သားဆိုးနှစ်ယောက်

မိုးကုတ်ဆရာတော်ကြီးပေးသော ရုပ်နှင့် နာမ် ဥပမာ –

အမျိုးသမီးတစ်ယောက်သည် သားနှစ်ယောက် အမွှာပူးမွေးတယ်။ တစ်ယောက်က ခြေလက်တွေက ကျိုးပြီး ရူးလာတယ်။ နောက်တစ်ယောက်က အကန်းဖြစ်လာပြီး သူငယ်နာဝမ်းပျက်ရောဂါ ပါလာတယ်။ မစင်ကျင်ကြီး တဗျစ်ဗျစ်နဲ့ပေါ့။ ယောဂီတို့ စဉ်းစားကြည့်။ ဘယ်လောက်စိတ်ဆင်းရဲမလဲလို့။

 

ခြေကျိုးလက်ကျိုးသားတစ်ယောက်က ပွဲသွားကြည့်ချင်တယ်ဆိုရင် ဒီသားရဲ့ခန္ဓာကိုယ်ကို အမေက ချီပိုးပြီးတော့ သွားရတယ်။ တစ်ခါ သူက ၀မ်းတွင်းရူးဆိုတော့ နှစ်မိုင်သုံးမိုင်ရှိတဲ့ပွဲခင်းကို သူ့အမေက ထမ်းပြီးတော့ သွားရှာတယ်။  ပွဲလည်းရောက်ရော သားက ပွဲမကြည့်ချင်ပြန်တော့ဘူး ဖြစ်ပြန်ရော။ ကိုယ့်ရပ်ကွက်ထဲက ဗွီဒီယိုပဲကြည့်တော့မယ်ဆိုလို့ တစ်ခါ ဗွီဒီယိုရုံကို လိုက်ပို့ရပြန်ရော။

ဝမ်းတွင်းရူးနေတဲ့ အမေတစ်ယောက်အနေတဲ့ မဆင်းရဲဘူးလား။ ၀မ်းတွင်းရူး ခြေကျိုး လက်ကျိုး သားကို ထိမ်းရတဲ့မိခင်တစ်ယောက်ဒုက္ခက ဘယ်လောက်ကြီးလဲလို့။

 

တစ်ခါ ကျန်သားတစ်ယောက်က မျက်စိကန်းပြီး သူငယ်နာဝမ်းပျက်။ တဗျစ်ဗျစ်နဲ့ဝမ်းသွားနေတာ။ ၀မ်သွားသမျှ လိုက်ပြီးကျုံးနေရတော့ အမေဖြစ်သူမှာ နားရတယ်လို့ မရှိဘူး။ ဟိုနေရာကြ တဗျစ်ဗျစ်နဲ့ပါ လိုက်ကျုံးရ၊ သန့်ရှင်းရေးလုပ်ရ။ ဒီကြားထဲ မျက်စိကမမြင်တော့ တိုက်လိုက် ခိုက်လိုက် အနာရောဂါများဆေးကုလိုက်ရနဲ့။

အဲဒီမိခင်မှာ အားချိန်၊ နားချိန်၊ စိတ်ချမ်းသာချိန်ရှိရဲ့လား။

 

သားဆိုးနှစ်ယောက်မွေးထားရလို့ အမြဲတမ်းစိတ်ဆင်းရဲရတယ် ဒါပေမယ့် ချစ်ခင်တော့ အပြစ်မမြင်တဲ့။ အဲဒါလည်း မိခင်ကြီး ဒီသားတွေကို လိုသမျှ ဖြည့်နေတာပါပဲ။

တကယ်တော့ သားဆိုးနှစ်ယောက်ဟာ တရားမသိသေးတဲ့ လူတိုင်းမှာ ရှိပါတယ်။ ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဒီသားဆိုးနှစ်ယောက်ရှိပါတယ်။

ခြေကျိုးလက်ကျိုး ၀မ်းတွင်းရူးက – နာမ် ကိုပြောတာ။ စိတ်က သွားချင်ရင် သူ့ချည်းသွားလို့ မရဘူး။ ရုပ်ကသွားပေးမှရတယ်။ ဒါ့ကြောင့် စိတ်လို့ခေါ်တဲ့ နာမ်တရားကို ခြေကျိုးလက်ကျိုး ဥပမာပေးထားတာပါ။

မျက်ကန်း ၀မ်းပျက်ရောဂါသားက – ရုပ်တရားကို ပြောတာပါ။ ၀မ်းပျက်ရောဂါဆိုတာ ဓါတ်ကြီးလေးပါးဖောက်ပြန်တာကို ပြောတာပါ . ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဆိုတဲ့ ဓါတ်ကြီးလေးပါး အမြဲတမ်း ဖောက်ပြန်နေတာ။ ၀မ်းတွင်းပျက်တော့ တဗျစ်ဗျစ်နဲ့ပါချ။ ဒါတွေကိုလည်း ဆေးကြော သုတ်သင်ရနဲ့ နားချိန်ကို မရှိဘူး။ မျက်ကန်းဆိုတာက ဘာမှမသိတာ ကို ပြောတာ။ အာရုံခြောက်ပါးတိုက်ဆိုင်လာတိုင်းမှာ ငါလို့ အထင်မှားတာ။

 

အညွှန်း – သစ္စာလေးပါးတရားတော်။

This entry was posted in ဆုံးမသြ၀ါဒများ, ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s