အထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း

ယသော အယသော ဟူဆိုသော လောကဓံ
 

အထီးကျန် ဖြစ်ဖို့ အကြောင်း  –
 
အရေးကြီးဆုံးသည် မိသားစု ဆက်ဆံရေး။
 
အကြီးဆုံးသော ဒုက္ခသည် အပေါင်းအဖော် မရှိခြင်း။
 
အများဆုံးသည် တစ်အိမ်တည်းမှာနေပြီး တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ်ကောက်လွှဲနေတယ်။

စကားကို ဆုံးအောင် နားမထောင်ဘူး၊

ကိုယ်ချင်းမစာဘူး၊

နားမလည်ဘူး။
 

တချို့ကိစ္စတွေမှာ ကိုယ့်ဟာကိုယ်ပဲ ပြန်ပြီးတော့ ရှက်ရတဲ့ ကိစ္စတွေရှိချင်ရှိမယ်။

မအောင်မြင်တဲ့ ကိစ္စတွေရှိမယ်။

ကိုယ့်စိတ်ထဲမှ ရှက်တာ၊ ကြောက်တာ၊ စိုးရိမ်တာ၊ ၀မ်းနည်းတာတွေကို မသိတဲ့သူ၊ နားမလည်တဲ့သူ၊ ကိုယ်ချင်းမစာနိုင်တဲ့သူနဲ့ အဖော် မဖြစ်နိုင်ဘူး။
 

တချို့လူတွေက ခင်ခင်မင်မင် ရင်းရင်းနှီးနှီး မဆက်ဆံတဲ့သူဟာ တစ်ယောက်တည်းဖြစ်နေတယ်။

ကိုယ့်အကြောင်းကို စဉ်းစားမိတိုင်း ပြန်တွေးမိတိုင်း ခံရခက်နေတယ်။
 
ဟန်ဆောင်ပြီးနေသောသူသည် အထီးကျန် ၏။
 
လူတွေကို မယုံကြည်တဲ့သူ၊ သည်းမခံနိုင်တဲ့သူ၊ ခွင့်မလွှတ်နိုင်တဲ့သူ ဟာ အထီးကျန်နေတယ်။
 
သူများအကြောင်း မကောင်းပြောသူ ၊ ဒေါသကြီးသူ၊ ဂုဏ်တဂုဏ်ပြိုင်စိတ်၊ မနာလိုစိတ် ရှိတဲ့သူ ဟာလည်း အထီးကျန်နေတယ်။
 
အထက်တန်းစားစိတ်ဝင်နေလည်း အဖော်မဲ့နေတယ်။
 
သူများမျှော်လင့် အထင်ကြီးလောက် မလုပ်နိုင်ရင်လည်း အဖော်မဲ့နေတတ်တယ်။
 

လက်တွေ့မှာ လူလူချင်း တကယ့်မေတ္တာ ကရုဏ အပြည့်နဲ့ ရင်းနှီးမှုအပြည့်နဲ့ ဆက်ဆံလို့မရလို့ ရှိရင် တချို့လူတွေဟာ စိတ်ကူးထဲမှာ  အဖော်ရှာတယ်။

ကြာရင် စိတ်ရောဂါဖြစ်သွားကြတယ်။ စိတ်ကူးယဉ်စကားပြောနေတတ်တယ်။

တချို့လူတွေက သူတို့ကို တန်ခိုးရှင်က စောင့်ရှောက်နေကြတယ်လို့ ခံစားရတယ်။
 
 

အထီးကျန်ဘ၀မှ လွတ်မြောက်အောင်
 
လုပ်သင့်တာတွေကို လုပ်နေပါ။

ဒါဆိုရင် ကိုယ့်ကိုယ်ကို လေးစားမယ်၊ ချစ်လာမယ်၊ ကိုယ့်ကိုယ့်ကို တန်ဘိုးထားလာမယ်။

ကိုယ့်ကိုယ်ကို အထင်မသေးတော့ဘူး။

ကိုယ့်ဘ၀ကို ကျေနပ်ပြီး ကြည်လင်ရွှန်းလင်းတဲ့သူ ဖြစ်လာမယ်။
 
လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားပါ။
 
တရားအားထုတ်လာပြီး သတိ၊ သမာဓိ၊ ဥာဏ်ပညာ ရင့်ကျက်လာတဲ့အခါမှာ အနားမှာ ဘယ်သူမှမရှိပေမယ့် အဖော်မဲ့လို့ အားငယ်တဲ့စိတ်မျိုး မဖြစ်ဘူး။
အဖော်ကို အပြင်မှာ မရှာတော့ဘူး။
 
ကိုယ့်ကိုယ်ကို ကျေနပ်တဲ့စိတ်ဟာ ကိုယ့်အဖော်ဖြစ်နေတယ်။

သတိဟာ ကိုယ့်အဖော်ဖြစ်နေတယ်။

ငါ့မှာ အဖော်မရှိပါလားဆိုပြီး အားမငယ်ဘူး။ မကြောက်ဘူး။
 
နောက်ဆုံးအချိန်မှာ သတိပဠာန် အဖော်နဲ့ပဲ လက်တွဲပြီးတော့ ဘ၀သံသရာခရီးကို သွားရမှာပဲ။
 
တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ ငါဟာ ငါနဲ့အတူတူရှိနေအောင် ကြိုးစားပါ။

ငါနဲ့ ငါပဲ အဖော်ရနေအောင်၊ ကိုယ့်စိတ်ကို အဖော်ကောင်းဖြစ်အောင်၊ ကိုယ်ရဲ့ကြည်လင်ရွှန်းလန်းပြီး မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကို အဖော်ဖြစ်ပြီး နေတတ်အောင် ကြိုးစားပါ။
 
သတိပဠာန်တရားကို ကိုယ့်နဲ့ မကွာ အမြဲတမ်းပါတဲ့ အဖော်ကောင်းဖြစ်အောင် လုပ်ပါ။

မိတ်ဆွေကောင်းလိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်း အဖော်ကောင်း ပီသအောင် နေလိုက်ပါ။

သတိဆိုတဲ့ အဖော်ကောင်းနဲ့ အမြဲတမ်းအဖော်လုပ်ပြီး နေနိုင်ကြပါစေ။

 

This entry was posted in ကောက်နှုတ်မှုများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s