နိဗ္ဗာန် နှင့် ဥစ္ဆေဒ ဒိဋ္ဌိ ဖြစ်ပုံ၊ ပယ်ပုံ
သင်္ခတ တရား = ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းလေးပါတို့ ပြုပြင်ဖန်တီးမှုကို
                    ခံရသော စိတ်၊ စေတသိက်၊ ရုပ်တရားသုံးပါး။ ထိုသုံးပါးကို ငါးပုံပုံလျှင် ခန္ဓာငါးပါး
                     ဖြစ်၏။
အသင်္ခတ တရား = ထိုအကြောင်းလေးပါးတို့၏ ပြုပြင်ဖန်တီးခြင်းမှ လွတ်သော အသင်္ခတ တရား
                       (နိဗ္ဗာန်) ဟု ခေါ်၏။
သင်္ခတ တရားသည် အနိစ္စ အမြဲမရှိ။
အသင်္ခတ တရားသည် နိစ္စ အမြဲရှိ၏။
သင်္ခတ တရားသည် ဒုက္ခဆင်းရဲ၏။
အသင်္ခတ တရားသည် သုခချမ်းသာ၏။
သင်္ခတ တရားသည် အနတ္တအနှစ်သာရ မရှိ။
အသင်္ခတ တရားသည် အတ္တအနှစ်သာရ ရှိ၏။
နိဗ္ဗာန် ကို နိ+၀ါန ဟု ပုဒ်ခွဲ၏။
နိ = ကားကင်းခြင်း၊ ၀ါန = တဏှာ။ (တဏှာကင်းခြင်း ဟု အဓိပ္ပါယ်ရ၏။)
“နိဗ္ဗာန် ဂုဏ်ရည်များ”
အသင်္ခတံ အနတံ အနာသ၀ံ
သစ္စဥွပါဏံ နိပုဏံ သုဒုဒ္ဒသံ။
အဇဇ္ဇရနံ္တဓုဝံ အပလောကိနံ၊
အနိဒဿနံ နိပ္ပပဉ္စံ သနံ္တ။
အမတံ ပဏီတဉ္စ သိဝဉ္စ ခေမံ၊
တဏွာကၡေယာ အစၦရိယံ အဗ ၻဳ တံ။
အနီတိကံ အနီတိက ဓမၼံ၊
နိဗ္ဗာနမေတံ သုဂတေန ဒေသိတံ၊
အဗျာပဇ္ဇော ၀ိရာဂေါစ၊
သုဒ္ဓိ မုတ္တိ အနာလယော။
ဒီပံ လေဏဉ္စ တာဏဉ္စ၊
သရဏဉ္စ ပရာယန္တိ။
            (သဠာယတန သံယုတ်ပါဠိတော်)
၁) အသင်္ခတံ   = မူလရင်းက သင်္ခတပင်ဖြစ်သော်လည်း အလွန်သိမ်မွေ့လှသဖြင့် သင်္ခတဟု
                    သိကြောင်းမှတ်ကြောင်း လက္ခဏာမှကင်း၍ နေထသော၊
၂) အနတံ      = ဒုက္ခစိုက်ပျိုး တဏှာမျိုးတို့ မတိုးမညှပ် မလာနိုင်ရာလည်း ဖြစ်ထသော၊
၃) အနာသ၀ံ   = ငရဲပြိတ္တာဘေးဧရာတို့ ခါခါဖြစ်စေတတ်သည်ဖြစ်၍ ကြောက်အပ်လှစွာ
                    တဏှာဒိဋ္ဌိစသော အာသဝေါညစ်ဆိုးတရားမျိုးတို့ မတိုက်ချိုးနိုင်ရာ ဖြစ်ထသော။
၎) သစ္စဉ္စ       = နိဗ္ဗာန်ဟူသော အမည်ရှိသည့်အားလျော်စွာ ငြိမ်းအေးခြင်း ပရမတ္တသဘောအားဖြင့်
                    တကယ်မှန်ကြီးမှန်သည်လည်း ဖြစ်ထသော၊
၅) ပါရံ         = ခန္ဓာကိုယ်ဆိုး ဒုက္ခအိုး၏ ပြင်ဘက်ဝဋ်ဆင်းရဲရေအယဉ်မှ ထွက်မြောက်ရာ
                     ကမ်းဝထိပ်ကြီးလည်း ဖြစ်ထသော၊
၆) နိပုဏံ       = အထည်ဒြပ်၊ ဥပါဒ်မထင်သည်ဖြစ်၍ အလွန်သိမ်မွေ့စွာထသော။
၇) သုဒုဒ္ဒသံ    = ပညာဥာဏ်ဖြင့်သော်လည်း နှိုင်းချင့်ထောက်ဆ သိမြင်ရနိုင်စရာ
