ဝိပဿနာ သုံးမျိုး

ဝိပဿနာ ၃ မျိုး

၁) သမထပုဗ္ဗင်္ဂမ ၀ိပဿနာယာနိယနည်း – သမမထ ရှေ့သွားရှိသော ၀ိပဿနာနည်းလို့ ခေါ်တယ်။ 

    ကမ္မဋ္ဌာန်း ၄၀ ထဲက တစ်ခုခုပွားတယ်။ ခုခေတ်မှာတော့ အာနာပါန သမထ ကို အသုံးများတယ်။ အဲ့လိုပွားရင် သမထ ၂မျိုး ရတယ် – ဥပစာရသမာဓိ လို့ခေါ်တဲ့ ဈာန်အနီးအနားမှာဖြစ်တဲ့ သမာဓိ၊ နှင့် အပ္ပနာသမာဓိ လို့ခေါ်တဲ့ ပဋ္ဌမဈာန်ကနေ စတုတ္တဈာန်ထိ ဈာန်တစ်မျိုးမျိုးကို ရသွားတဲ့ သမာဓိ။ အဲ့ဒီလိုရသွားတဲ့အခါမှ ခန္ဓာငါးပါး ၀ိပဿနာကို ရှုပွားတာပါ။

 

၂) ယုဂန္ဓနနည်း – ထမ်းပိုးထမ်းနည်းလို့ အဓိပ္ပါယ်ရတယ်။ သမထကိုပွားလိုက်၊ ၀ိပဿနာကိုပွားလိုက်နဲ့ နှစ်ခုတွဲပြီးပွားတာကို ယုဂန္ဓနည်း လို့ခေါ်တာပါ။ ဒီနည်းကလည်း ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ တစ်ခုခုနဲ့ပွားတာပါပဲ။

 

၃) ၀ိပဿနာပုဗ္ဗင်္ဂမ သမထယာနိကနည်း (သုဒ္ဓ ၀ိပဿနာ) – ၀ိပဿနာရှေ့သွား၊ သမထနောက်လိုက် လိုဆိုနိုင်ပါတယ်။

ရုပ်နာမ်ခန္ဓာ ဖြစ်ပျက်ပုံကို ပရမတ်ပေါက်အောင် နာယူပြီး မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတိုင်း၊ တွေးကြံသိတိုင်း ခန္ဓာငါးပါး အနိစ္စအမြဲမရှိလို့ ၀ိပဿနာ သက်သက်ကိုသာ ရှုပွားတာကို ခေါ်တယ်။

ဒီမှာမေးစရာက ၀ိပဿနာယာနိကမှာ သမာဓိမပါဘူးလားလို့ မေးစရာရှိပါတယ်။ ဗုဒ္ဓရဲ့တရားတော်မှာ သီလ၊ သမာဓိ၊ ပညာ သုံးရပ်နဲ့ညီမှ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရပါတယ်။ ဒါဆိုရင် ဘာသမာဓိလည်းလို့မေးရင် စိတ်ဖြစ်တိုင်းအလိုအလျောက်ပါတဲ့ ခဏိကသမာဓိလို့ခေါ်တဲ့ ဧကဂ္ဂတာစေတသိက်ပါပဲ။

 

ဒီနေရာမှာ စိတ်ကိုမှီတဲ့ စေတသိက် ၅၂ လုံး ရှိပါတယ်။ အဲ့ဒီထဲမှာ ကုသိုလ်စေတသိက်တွေရှိသလို၊ အကုသိုလ်စေတသိက်တွေလည်းရှိပါတယ်။ ဘာစိတ်တွေဖြစ်ဖြစ် ယှဉ်နေတဲ့စေတသိက် (၇)လုံးရှိပါတယ်။ သူတို့ကိုတော့ သဗ္ဗစိတ္တသာဓာရဏ (စိတ်အားလုံးနှင့်ယှဉ်သော စိတ်တသိက်) လို့ ခေါ်ပါတယ်။

