Daily Archives: August 29, 2009

သီတဂူဆရာတော် အရှင်ညဏိဿရ

  ဗူဒ္ဓ၀ါဒ အခြေခံတရားတော်    (၇)နေ့ဗုဒ္ဓ၀င်တရားတော် အပိုင်း (၁) အပိုင်း (၂) အပိုင်း (၃)     မြတ်စွာဘုရားရှင် ပြန်လည်ဝတ်ခံစားရသည့် ဝတ်တော် ၁၂ ပါး တရားတော်များ အပိုင်း (၁) – နိဒါန်း အပိုင်း (၂) – ပထမ ၀တ်တော်။ အပိုင်း (၃) – ဒုတိယ ၀တ်တော်။ အပိုင်း (၄) – ဒုတိယ ၀တ်တော်အဆက်။ အပိုင်း (၅) – တတိယ ၀တ်တော် နှင့် စတုတ္ထ၀ိတ်တော်။ … Continue reading

Posted in တရားတော်များ | Tagged | Leave a comment

အရှင်ဆန္ဒာဓိက

တစ်ရာနှင့် တစ်ရက် နှလုံးသားမိတ္တူ မိဘကျေးဇူးအကျေဆပ်နည်း လောက၌အကောင်းဆုံးသောအရာ သက်သတ်လွတ်နှင့်ကုသိုလ်စိတ် အချစ်ကံခေပေမဲ့အနှစ်ကျန်စေရမယ် အားထုတ်ဖို့က အဓိက လူပျိုဘုရား လုံးဝမရှိ မော်ဒန်အသစ်နဲ့လူ မြင့်မြတ်သော ဥပက္ခော  ရည်းစူးပုဂ္ဂိုလ် အနှိုင်းမဲ့ ကုသိုလ် အနှိုင်းမဲ့ ရဟန်း အနိုင်းမဲ့ ဘာဝနာ အနှိုင်းမဲ့ အဖေါ် အနှိုင်းမဲ့ အလှူ အနှိုင်းမဲ့ ဥစ္စာ အနိုင်းမဲ့လာဘ် အနှိုင်းမဲ့ မီး နွားနက်လေး နက်ချော  စိတ်လျှော်ဖွတ်တဲ့အလုပ်    

Posted in ဓမ္မ စာအုပ်များ | Tagged | Leave a comment

အနန္တ ကျေးဇူးရှင် ဂေါတမမြတ်စွာဘုရား

ကျမတို့ဟာ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံပေမယ့် တကယ့်တကယ်တော့ ကိုယ့်ဘာသာအကြောင်းကို သေသေချာချာမသိပါဘူး။ မိရိုးဖလာဗုဒ္ဓဘာသာဝင် (မိရိုးဖလာနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင် ကွဲပြားမှုကို နောက်တင်မည့်ပို့စ်တွင် ဖတ်ရှုနိုင်ပါသည်။) သာ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် သံသရာတလျောက် ဘ၀ပေါင်းမရေမတွက်နိုင်အောင် ကျင်လည်ခဲ့ရတဲ့ သတ္တ၀ါဝေနေယျတွေအတွက် ပွင့်တော်မူလာတဲ့ (ယခု ကျမတို့တွေ့ကြုံနေရတဲ့ သာသနာဟာ ဒီဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူလာတဲ့ စတုတ္ထမြောက်ဘုရားရှင်) အနန္တ ကျေးဇူးရှင် ဘုန်းတော်ကြီးမားသော  အနန္တမေတ္တာ မဟာကရုဏာရှင် ဂေါတမမြတ်စွာဘုရားအကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်း သေသေချာချာ မသိကြပါဘူး။ ဂေါတမမြတ်စွာဘုရားဟာ ဘုရားဖြစ်အောင် ဘုရားဆုပန်ကတည်းကစပြီး ပရိနိဗ္ဗာန်စံသည်အထိ သတ္တ၀ါဝေနေယျတွေအပေါ် ထားရှိခဲ့တဲ့ ပေးဆပ်မှုဟာ အတိုင်းအဆမရှိအောင် … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များနှင့် ပရိနိဗ္ဗာန်ပြုပွဲ

ကဆုန်လပြည့်နေ့ မဟာသက္ကရာဇ် (၆၈) ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗနီအင်ကြင်းတော ဘုရားအလောင်း ဖွားမြင်တော်မူသည်။ မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် အင်ကြင်းတော သုံးလောကထွတ်ထား သဗ္ဗညုတ ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။ မဟာသက္ကရာဇ် (၁၄၈) ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုဿိန္နာရုံ အလုံးစုံသော သင်္ခါရတရားတို့ ချုပ်ငြိမ်းရာ ပရိနိဗ္ဗာန်ပြုတော်မူသည်။   ၀ါဆိုလပြည့်နေ့ မဟာသက္ကရာဇ် (၆၇) ခုနှစ်၊ ၀ါဆိုလပြည့်  ကြာသပတေးနေ့တွင် အလောင်းတော် သန္ဓေယူတော်မူသည်။ မဟာသက္ကရာဇ် (၉၇)  … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment

ပါရမီဖြည့်ကျင့်ရခြင်း နှင့် ကမ္ဘာရေတွက်ပုံ

အရိယာ (၃)ပါး လောကတ္ထစရိယ – အများသတ္တ၀ါတို့ ချမ်းသာရေးအကျိုးအတွက် မိမိ၏ပညာ၊ ၀ီရိယ စသည်တို့ဖြင့် ဆောင်ရွက်ပြုကျင့်ခြင်း။ ဉာတတ္ထစရိယ    – အဆွေအမျိုးတို့၏ ချမ်းသာရေးအကျိုးအတွက် မိမိ၏ပညာ၊ ၀ီရိယ စသည်တို့ဖြင့် ဆောင်ရွက်ပြုကျင့်ခြင်း။ ဗုဒ္ဓတ္ထစရိယ      –  သမ္မာသမ္ဓုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်အောင် မိမိ၏ပညာ၊ ၀ီရိယ စသည်တို့ဖြင့် ဆောင်ရွက်ပြုကျင့်ခြင်း။   ဗောဓိ သုံးမျိုး (သို့) ဗောဓိဉာဏ် သုံးမျိုး ဗောဓိ – လောကုတ္တရာဖြစ်သော မဂ်ဉာဏ်လေးပါးနှင့် သဗ္ဗညုတဉာဏ်တော်ကို ခေါ်သည်။ သာဝက  ဗောဓိဉာဏ်– … Continue reading

Posted in မြတ်ဗုဒ္ဓ ဂေါတမ | Tagged | Leave a comment