                     လွန်စွာခဲယဉ်းထသော။
၈) အဇဇ္ဇရနံ္တ   = ငြိမ်းအေးခြင်းသဘောအားဖြင့် ပေါ်လာပြီးနောက်
                     ဘယ်လောက်ပင်ကြာသော်လည်း ဘယ်သည့်ကာလမှ
                      ရင့်အိုပျက်စီးခြင်းလည်း မရှိနိုင်ထသော။
(တစ်နည်း – ငြိမ်းအေးခြင်း အသီတိဘာဝ သဘာဝအားဖြင့် ပေါ်လာပြီးနောက် ကမ္ဘာပျက်မီး
ရေကြီး၊ လေကြီး တို့ဖြင့်သော်လည်း ဖောက်ပြန်တုန်လှုပ်ခြင်းမရှိ ပကတိမြဲမြံစွာ တည်နေထသော။)
၉) ဓုဝံ           = ပဋိသန္ဓေ နေခြင်း အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ခြင်း အစရှိသည်မှ
                       လွတ်လိုကုန်သူတို့သည် ရောက်အပ်သော။
                   (တစ်နည်း – ဖြစ်ခြင်း၊ ပျက်ခြင်း သဘောမရှိသည် ဖြစ်၍ မြဲသောသဘောရှိထသော)
၁၀) အပလောကိနံ = ငြိမ်းအေးခြင်းသဘောဖြင့် ပေါ်လာပြီးနောက် ဘယ်သည့်ကာလမှ
                          အဘယ်တစ်စုံတစ်ခုကြောင့် ပျက်စီးခြင်း မရှိထသော။
၁၁) အနိဒဿနံ   – နတ်မျက်စိဖြင့်သော်လည်းကောင်း စက္ခုဝိဥာဏ်ဖြင့် မမြင်ကောင်းထသော။
၁၂) နိပ၌ ပဉ္စံ     =  အိုပြန်နာရ၊ သေရဆင်းရဲ၊ ပေါက်လဲခါ ခါသံသရာကို ချဲ့ထွင်တတ်သူ
                          တဏှာ၊ မာန၊ ဒိဋ္ဌိတို့ မပြူမလာနိုင်ရာ ဖြစ်ထသော။
၁၃) သနံ္တ         = တစ်ဆယ့်တစ်သီး မီးကြီးငြိမ်းအေးရာလည်း ဖြစ်ထသော။
၁၄) အမတံ       = မိမိထံတည်ရောက်လာသူ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်တို့၏ မအိုမသေ
                        အမြဲတည်စံနေရာလည်း ဖြစ်ထသော။
၁၅) ပဏီတံ      = မြင်ရရောက်ရသူတို့ မရောင့်ရဲနိုင်ဘွယ်၊ တကယ်လွန်မြတ်တော်မူသော။
၁၆) သိဝဉ္စ        = ကြီးမြတ်သော ဂုဏ်ကျက်သရောရှိတော်မူထသော။
၁၇) ခေမံ          = ဘေးခပ်သိမ်း ကုန်ငြိမ်းကင်းဝေးရာလည်း ဖြစ်ထသော။
၁၈) တဏှာက္ခယော = ဘေးကိုပြုတတ်၊ ကြောက်အပ်လှစွာ။ ခြောက်တဏှာ(အာရုံ ၆ ပါး) တို့၏
                            ကုန်ရာကုန်ကြောင်းလည်းဖြစ်ထသော။
၁၉) အစ္ဆရိယံ      = ဒါန သီလ ဘာဝနာ စသော အကြောင်းတရားတို့နှင့် မကင်းသော်လည်း၊
                        ယင်းအကြောင်းတရားတို့ကြောင့် ဖြစ်ပုံ သင်္ခတ နိမိတ်အရိပ်မထွက်၊
                        ယင်းသင်္ခတပုံဟန်နှင့် အလွန်ဝေးကွာ၊ လွန်စွာထူးမြတ်သည်ဖြစ်၍
