိရင် မသိသေးလို့ပဲ။
နဲနဲသိရင် နဲနဲလုပ်ပါ။ များများသိရင် များများလုပ်ပါ။
အညွှန်း- ဆရာတော် ဦးဇောတိကရဲ့ အခွင့်အရေးနဲ့တာဝန် စာအုပ်မှ ကောက်နှုတ်ထားပါတယ်။
This entry was posted in ကောက်နှုတ်မှုများ and tagged . Bookmark the permalink.
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s