ထေရ၀ါဒသည် ဟီနယာန မဟုတ်

ယခုခေတ်တွင် ထေရ၀ါဒကို ဟီနယာနဟု ဗုဒ္ဓဘာသာဝင်တော်တော်များများ ထင်နေကြသည်။ ဟီနယာနသည် ထေရ၀ါဒမဟုတ်ကြောင်းကို လက်လှမ်းမှီရာစာအုပ်များ – ချမ်းမြေ့ဆရာတော်၏ တက္ကသိုလ်ဓမ္မသဘင် (ဗုဒ္ဓဘာသာ ၃ မျိုး ပို့စ်တွင် ပြန်လည်ရေးသားတင်ထားပေးပါသည်။) နှင့် ဆရာတော်ဦးဇ၀န ရေးသားသော မျက်ရည်မကျခင်သိစေချင်စာအုပ်တွေ (ယခုပို့စ်တွင် ပြန်လည်ရေးသားတင်ပေးထားပါသည်။) ရေးသားထားပါသည်။

မဟာယာန၊ ဟီနယာနဟူ၍ ကွဲပြားငြင်းခုန်ကြသောအချိန်တွင် ပင်မထေရ၀ါဒဗုဒ္ဓဘာသာသည် မဇ္ဈိမဒေသ၌ မရှိသလောက် ဖြစ်နေပေပြီ။ ရဟန္တာကြီးတို့၏ အနာဂတံသဉာဏ်အစွမ်းဖြင့် မဇ္ဈိမဒေသ၌ ဗုဒ္ဓသာသနာကွယ်ပျောက်မည်ကို သိမြင်ကြသောကြောင့် ကိုးတိုင်း၊ ကိုးဌာနသို့ ထေရ၀ါဒဗုဒ္ဓဘာသာကို အခြေတကျပျံ့နှံ့စေလေပြီ။

ထို့ကြောင့် မဟာယာနတို့ခေါ်သော ဟီနယာနသည် ပင်မထေရ၀ါဒမဟုတ်ဘဲ။ တတိယသင်္ဂါယနာမှ ဖယ်ရှားခံရသော သဗ္ဗတ္ထိ၀ါဒစသော ဂိုဏ်းငယ်များပင် ဖြစ်သည်။

ဝိဥာဉ်တိုးတက်ရေးကို ဦးစားပေးသော ယောဂါစာရဂိုဏ်းသည် မဟာယာနဂိုဏ်းကိုသာမက တန္တရယာနဂိုဏ်းကို ထပ်ဆင့်ပေါက်ဖွားစေခဲ့သည်။

တန္တရဟူသည် ဉာဏ်ပညာဟု အဓိပ္ပါယ်ရသည်။ ဂါထာမန္တရာများသည် လောကီဉာဏ်ပညာမှစ၍ လောကုတ္တရာဉာဏ်ပညာအထိ ရရှိစေနိုင်သောကြောင့် တန္တရဟု ခေါ်ခြင်းဖြစ်သည်။ မန္တရယာန ဟူသည်လည်း တန္တရယာနနည်းတူ မန္တာန်ကိုအသုံးပြုသော ဂိုဏ်းတစ်ခုပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခေတ်စားနေသော “ဥုံမဏိပဒ္ဓမေဟုံ” ဟူသော မန္တန်မှာ နီပေါနိုင်ငံမှလာသော မဟာယာနမန္တန်တစ်ခုပင်။

အ၀လောကိတေသွာရ ဘုရားလောင်းက တာယာဒေ၀ီကို ခေါ်ခြင်းဖြစ်သည်။ ထေရ၀ါဒမဟုတ်သောကြောင့်လည်းကောင်း၊ သဘာဝအားဖြင့်လည်း ရတနာသုံးပါးနှင့်စပ်ဆိုင်သောအချက်တစ်ခုမှ မပါသောကြောင့်လည်းကောင်း ကုသိုလ်တရားပွားများစရာ မရှိ၍ မရွတ်သင့်ပါ။

သာသနာနှစ် တစ်ထောင်ကျော်သောအခါ ၀ဇီရယာန (ခေါ်) အကျင့်ပျက်ရဟန်းယုတ်များ ပေါ်လာသည်။ မဟာယာန၀ါဒကို အတုယူ၍ ပေါ်လာသော ၀ါဒတစ်ခုပင်ဖြစ်သည်။

မဟာယာနတို့က ဘုရားဖြစ်ပြီးစ မိဂဒါဝုန်တော၌ ဟောကြားသော ဓမ္မစကြာတရားတို့သည် လူညံ့လူဖျင်းများ၊ သာဝကလမ်းစဉ်လိုက်သူများအတွက် ဟောကြားခြင်းဖြစ်၍ ဟိနယာနပိဋက ဟု ဆိုကြ၏။

ဉာဏ်ပညာထက်မြက်သူတို့သာ နားလည်နိုင်သော ခက်ခဲနက်နဲသော ဘုရားအလောင်းလမ်းစဉ်ကိုမှု ရာဇဂြိုလ်ပြည်၊ ၀ိဇ္ဈကုဋ်တောင်၌ ဟောခဲ့သည်ဟုဆိုကာ ကျမ်းအမျိုးမျိုး စိတ်ကြိုက်ရေးသား၍ မဟာယာနပိဋက ဟု ဆိုကြ၏။

ထိုနည်းတူ ၀ဇီရယာန (ခေါ်) အကျင့်ပျက်ရဟန်းယုတ်များကလည်း ၀ဇီရယာနတရားထူးကို အိန္ဒိယတောင်ပိုင်း၊ ဓညကဋကအရပ်၌ မှော်အတတ်ပညာသီးသန့်ဒေသနာတစ်ရပ်ကို ဟောတော်မူသည်ဟုဆိုကာ နတ်ရုပ်၊ ဘီလူးရုပ်၊ လူခေါင်းခွံ၊ ဂါထာ၊ မန္တန် စသည်တို့ဖြင့် အသိဉာဏ်နည်းသူတို့ကို ခြောက်လှန့်စားသောက် အမြတ်ထုတ်ကြလေတော့သည်။

ပုဂံခေတ်တွင် လူညွန့်ခူးစားသော အရည်းကြီးများမှာ ၀ဇီယာနအဆက်အနွယ်များပင် ဖြစ်သည်။

 

အညွန်း။ မျက်ရည်မကျခင် သိစေချင်စာအုပ်။

 

 

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s