                         အလွန်အံ့ဘွယ်သရဲ၊ အံ့အဲစလောက်ဖြစ်တော်မူထသော။
၂၀) အဗ္ဘုတံ        = တရံတစ်ဆစ် မဖြစ်ဘူးသေးဘဲ တစ်ခါတည်းသာဖြစ်လာပြီးနောက်
                         မပျောက်မပျက် အမြဲတည်နေသည်လည်း ဖြစ်ထသော။
၂၁) အနီတိကံ     = အလုံးစုံဆင်းရဲဘေးဒဏ်ဟူသမျှ ဘယ်ဟာတစ်ခုမှ မရှိထသော။
၂၂) အနီတိကဓမ္မံ  = ဆင်းရဲရှိသော သဘောမျိုးမှ ဆန့်ကျင်ဘက်ကြီးဖြစ်၍ နေထသော။
၂၃) အဗျာပဇ္ဇောစ = ဘေးရန်တွက်တာ ဘယ်ဟာတစ်ခုကြောင့်ကြစရာ မရှိသည်လည်းဖြစ်၏။
၂၄) ၀ိရာဂေါစ      = ဘေးရန်ဖြစ်ကြောင်း ရာဂအပေါင်းမှ ကောင်းကောင်းကြီး
                          ကင်းဝေးရာလည်း  ဖြစ်၏။
၂၅) သုဒ္ဓိစ          = ဘေးရန်လာဘွယ် အသွယ်သွယ်သော အညစ်အကြေးမှ
                          ကင်းဝေးစင်ကြယ် သည်လည်း ဖြစ်၏။
၂၆) မုတ္တိစ          = ဘေးရန်ထူထပ် ဘုံသုံးရပ်တို့မှ လှလှကြီးလွတ်ရာလည်း ဖြစ်၏။
၂၇) အနာလယံ     = အလိုလိုဝ အလုံးစုံလှသဖြင့် ဘယ်ဟာတစ်ခုမှ မတောင့်တရာလည်း ဖြစ်၏။
၂၈) ဒီပံ ပရိနိဗ္ဗူတ  = ပုဂ္ဂိုလ်တို့၏ ပုန်းအောင်းရာတည်ရာ ကျွန်းကြီးသဖွယ်လည်း ဖြစ်၏။
၂၉) လေဏံပရိနိဗ္ဓူတ = ပုဂ္ဂိုလ်တို့၏ ဘေးမှလွတ်ကြောင်း ပုန်းအောင်းခိုနေရာလည်း ဖြစ်၏။
၃၀) တာဏံ         = မိမိ၌ တည်ရောက်လာသူ ပရိနိဗ္ဗူတပုဂ္ဂိုလ်တို့အား ဘေးမလာရအောင်
                           တကယ်စောင့်ရှောက်နိုင်သည်လည်း ဖြစ်၏။
၃၁) သရဏဉ္စ     = မိမိတံခိုးမှီးလာသူ ပရိနိဗ္ဗူတပုဂ္ဂိုလ်၌ ဘေးမဆိုက်ရအောင် ဘေးတကာကို
                         ကောင်းစွာဖျက်ဆီးတတ်သည်လည်း ဖြစ်၏။
၃၂) ပရာယဏံ   = ပရိနိဗ္ဗူတပုဂ္ဂိုလ်တို့၏ အလွန်အကဲတည်နေရာ လဲလျောင်းရာဖြစ်၏ (၀ါ)
                         ဘေးကိုကြောက်သူ ပုဂ္ဂိုလ်ဖြူတို့၏ တကယ်ဘေးမှ လွတ်ကြောင်း
                        ကောင်းကောင်းကြီးလဲလျောင်းတည် နေရာလည်း ဖြစ်၏။
(မှတ်ချက်။ ပထမရွှေကျင်ဆရာတော် ဘုရားကြီးပေးသော အနက်ဖြစ်၏။)
ဗုဒ္ဓဘာသာဝင်တွေဟာ လူသေတာနဲ့ ပတ်သက်ရင် သဿတဒိဋ္ဌိ ဖြစ်တတ်ကြတယ်။
နိဗ္ဗာန်နဲ့ ပတ်သက်လာရင် ဥစ္ဆေဒ ဒိဋ္ဌိ ဖြစ်တတ်ကြတယ်။
                                       (မိုးကုတ် ဆရာတော်)
ဥစ္ဆေဒ ဒိဋ္ဌိ   = သေရင် နောက်ထပ်ဘာမှ မဖြစ်တော့ဘူး လို့ အယူမှားတာ။ (နိဗ္ဗာန် နဲ့ ပတ်သက်ပြီး အယူမှား)
