Daily Archives: August 23, 2009

သဘောထားမှန်ပါစေ

လူဟာ အသိဉာဏ်ကို လိုလားတဲ့သတ္တ၀ါဖြစ်တယ်။ သူ့ဘ၀ဟာ ဘာအဓိပ္ပါယ်ရှိလဲဆိုတာ သိချင်တယ်။   လူဟာ သိချင်တတ်ချင်စိတ် ရှိတယ်။ လုပ်ချင်ကိုင်ချင်စိတ်လည်းရှိတယ်။ အဲ့ဒီ သိချင်တတ်ချင်စိတ် လုပ်ချင်ကိုင်ချင်စိတ် မပျောက်ကင်းအောင် ထိန်းသိမ်းဖို့ပဲလိုတယ်။   အမှန်ကိုပြောရမယ့်တာဝန် ရှိတယ် ဘယ်လိုအမှန်တရားဖြစ်ဖြစ် ဘယ်သူကပြောပြော ဘာအကြောင်းအရာနဲ့ ပတ်သက်တာပြောပြော အမှန်တရားမှန်သမျှ တန်ဘိုးရှိတယ်။ အမှန်တရားကို တန်ဘိုးထားရမယ်။ လောကမှာ အမှားတစ်ခုကို အမှားလို့သိပြီး အသိအမြင်အမှန်ကို တွေ့ပြီးတော့ ပြောင်းလဲသွားတာဟာ လူသားတစ်ရပ်လုံးရဲ့တိုးတက်မှုပါပဲ။ အမှန်ဘက်ကိုရောက်တိုင်း ရောက်တိုင်း လူဟာ အသိဉာဏ်ကြောင့် လွတ်လပ်မှုတစ်မျိုး ရသွားတယ်။ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

အခွင့်အရေးနဲ့ တာဝန်

အခက်အခဲဆိုတာ ဘ၀ရဲ့သဘာဝတွေပါပဲ။ ဘာအခက်အခဲမှမရှိတဲ့ ဘ၀ကိုနေရတဲ့သူဟာ ဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး။ အားလုံးသဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်။ ပိုပြီးတော့ ပြေလည်သွားမယ်။ ပြဿနာကို နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက်တယ်။ ပြဿနာကို နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး။ အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာကို ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။ ဒါပေမယ့် ကိုယ်နိုင်သလောက် အခက်အခဲရှိမှကောင်းတယ်။ ရုန်းကန်နေမှ ကောင်းတယ်။ အခက်အခဲတွေဟာ အကျိုးရှိပါတယ်။ တချို့လူတွေဟာ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment