သဘောထားမှန်ပါစေ

လူဟာ အသိဉာဏ်ကို လိုလားတဲ့သတ္တ၀ါဖြစ်တယ်။

သူ့ဘ၀ဟာ ဘာအဓိပ္ပါယ်ရှိလဲဆိုတာ သိချင်တယ်။

 

လူဟာ သိချင်တတ်ချင်စိတ် ရှိတယ်။ လုပ်ချင်ကိုင်ချင်စိတ်လည်းရှိတယ်။

အဲ့ဒီ သိချင်တတ်ချင်စိတ် လုပ်ချင်ကိုင်ချင်စိတ် မပျောက်ကင်းအောင် ထိန်းသိမ်းဖို့ပဲလိုတယ်။

 

အမှန်ကိုပြောရမယ့်တာဝန် ရှိတယ်

ဘယ်လိုအမှန်တရားဖြစ်ဖြစ် ဘယ်သူကပြောပြော ဘာအကြောင်းအရာနဲ့ ပတ်သက်တာပြောပြော အမှန်တရားမှန်သမျှ တန်ဘိုးရှိတယ်။ အမှန်တရားကို တန်ဘိုးထားရမယ်။

လောကမှာ အမှားတစ်ခုကို အမှားလို့သိပြီး အသိအမြင်အမှန်ကို တွေ့ပြီးတော့ ပြောင်းလဲသွားတာဟာ လူသားတစ်ရပ်လုံးရဲ့တိုးတက်မှုပါပဲ။

အမှန်ဘက်ကိုရောက်တိုင်း ရောက်တိုင်း လူဟာ အသိဉာဏ်ကြောင့် လွတ်လပ်မှုတစ်မျိုး ရသွားတယ်။ ဒုက္ခသက်သာသွားတယ်။

 

တစ်ဦးပြောတာကို တစ်ဦးက အေးအေးဆေးဆေး နားထောင်တယ်။ လေးလေးစားစား နားထောင်တယ်။

တစ်ယောက်ကို တစ်ယောက် ငါသိတာ အမှန်၊ မင်းသိတာ အမှား လို့ မပြောဘူး။

ငါတင်တာလည်း တင်ပြမယ်။ မင်းသိတာလည်း တင်ပြ တို့ချင်းဆွေးနွေးမယ်။

တဖြည်းဖြည်း တို့အမြင်ချင်း ဖလှယ်လိုက်တဲ့အခါကျမှ ပိုပြီးတော့မှန်တဲ့ဘက်ကို နီးသွားမယ်။

 

အမှန်ကိုတကယ်လိုလားတဲ့သူဟာ သဘောထားအင်မတန်ကြီးရမယ်။

 ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ၊ ဂိုဏ်းစွဲ မရှိရဘူး။

ဘယ်ဝါဒပဲဖြစ်ဖြစ်၊ ဘယ်အုပ်စုပဲဖြစ်ဖြစ် အဲဒါကို သဘောထားကြီးကြီးနဲ့ မျှမျှတတ ထားရတယ်။

အမှန်တရားကို သိဖို့ရာမှာ အကြီးအမားဆုံး အတားအဆီးက သဘောထားမှားနေလို့ပါ။

အမှန်တရားကို တန်ဘိုးထားတဲ့သူဟာ ကိုယ့်အမှားကို ပြင်ဖို့ ၀န်မလေးဘူး။

အယူအဆမှန်ရင် တန်ဘိုးထားတယ်။ လက်ခံတယ်။

သူများအယူအဆမှားနေရင်လည်း စိတ်ရှည်ရှည်နဲ့ရှင်းပြမယ်။ 

ကိုယ်လည်း မှားတဲ့အခါရှိတယ်ဆိုတာကို မမေ့ဘူး။

ကိုယ့်အယူအဆကို သူများက လက်မခံရင်လည်း ဒေါသဖြစ်စရာမလိုပါဘူး။ သဘောထားကြီးကြီးထားရမယ်။

အမှန်တရားကို သိဖို့ဆိုရာမှာ တစ်စုံတစ်ယောက်က ကိုယ့်ကိုအတင်းအကျပ် စေခိုင်းလို့မရဘူး။

ဆရာကလည်း လွတ်လပ်စိတ်နဲ့ပြောမှရတယ်။ တပည့်ကလည်း ပုဂ္ဂိုလ်စွဲမထားတဲ့စိတ်၊ လွတ်လပ်စိတ်၊ အမှန်တရားကိုသိချင်တဲ့စိတ် ရှိဖို့လိုအပ်တယ်။

အင်မတန်သဘောထားမှန်ဖို့ အရေးကြီးတယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။ ဒီသဘောထားကို နေရာတိုင်းထားဖို့လိုတယ်။

 

လူလူချင်း အားလုံးကို လေးလေးစားစား ဆက်ဆံရမယ်။ ခွဲခြားမှု ဘာမှမရှိသင့်ဘူး။

ငါက လူကြီးမို့လို့ ငါ့စကားနားထောင်၊ မှားရင်လည်းကိစ္စမရှိဘူး။ ပြန်မပြောနဲ့။

အဲဒီသဘောထားမျိုးက အမှန်ကို မသိနိုင်အောင် တားဆီးတဲ့သဘောထား ဖြစ်တယ်။

ဘယ်သူပြောတာပဲဖြစ်ဖြစ် နားထောင်ပါ။ ကိုယ့်ဉာဏ်နဲ့ ကိုယ်ချင့်ချိန်ပါ။

လက်တွေ့စမ်းကြည့်ပါ။ စမ်းကြည့်ပြီး လွတ်လွတ်လပ်လပ်ကြီး လုပ်သွားပါ။

 

ပြောတဲ့အတိုင်း မှတ်သားပြီး လုပ်တဲ့သူဟာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်မှု မပါတော့ဘူး။ အဲဒါဆို တကယ်သိမှာ မဟုတ်တော့ဘူး။

ပြောတဲ့အတိုင်း လုပ်တဲ့သူဟာ ပြောမယ့်သူမရှိရင် မလုပ်တတ်တော့ဘူး။

ပြောမယ့်သူမရှိရင် မလုပ်တတ်တဲ့သူဟာ မတိုးတက်ဘူး။ မပြောရင် လုပ်ဖို့ မလိုဘူးလို့လည်း တွေးတတ်တယ်။

 

အညွှန်း- ဆရာတော် ဦးဇောတိက – အခွင့်အရေးနှင့်တာဝန် စာအုပ်မှ ကောက်နှုတ်ထားပါတယ်။

This entry was posted in ကောက်နှုတ်မှုများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s