ဥစ္ဆေဒ ဒိဋ္ဌိ သည် ဒေါသနှင့် ယှဉ်၏။ အပြစ်ကြီးသည်။ သို့သော် တရားသိလျှင် စွန့်လွှတ်ရန်လွယ်ကူ၍ မဂ်ဖိုလ်ကို အရမြန်သည်။
အကြောင်းဖြစ်လို့ အကျိုးဖြစ်တာပဲလို့ သိလိုက်ရင် ဘာဒိဋ္ဌိစင်သတုန်း။
ဥစ္တေဒ ဒိဋ္ဌိစင်ပါတယ်။ (မိုးကုတ်ဆရာတော် အမှတ်စဉ် ၄ ကျမ်းစာ ဒိဋ္ဌိမကွာရင် နိဗ္ဗာန် မဖြစ်တရားတော်မှ)
ဥစ္ဆေဒ ဒိဋ္ဌိ အယူရှိတတ်ပုံကို မဇ္ဈိမဏ္ဏာသ ပါဠိတော်၊ ၀စ္ဆသုတ်၌ ၀စ္ဆအမည်ရှိသူက ဗုဒ္ဓကို နိဗ္ဗာန်နှင့် ဆက်စပ်မှုရှိသော မေးခွန်း ၄ ခုမေး၏။
၁) “မြတ်စွာဘုရား ရဟန္တာပုဂ္ဂိုလ်သေပြီးသည့်နောက် အဘယ်၌ဖြစ်ပါသနည်း။”
     “ဗုဒ္ဓက ထိုမေးခွန်းသည် သဿတဒိဋ္ဌိ ဖြင့် ငြိနေသောကြောင့် ဖြေဖို့မသင့်လျော်ဟု” ပယ်တော်မှု၏။
၂) “ရဟန္တာပုဂ္ဂိုလ်သေပြီးသည့်နောက် အဘယ်သို့မျှ မဖြစ်မရောက်တော့ပြီလော။”
       ”ဤမေးခွန်းကာ ဥစ္ဆေဒ ဒိဋ္ဌ နှင့် ငြိစွန်းသောကြောင့်” ပယ်တော်မူသည်။ ဥစ္ဆေဒဒိဋ္ဌိနှင့် အဘယ်သို့ငြိသနည်း။
နေပူရှိန်ကြောင့် ခန္ဓာကိုယ်ပူလောင်နေသူသည် အေးမြကြည်လင်သော မြစ်ရေအတွင်းသက်ဆင်းလိုက်လျှင် အပူငြိမ်းခြင်း၊ အေးချမ်းသောအရသာကို ခံစားခြင်းနှစ်မျိုးဖြစ်၏။
ထို့အတူ ရဟန္တာပုဂ္ဂိုလ် စုတေခြင်း၊ ရုပ်နာမ်ချုပ်သွားခြင်းသည် ခန္ဓာဒုက္ခအပူငြိမ်းခြင်းနှင့်တူ၏။ နိဗ္ဗာန်၏အရသာကို သန္တိသုခအဖြစ်ဖြင့် ခံစားခြင်းသည် အေးမြခြင်းနှင့်တူ၏။ (ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတဒီပနီကျမ်းမှ ပထမရွှေကျင်ဆရာတော်ဘုရားကြီးပေးသော ဥပမာ)
သဠာယတနာသံယုတ်ပါဠိတော်တွင်
 ကာယဿဘေဒါ ဓမ္မဋ္ဌော သင်္ချံနောပေတိဝေဒဂူ
ရဟန္တာပုဂ္ဂိုလ်ခန္ဓာကိုယ်ပျက်စီးသည်မှ နောက်၌နိဗ္ဗာန်၌တည်သည်ဖြစ်၍ သတ္တ၀ါဟူသော အရေအတွက် (သို့) သင်္ချံနောပေတိ ဟုသာ ဟောထား၏။
ယခုခေတ်လူအများစုထင်နေသကဲ့သို့ နိဗ္ဗာန်သည် ဘာမျှမရှိသောအရာဟုဆိုလျှင် သင်္ချံနောပေတိ သတ္တ၀ါဟူသောအရေအတွက်သို့ မရောက်ဟု ဟောခဲ့မည်မဟုတ်။ နဿတိ- ပျောက်ပျက်၏။ နိတ္ထိ – မရှိစသည်ဖြင့်သာ ဟောကြားခဲ့မည်ဖြစ်၏။  နဿတိနိတ္ထိ စသည်ဖြင့် မဟောကြားသည်ကို ထောက်သောအားဖြင့် နိဗ္ဗာန်သည် ဘာမျှမရှိသောအရာမဟုတ်။
သန္တိသုခ = ငြိမ်းအေးသော ချမ်းသာဓါတ်အနေဖြင့် တကယ်ရှိကြောင်း ပြတ်သားစွာမှတ်ရမည်။
၃) “ရဟန္တာပုဂ္ဂိုလ်သေပြီးသည့်နောက် ဖြစ်သူလည်း ဖြစ်၊ မဖြစ်သူလည်း မဖြစ်ဟု မှတ်ရမည်လော။”
