Daily Archives: August 15, 2009

လူမိုက် လူလိမ္မာ ခွဲခြားနည်း

  လူမိုက် မိမိအပြစ်ကို အပြစ်ဟု မမြင်ခြင်း၊ အပြစ်ကို အပြစ်ဟု မြင်သော်လည်း တရားနှင့်အညီ မကုစားခြင်း၊ သူတစ်ပါးက အပြစ်ကို ၀န်ခံပြောကြားလျှင် တရားနှင့်အညီ လက်မခံခြင်း။   လူလိမ္မာ မိမိအပြစ်ကို အပြစ်ဟု မြင်ခြင်း၊ အပြစ်ကို အပြစ်ဟု မြင်သော်လည်း တရားနှင့်အညီ ကုစားခြင်း၊ သူတစ်ပါးက အပြစ်ကို ၀န်ခံပြောကြားလျှင် တရားနှင့်အညီ ကုစားခြင်း။   အညွှန်း- ဗုဒ္ဓဟောကြား ကြီးပွားကြောင်းတရား။ Advertisements

Posted in ဆုံးမသြ၀ါဒများ | Tagged | Leave a comment

မေတ္တာဖြင့် စီးပွားရှာခြင်း

ဗုဒ္ဓဘာသာ မြန်မာအများစု မကြီးပွားရခြင်း၏ တတိယအကြောင်းရင်းမှာ ဘာသာရေးအပေါ်မှာထားသော မေတ္တာစေတနာမျိုး စီးပွားရေးအပေါ်မှာ မထားသောကြောင့် ဟု အကျဉ်းဆိုခဲ့သည်။ အကျယ်အားဖြင့် ဗုဒ္ဓက – ချိုသော မျိုးစေ့ကို စိုက်ပျိုးလျှင် ချိုသော အသီးကို စားရမည်။ ခါးသော မျိုးစေ့ကို စိုက်ပျိုးလျှင် ခါးသော အသီးကို စားရမည်။ ထို့အတူ – ကောင်းသောအမှုကို ပြုလျှင် ကောင်းသောအကျိုးကို ခံစားရမည်။ မကောင်းသောအကျိုးကို ပြုလျှင် မကောင်းသောအကျိုးကို ခံစားရမည်။ ဟု ဘာသာရေး စိးပွားရေး လူမှုရေး မည့်သည့်အလုပ်ဖြစ်စေ … Continue reading

Posted in ကောက်နှုတ်မှုများ | Tagged | Leave a comment

သူတော်သူမြတ် နှင့် သူမိုက်သူယုတ် ခွဲခြားနည်း

သူတော်သူမြတ် လက္ခဏာ (၄)ပါး ၁) သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးလျှင် မပြော၊     မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျော့ပေါ့၍ ပြောဆိုခြင်း။ ၂) သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောခြင်း၊     မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာပြောခြင်း။ ၃) မိမိ၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောခြင်း၊     မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာပြောခြင်း။ ၄) မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့် … Continue reading

Posted in ဆုံးမသြ၀ါဒများ | Tagged | Leave a comment

မိတ်ဆွေကောင်း သူယုတ် ခွဲခြားနည်း

မိတ်ဆွေကောင်း အင်္ဂါခုနှစ်ပါး ၁) ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးခြင်း။ ၂) ပြုနိုင်ခဲသော အမှုကိစ္စကို ပြုလုပ်ခြင်း။ ၃) သည်းခံနိုင်ခဲသော အရာကို သည်းခံခြင်း။ ၄) မိမိ၏လျှို့ဝှက်အပ်သောအရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟပြောကြားခြင်း။ ၅) မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သောအရာကို လျှို့ဝှက်ထားခြင်း။ ၆) ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်မထားခြင်း။ ၇) ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင်း မိမိ၏မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူအထင်ကြီးမောက်မာပြီး မထေမဲ့မြင် မပြုတတ်ခြင်း။                         သူယုတ်အင်္ဂါ (မိတ်ဆွေကောင်းအင်္ဂါ၏ အပြန်) ၁) … Continue reading

Posted in ဆုံးမသြ၀ါဒများ | Tagged | Leave a comment