ဖဿ – အာရုံကို တွေ့ထိခြင်းသဘော၊

ဝေဒနာ – အာရုံအရသာကို ခံစားခြင်းသဘော၊

သညာ – အာရုံကို မှတ်သားခြင်းသဘော၊

စေတနာ – စေ့ဆော်တိုက်တွန်းခြင်းသဘော၊

ဧကဂ္ဂတာ – အာရုံတစ်ခု၌ တည်ကြည်ငြိမ် သက်သောသဘော (ခဏိကသမာဓိ)

ဇီဝိတိနြေ္ဒ  – နာမ်တရားတို့ကို စောင့်ရှောက်ခြင်း သဘော၊

မနသိကာရ – အာရုံကို နှလုံးသွင်းခြင်း သဘော။

 

ခန္ဓာပေါ်မှာ ဉာဏ်ရောက်ပြီး ဒိဋ္ဌိပျောက်တဲ့အထိ ဆရာက ၀ိပဿနာဟောနေတဲ့အခါ ယောဂီကအာရုံတစ်ပါးမသွားဘဲ စိုက်ပြိးနာယူနေမယ်ဆိုရင် ခဏိကသမာဓိက အလိုလိုပါနေပါပြီ။ နားကတရာကို နာပြီး ဉာဏ်ကခန္ဓာကို စိုက်ထားလိုက်မယ်ဆိုရင် နာကြားခြင်း၊ ရှုပွားခြင်း အလုပ်နှစ်ခုဟာ တစ်ခါတည်းပြီးသွားပါပြီ။

ဗုဒ္ဓ ဘုရားဖြစ်စက ဘုရားဖြစ်ဖြစ်ခြင်း ပထမဆုံးကြွလာမယ်ဆိုတဲ့ ကတိဝန်ခံချက်အရ ရာဇဂြိုလ်ပြည်ကိုကြွပြီး ရောက်ရောက်ချင်း ဒိဋ္ဌိပြုတ်ကြောင်းတရားကို နာကြားလိုက်ရလို့ ဗိမ္ဗိသာရမင်းကြီးနဲ့ လူပေါင်းတစ်သိန်းတို့ဟာ တရားအဆုံးမှာ သောတာပန်တည်ကြပါတယ်။

ဒီမှာစဉ်းစားစရာတစ်ချက်က ဘာသမဓိနဲ့ ဗိမ္ဗိသာရမင်းကြီးနဲ့ အပါအ၀င် လူပေါင်းတစ်သိန်းတို့ဟာ သောတပန်တည်သွားတာလဲ။ ခဏိကသမာဓိကြောင့်ပါ။

တရားမနာမီက သူတို့ဟာ ဘာသာခြားတွေပါ။ သူတို့မှာ ဘာသမာဓိမှ မရှိပါဘူး။ တရားနားဆဲမှာလည်း ဘာသမထမှ လုပ်ချိန်မရပါဘူး။ တရားနာနေချိန်အတွင်းမှာပဲ စောင့်ထိန်းဆဲဖြစ်တဲ့ သီလရယ်၊ စိတ်ဖြစ်တိုင်းပါနေတဲ့ ခဏိကသမာဓိရယ်၊ လက္ခဏာကြီးသုံးရပါ- အနိစ္စ၊ ဒုက္ခ၊ အနိတ္တ ကိုထိုးထွင်းပြီးသိတဲ့ပညာရယ် သုံးပါးပေါင်းဆုံမိတဲ့အတွက် တရားအဆုံးမှာ သောတာပန်တည်သွားတာပါ။

 

အညွှန်း- အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ) ရေးသားတော်မူသော မဂ်တား ဖိုလ်တား အန္တရာယ်များ၊ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာအတွဲ ၁ နှင့် ၂ စာအုပ်။

 

 

 

 

 

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s