     ”ဤမေးခွန်းကား ဧကစ္စသဿတ၀ါဒ  (တချို့မြဲ၊ တချို့မမြဲဟု ယူဆခြင်း) နှင့် ငြိနေသောကြောင့်    
        ဖြေဖို့ မသင့်ဟု” ပယ်တော်မူ၏။
၎) “ရဟန္တာပုဂ္ဂိုလ်သေပြီးသည့်နောက် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟု      
     မှတ်ရမည်လော။”
     “ဤမေးခွန်းသည် အမရာဝိက္ခေပဒိဋ္ဌိ (မရေမရာ၊ ဟိုမရောက် သည်မရောက်) နှင့်
     ငြိသောကြောင့် ဖြေလို့မသင့်လျော်ဟု” ပယ်တော်မူ၏။ အမရာမည်သောငါးသည် ချောနေသောကြောင့် ဘယ်နေရာကမှကိုင်ဖမ်း၍မရသလို မရေမရာ ဟိုမရောက် သည်မရောက် အယူဝါဒကို အမရာဝိက္ခေ၀ါဒ ဟုခေါ်၏။ တိတ္ထိဆရာတော်ခြောက်ယောက်တွင် အပါအ၀င်ဖြစ်သော သိဉ္စည်းဆရာကြီး၏ ၀ါဒပင်ဖြစ်၏။
ဝစ္ဆက နိဗ္ဗာန်အယူအဆကို ဥာဏ်မမှီတော့ကြောင်း လျှောက်ထားသဖြင့် ဗုဒ္ဓက ရဟန္တပုဂ္ဂိုလ်စုတေပြီးနောက် နိဗ္ဗာန်ချမ်းသာခံစားပုံကို မီးပုံ ဥပမာဖြင့် ပြတော်မူ၏။
“လောင်စာကုန်သွားသောကြောင့် မီးပုံမှာ မီးများငြိမ်းသွား၏။
ငြိမ်းသွားသောမီးတောက်များကို အရှေ့အရပ်သို့ရောက်သွားသလော၊ အနောက်အရပ်သို့ ရောက်သွားသလော၊ စသည်ဖြင့်မေးလျှင် ဖြေဖို့ရာ မသင့်လျော်ပေ။” ထို့အတူ ခန္ဓာအသစ်မဖြစ်တော့သဖြင့် ဒုက္ခမီးငြိမ်းသွားသောရဟန္တာကိုလည်း ဘယ်အရပ်သို့ရောက်သည်။ ဘယ်အရပ်သို့မရောက်သည် စသည်ဖြင့် ဖြေလျှင်မသင့်လျော်ဟု ရှင်းပြတော်မူ၏။
“နိဗ္ဗာန် ထင်ရှားရှိပုံနှင့် ပတ်သက်၍ မိလိန္ဒမင်း နှင့် ရှင်နာဂသိန်တို့၏ အမေးအဖြေက” ထပ်ဆင်းထောက်ခံထား၏။
ထေရ် – မင်းကြီး ကောင်းကင်နှင့် နိဗ္ဗာန်သည် ထင်ရှားရှိ၏။
          သို့သော တစ်စုံတစ်ခုသောအကြောင်းကြောင့်မျှ မဖြစ်။
မင်း    – ဒီလိုဆို အရှင်ဘုရားသည် မရှိသောတရားကို နိဗ္ဗာန်ဟု ညွှန်ပြမိလေပြီး။
ထေရ် – မင်းကြီး နိဗ္ဗာန်သည်ရှိ၏။ မနောဝိညာဉ်ဖြင့် သိအပ်၏။ စင်ကြယ်မွန်မြတ်သော ကာမဂုဏ်
          အာမိသကင်းသောစိတ်ဖြင့် ကောင်းစွာကျင့်သော အရိယာတို့သည် နိဗ္ဗာန်ကို သိနိုင် မြင်နိုင်၏။
မင်း   – အရှင်ဘုရား နိဗ္ဗာန်သည် မရှိတရားမဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ။
          နိဗ္ဗာန်သည် အဘယ်သို့နည်း။
ထေရ်  – မင်းကြိး လေဆိုသောအရာသည် ရှိသည်မဟုတ်လော။
မင်း    – ရှိပါသည် အရှင်။
ထေရ် – လေသည် အဆင်းပုံသဏ္ဍန် အကြီးအသေး အရှည်အတို အဘယ်သို့ရှိပါသနည်း။
