Daily Archives: April 30, 2011

မင်းကွန်းဆရာတော်၏ ဆုံးမသြ၀ါဒ

သူတစ်ပါးအကျိုး ပျက်စီးစရာကို ဘယ်အခါမှ မပြောနဲ့၊ မလုပ်နှင့်၊ မကြံနှင့် ကြမ်းတမ်းသော စကားကို မဆိုနှင့်၊ မေတ္တာနှင့်ယှဉ်သော စိတ်ကို ဖြစ်စေရမည်။ အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော ယခုလက်ရှိအချိန်ထက် ကောင်းသော အချိန်မရှိ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင် သုံးပါ။ (မင်းကွန်းဆရာတော်)

Posted in ဆုံးမသြ၀ါဒများ | Leave a comment

ဗြဟ္မစိုရ် (၄) ပါး

ဗြဟ္မစိုရ် (၄) ပါး တန်းတူတွေ့ရင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်၊ ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ နိမ့်သူတွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်၊ နိုင်မည့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ မြင့်သူတွေ့ရင် မုဒိတာဝင်၊ မ၀င်နိုင်က ရွဲ့တတ်သည်၊ ရွဲ့မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ မိုက်သူတွေ့ရင် ဥပေက္ခာဝင်၊ မ၀င်နိုင်က မဲ့တတ်သည်၊ မဲ့မည့်အစား ဥပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ စိတ်ကိုလည်း ပြင်၊ ရုပ်ကိုလည်း ပြင်၊ ပြင်ဆိုင်တိုင်းရ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

ရွှေဟင်္သာတော်ရဆရာတော်ကြီး ၏ ဆုံးမသြ၀ါဒ

ခံစားချင်သလား၊ စံစားချင်သလား စွန့်လွှတ်ခြင်းရဲ့သုခကို မရသေးသမျှ ပိုင်ဆိုင်ခြင်းရဲ့ဒုက္ခကို ခံရမယ်။ သူတော်ကောင်းများ ခံယူချက် မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။ သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။ ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။ ငါ့ကို ပြုပြင်သူကို ငါ့ဆရာဟု အသိအမှတ်ပြုမည်။ သူတစ်ပါးအကျိုးကို ငါလိုလားမှ ငါ့အကျိုးကို သူတစ်ပါးက လိုလားမည်။ ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ဆောင်ရွက်မည်။ ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ ငါ့မိတ်ဆွေ မဟုတ်။ သုခ၏မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။ ဒုက္ခ၏ မျိုးစေ့ဖြစ်သော … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

ဓမ္မပဒမှ

နေတတ်ဖို့လို ပညာရှိနားနေပြီး ပညာမရရင်၊ သူတော်ကောင်းနားနေပြီး စိတ်ကောင်းမရှိရင် ကြာပင်အောက်က ဖားဟာ ကြာပန်း၊ ကြာပွင့်၊ ကြာဝတ်မှုန်အရသာကို မခံစားရဘဲ ရွှံ့ညွန်ထဲမှာပဲ ကပ်နေရတာနဲ့ အတူတူပဲ။ တစ်နည်းပြောရရင် ဒီလူမျိုးဟာ ယောက်မလို လူပါပဲ။ ယောက်မဟာ တစ်နေ့ကုန် ဟင်းအိုးထဲ စိုက်ထားသော်လည်း ဟင်းရဲ့အရသာကို ဘယ်မှာ သိနိုင်လို့လဲ။ သူတော်ကောင်း လက္ခဏာ ၁) သူတော်ကောင်းသည် သူတစ်ပါး အပြစ်ကို မမေးလျှင် မပြော။ အမေးခံရသောအခါ လျှော့ပေါ့ပြီး ပြော၏။ ၂) သူတော်ကောင်းသည် သူတစ်ပါး၏ ဂုဏ်ကို … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

ခင်ပွန်းကြီး ဆယ်ပါး

ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလျှင် ကျရောက်တတ်သော ရောဂါများမှာ – ၁) ရောဂါဆန်းတွေ ဖြစ်တတ်သည်။ ၂) စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်သည်။ ၃) ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်သည်။ ၄) ပွေး၊ ၀ဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်သည်။ ၅) ဘေးရန် အန္တာရာယ် ကျရောက်တတ်သည်။ ၆) မင်းဘေးမင်းဒဏ် သင့်တတ်သည်။ ၇) အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်သည်။ ၈) ဇနီး၊ မယား … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

