ဝေဖန်တဲ့အတွက် ကျေးဇူးတင်ပါတယ်

ဝေဖန်တာကို ခံရတဲ့အခါ များသောအားဖြင့် ပုံစံ ၂ မျိုးရှိတယ်။

ပထမပုံစံက ငြင်းပယ်ဖို့၊ ဖုံးကွယ်ဖို့ ကြိုးစားတယ်။

ဒုတိယပုံစံက ငြင်းလို့မရ၊ ဖုံးလို့မရရင် ပြန်ပြောတယ်။

ချီးမွမ်းတိုင်း၊ ကဲ့ရဲ့တိုင်း စိတ်ဆိုးတတ်တဲ့သူဟာ စိတ်မခိုင်သောသူ ဖြစ်တယ်။
 

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူ၊ ကိုယ့်အလုပ်ကို ကိုယ်အတတ်နိုင်ဆုံးကောင်းအောင် လုပ်တဲ့သူဟာ စိတ်ကျေနပ်မှုရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။

သူများချီးမွမ်းတာပေါ်မှာ မှီခိုမှုမရှိဘူး။ လွတ်လပ်နေတယ်။
 

ကိုယ့်ကို သူများက ဝေဖန်တဲ့အခါ သူထောက်ပြတဲ့အမှား၊ ချို့ယွင်ချက် ကိုယ့်မှာ ရှိနေသလားဆိုတာကို ကြည့်ဖို့ အခွင့်အရေးရသွားတယ်။

ရိုးရိုးသားသားကြည့်တဲ့အခါ သူထောက်ပြတဲ့အမှား ကိုယ့်မှာရှိနေရင် ဒီချို့ယွင်းချက်ကို သတိနဲ့ ဥာဏ်နဲ့ ကြည့်ပြီးတော့ တဖြည်းဖြည်းပြင်နိုင်ရင် ကိုယ့်မှာ အကျိုးအများကြီးရှိတယ်။

အဲ့ဒီလိုအကျိုးရှိသွားတဲ့အခါ ကိုယ့်ဘ၀အခြေအနေကိုလည်း တိုးတက်သွားလို့ ဝေဖန်တဲ့သူကိုတောင် ကျေးဇူးတင်တဲ့ စိတ်မျိုးဖြစ်မယ်။
 

တစ်ယောက်ကို တစ်ယောက် အပြစ်တင်ရင် ဝေဖန်ရင်း နှစ်ယောက်စလုံး စိတ်ဓါတ်တွေ ကြမ်းတမ်းသွားရတာ မကောင်းဘူး။
 
ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ ကိုယ်ချင်းစာစိတ်နဲ့ ညှာညှာတာတာပြောရင် နှစ်ယောက်စလုံး စိတ်နေသဘောထားကြီးလာမယ်၊ မြင့်မြတ်လာမယ်။

တစ်ယောက်ကို တစ်ယောက် လေးစားမှုရှိပြီးတော့ ရေရည်ဆက်ဆံရေး အဆင်ပြေမယ်။

ရန်သူမဖြစ်ဘဲ မိတ်ဆွေဖြစ်လာမယ်။

This entry was posted in ကောက်နှုတ်မှုများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s