မင်း   – လေကို ညွှန်ပြရန် မဖြစ်နိုင်ပါ။
ထေရ် – သို့ဆိုလျှင် လေမရှိသလော။ လေသည် မရှိတရားလော။
မင်း   – လေသည် ရှိပါ၏။ လေကိုညွှန်ပြရန် မစွမ်းနိုင်ပါ။ သို့သော် လေရှိသည်ကို နှလုံးသား၌
         သိနေပါသည်။ နှာသီးဝ၌ တိုးနေပါသည်။ တိုးသောလက္ခဏာအားဖြင့် သိနိုင်ပါသည်။
ထေရ် – မင်းကြီး နိဗ္ဗာန်သည်လည်း ဤသို့ပင်ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသည့် လက္ခဏာအားဖြင့်
          ထင်ရှားရှိကြောင်း သိနိုင်၏။ လေကဲ့သို့ပင် အဆင်းအားဖြင့်လည်းကောင်း။
          ပုံသဏ္ဍန်အားဖြင့်လည်းကောင်း ညွှန်ပြ၍မဖြစ်နိုင်ပါ။
မင်း – လက်ခံပါပြီ အရှင်ဘုရား။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန်သည် တည်ရာအရပ်ရှိပါသလော။
ထေရ် – မင်းကြီး နိဗ္ဗာန်သည် တည်ရာအရပ်မရှိပါ။
မင်း    – နိဗ္ဗာန်သည် တည်ရာအရပ်မရှိငြားအံ့။ နိဗ္ဗာန် သည်မရှိနိုင်။
            နိဗ္ဗာန်ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်အံ့နည်း။
ထေရ် – မင်းကြီး နိဗ္ဗာန်သည် အမြဲအစွဲတည်နေသည့် နေရာအရပ်သည် မရှိသော်လည်း
          နိဗ္ဗာန်သည် ရှိ၏။ ကောင်စွာကျင်းသော နှလုံးသွင်းမှုဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။
          ဥပမာ မီးသည်ထင်ရှားရှိ၏။ ထိုမီး၏ အမြဲအစွဲတည်နေရာအရပ်သည် မရှိသလိုဖြစ်၏။
          ကျောက်ခဲနှစ်လုံးခတ်မှ ၀ါးနှစ်လုံးပွတ်မှ မီးရသလိုဖြစ်၏။
မင်း  –  လက်ခံပါပြီ အရှင်ဘုရား။
လုပ်ငန်းစဉ်ကိုကြည့်၍ နိဗ္ဗာန်ကို မီးနှင့် ဥပမာပေးထားခြင်း ဖြစ်၏။
       သို့သော်ကြာကြာပွတ်တိုက်သောအခါ မီးသည်ထွက်ပေါ်လာ၏။
ထို့အတူ ၀ိပဿနာဥာဏ်ဖြင့် ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနိတ္တ ရှုနေ၏။
ဝိပဿနာဥာဏ်ထဲတွင်လည်း နိဗ္ဗာန်မရှိ။
ခန္ဓာငါးပါးတွင်လည်း နိဗ္ဗာန်မရှိ။
သို့သော် ရှုပွားဖန်များလာသောအခါ အချိန်ကျသည်နှင့် နိဗ္ဗာန် သည်ပေါ်လာရ၏။
ထို့ကြောင့် နိဗ္ဗာန်ကို မီးနှင့် ဥပမာပေးခြင်းသည် လုပ်ငန်းစဉ်ကိုကြည့်၍ ပေးထားခြင်းဟု ဆိုခဲ့ခြင်း ဖြစ်၏။
အညွန်း – အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ) ရေးသားတော်မူသော လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၃+၄ စာအုပ်။
This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s