Daily Archives: August 16, 2009

ပြင်ဆင် သုံးစွဲရမည့် စကားပုံများ

“စေတနာသည် လူတိုင်းနဲ့မတန်” ကို အဓိပ္ပါယ်ချဲ့ရင် – ကျေးဇူးသိတတ်သူအပေါ်မှာသာ ပေးကမ်းစွန့်ကြဲရမယ်။ စေတနာထားရမယ်။ ကျေးဇူးမသိတတ်တဲ့သူအပေါ်မှာ ပေးကမ်းစွန့်ကြဲခြင်းမပြုရ။ စေတနာမထားရလို့ ဆိုလိုတာပဲ။ ဒီစာတမ်းကိုရေးခဲ့တဲ့သူဟာ ခံစားချက်ရှိခဲ့လိမ့်မယ်။ ဘယ်လိုခံစားချက်လည်းဆိုတော့ သူဟာ တခြားသူကိုမျှော်လင့်ချက်ထားပြီး ကူညီခဲ့လိမ့်မယ်။ ကူညီလိုက်တဲ့သူက သူမျှော်လင့်ထားတဲ့အတိုင်း ကျေးဇူးမဆပ်တဲ့အခါ ပေါက်ကွဲပြီး စေတနာသည် လူတိုင်းနဲ့မတန်ဆိုတဲ့ စကားကြီးထွက်လာတာပဲ။ မြင့်မြတ်သူဆိုတာ သူတစ်ပါးကိုကူညီခွင့်ရလို့ ကူညီတဲ့အခါ ဘယ်တော့မှ မျှော်လင့်ချက်မထားရဘူး။ သူတစ်ပါးစေတနာကိုကြည့်စရာမလိုဘူး။ ကိုယ့်စေတနာကိုယ်ကြည့်ရမယ်။ နဂိုကတည်းက ဘာမျှော်လင့်ချက်မှမထားဘဲ ကူညီခဲ့ရင် တစ်ဖက်လူက ကျေးဇူးသိလည်း ၀မ်းမသာဘူး။ (လောဘမဖြစ်ဘူး။) တစ်ဘက်လူက … Continue reading

Posted in ဆုံးမသြ၀ါဒများ | Tagged | Leave a comment

စကားအရာ အင်္ဂါလေးတန်

တခါတုန်းက စကားတစ်ခွန်းကြောင့် သေဒဏ်ပေးခံလိုက်ရတဲ့ ပုဏ္ဏားနဲ့ ငွေတစ်ထောင်ဆုချခံရတဲ့ ပုဏ္ဏားအကြောင်း သက္ကဋဘာသာနဲ့ ကာလီဒသရဲ့ဇာတ်ကြောင်းတစ်ခုကပါ… ဘောဇဘုရင်ကြီး က မနေ့ညက ငါရဲ့အောက်ခံ အံ့သွားတွေ ပြုတ်ထွက်တယ်လို့ အိပ်မက်မက်တယ်။ မနက်မိုးလင်းတော့ အယူတော်မင်္ဂလာအမတ်ကို ခေါ်ပြီး အကျိုးအပြစ်ကို မေးမြန်းတော်မူပါတယ်။ ပုဏ္ဏားက- မှန်ပါ့ အရှင်မင်းကြီး။ အောက်ခံအံ့သွားတွေပြုတ်ထွက်တယ်ဆိုတာ အရှင်မင်းကြီးရဲ့သားမြေးတွေဟာ အရှင်မင်းကြီး ထက် စောပြီးသေပါလိမ့်မယ်။ ဘုရင်က- တယ်.. မနက်စောစောစီးစီး ကျက်သရေယုတ်တယ်ဆိုပြီး ဒီပုဏ္ဏားကိုဆွဲခေါ်ပြီး ကွပ်မက်စေ လို့ အမိန့်ချလိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာ ကာလီဒါသက အခစားဝင်လာတော့ အကြောင်းအကျိုးမေးမြန်းပြီး အာဏာသားပါးကွက်သားကို … Continue reading

Posted in ဆုံးမသြ၀ါဒများ | Tagged | Leave a comment