လူအမျိုးမျိုး

“သိက္ခာ ရှိရှိနေမယ်”  – ဘ၀ကို တန်ဘိုးရှိရှိ၊ အဓိပ္ပါယ် ရှိရှိနေဖို့၊ ဘ၀အရည်အသွေးမြင့်မားစေဖို့ စာအုပ်မှ ကောက်နှုတ်ထားပါသည်။
 
 

“ကိုယ်နဲ့ မတူတဲ့သူ”
 
ပညာဥာဏ် သိပ်နိမ့်တဲ့သူတွေဟာ စိတ်ပိုင်း နာမ်ပိုင်း မြင့်မြတ်မှုတွေကို တန်ဘိုးထားရမှန်း မသိကြတာ များတယ်။
 
 

သဘာဝကို နှစ်သက်တဲ့သူ”
 
စိတ်နေသဘောထား အေးချမ်းပြီး သိမ့်မွေ့နူးညံ့တဲ့သူဟာ ပတ်ဝန်းကျင်မှာ မြင်ရတဲ့သဘာဝကို နှစ်သက်တယ်။ တန်ဘိုးထားတယ်။
 
စိတ်ဆင်းရဲတဲ့သူ စိတ်ပူလောင်နေတဲ့သူဟာ ဘာကိုပဲကြည့်ကြည့် ပူလောင်တဲ့ အဓိပ္ပါယ်ပဲ ဆောင်နေတယ်။
စိတ်ညစ်စရာ အဓိပ္ပါယ်ချည်းပဲ ဖော်ဆောင်သွားတာ များပါတယ်။
 
ကြောက်စိတ် စိုးရိမ်စိတ်မရှိ လိုချင်မက်မောလွှမ်းမိုးခြယ်လှယ်ချင်တဲ့ စိတ်မရှိသူ၊ တည်ငြိမ်အေးချမ်းတဲ့သူဟာ အမှန်အတိုင်းမြင်တယ်။
သဘာဝကျကျ မျှမျှတတမြင်တယ်။
ပိုပြီး objectives အမြင်မျိုးရှိတယ်။
ကိုယ် လိုရင် လိုချင်သလို မလိုချင်သလို ဆွဲမယူဘူး။

 

“ရန်မဖြစ်တဲ့သူ”
 
လူတွေဟာ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြတာတွေများတော့ အပြစ်တင်ခံရမှာကြောက်လို့ အကာအကွယ်ယူနေကြတာ။
 ဥပမာအားဖြင့် သူရော ကိုယ်ရော သံချပ်ကာ အင်္ကျီဝတ်ထားတယ်။
 
ကိုယ့်အကြောင်းကို သိအောင် ကြိုးစားသင့်တယ်။
ကိုယ့်စိတ်မှာ ဘာတွေ တွေးနေလဲ။ ဘာတွေခံစားနေရလဲဆိုတာ အကုန်လုံးဖော်သင့်တယ်။
ပြောဖို့သင့်သလောက် ပြောသင့်တယ်။
ဒါမှ တစ်ယောက်ကို တစ်ယောက် ရင်းနှီးနားလည်မှု ရှိမယ်။
တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲနဲ့ စစ်မှန်တဲ့ မေတ္တာဖြစ်နိုင်ဖို့ တော်တောင်ခဲ့ယဉ်းပါတယ်။

 

“ဘာကိုမှ အပြစ်မမြင်တဲ့သူ”
 
တစ်ဖတ်သတ်ဆန်တဲ့ သဘောထားမျိုးနှင့် သိမ်းကျူံးပြီး အထင်သေးတဲ့ စကားမျိုးပြောတာ၊ ဂုဏ်နိမ့်သွားအောင် ပြောတာဟာ ကိုယ့်သဘောထား မပြည့်ဝ မရင့်ကျက်တာကို ဖော်ပြရာ ရောက်တယ်။
ကိုယ့်ဂုဏ်သိက္ခာပဲ ထိခိုက်တယ်။ သိက္ခာမရှိဘူး။
 
သူများကို အထင်အမြင်သေးတဲ့စကားမျိုး ရှုံ့ချတဲ့စကားတွေ ပြောနေတုန်းမှာ ကိုယ့်စိတ်ကို ပြန်ကြည့်ပါ။
ကိုယ့်စိတ်ဟာ  ပူလောင်နေတယ်။ တည်ငြိမ်ခန့်ညားမှု မရှိဘူး။
အဲ့ဒီစိတ်ဟာ အဆင့်အတန်းနိမ့်တဲ့ စိတ်မျိုးဖြစ်တယ်။
 
မွေးလာရင် သေရမှာပဲ။ မသေခင်မှာ အကောင်းဆုံးနေသွားမယ်။
စိတ်အချမ်းသာဆုံးနေမယ်။ အဲ့ဒီလိုနေနိုင်အောင် ကောင်းတာတွေ လုပ်မယ်။
လုပ်သင့်တာတွေကို လုပ်မယ်။

 
စိတ်ကောင်းတဲ့သူ အသိဥာဏ်ရှိတဲ့သူ အမျိုးမျိုး တတ်ကျွမ်းနားလည်တဲ့သူ ဖြစ်အောင် ကြိုးစားမယ်။
သေခါနီးမှာ တည်တည်ငြိမ်ငြိမ်သေနိုင်အောင် ကြိုတင်ပြီး စိတ်ကိုရင့်ကျက်အောင် လေ့ကျင့်ထားမယ်။
သူက မညှင်းညူတတ်ဘူး၊ စိတ်မပျက်တတ်ဘူး၊ စိတ်မဆိုးတတ်ဘူး။
ဘာကြောင့်လဲဆိုတော့ သူရဲ့စိတ်က တည်ငြိမ်အေးချမ်းနေလို့ပါ။
 
သတိနဲ့ နေတဲ့ အလေ့အကျင့်အားကောင်းလာရင် ကိုယ့်စိတ်မှာ ဖြစ်နေတဲ့ မကျေနပ်တာ၊ သဘောမကျတာကို သိနေရင် တဖြည်းဖြည်းနဲ့ အဲ့ဒီမကျေနပ်ချက်ကြောင့် လွန်လွန် ကျွံကျွံ ပြောမိဆိုမိတာ နဲသွားပေးမယ်။
စကားပြောတာ ကျွမ်းကျင်တာ လိမ္မာတာဟာ အင်မတန်အဆင့်မြင့် တဲ့ အရည်အချင်းဖြစ်တယ်။

This entry was posted in ကောက်နှုတ်မှုများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s