မဟာဂန္ဓာရုံ ဆရာတော် ဦးဣန္ဒောဘာသ၏ ဆုံးမသြ၀ါဒ (မဟာဂန္ဓာရုံ ဆရာတော် ဦးဣန္ဒောဘာသ

နီးလျှက်ဝေး ခြင်္သေ့သည် ကျားကို နိုင်၏။ ကိုယ်တွင်းက ခွေးလေးသန်းကို မနိုင်။ မသူတော်သည် သူတော်ကောင်းကို နိုင်၏။ ကိုယ်တွင်း အကုသိုလ်ကို မနိုင်။ မသူတော်သည် သုခကြိုက်လျက် နတ်ပြည် မတက်။ ဒုက္ခမှန်းသိလျက် ငရဲ ဆင်းရ၏။ မသူတော်သည် မိမိမေတ္တာရှိသော သူတော်ကောင်းကို ပစ်မှားနိုင်၏။ သူတော်ကောင်းသည် မိမိမေတ္တာပျက်သော မသူတော်ကို ချစ်နိုင်၏။ မသူတော်ကား လာဘ်ရဖို့ ကြံ၏။ သူတော်ကောင်းကား တရားရဖို့ ကြံသည်။ သူတော်နှင့် မသူတော်သည် ရှေးကံအကြောင်းလည်း ဝေးသည်။ နောက် လားရာဂတိလည်း … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

ဆရာတော်များ၏ ဆုံးမသြ၀ါဒများ

ခုကောင်းမှ နောင်ကောင်း ဘာ့ကြောင့် ညာ့ကြောင့် အနှောင့်မတွယ်။ ကိုယ့်တွက် ကိုယ်ရေး ကြံတွေးပါကွယ်။ ခုဘ၀ကောင်းမှ နောင်ကောင်းကြမယ်။ နောင်ခါမှ နောင်တရတတ်တယ်။ (၀န်းသို၊ ခန္တီးဆရာတော် ဘုရားကြီး) လူဖြစ်ကျိုး မနပ် လူ့ဘ၀ရောက်လာပြီး သေကြသူများတွင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့ကို ကိုးကွယ်ခွင့် မရဘဲ သေသူများသည် လူဖြစ်ကျိုး မနပ်ပေ။ ဒါန၊ သီလ၊ ဘာသနာတရားကို ပြုလုပ်ခွင့် မရသောသူများသည်လည်း လူဖြစ်ကျိုး မနပ်ပေ။ (မဟာစည် ဆရာတော် ဘုရားကြီး) တုန်းလေးတုန်း ကျင့်ပုံ … Continue reading

Posted in ဆုံးမသြ၀ါဒများ | 1 Comment

အရှင် ဇ၀န မေတ္တာရှင် ရွှေပြည်သာ ၏ ဆုံးမသြ၀ါဒများ

ကြည့်တတ်လျှင် အမြင်ကြည် မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ် မရှိ။ ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ် မရှိ။ သာသနာ ပြုခြင်း သာသနာပြုတယ်ဆိုတာ သူတစ်ပါးရင်ထဲကို သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး တည်အောင် လုပ်ပေးတာကို ဆိုလိုတယ်။ ဘယ်သူ့ကို ကြည်ညိုရမှာလဲ သူတစ်ပါးကို မကြည်ညိုလျှင် ကုသိုလ်မရရုံပဲ ရှိမည်။ မိမိကို မိမိမကြည်ညိုလျှင် အပါယ်ကျတတ်သည်။ အကြောင်းကား သူတစ်ပါးကို လိမ်ညာ၍ ရသော်လည်း မိမိကိုယ်မိမိ လိမ်ညာ၍ မရသောကြောင့်တည်း။ သူဖို့ကိုယ်ဖို့ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

အသုဘမြင်တာ မင်္ဂလာ

သက္ကရာဇ် (၂၀၀၀) ခုနစ်တွင် အရှင်ဇ၀န မြိတ်မြို့မှ ရွာတစ်ရွာတွင် နှစ်ညဟောရန် စီစဉ်ထား၏။ ထူးခြားမှုတစ်ခုကား ရွာ၏သချိုင်းသည် ဘုန်းကြီးကျောင်းနောက်မှာ ရှိနေ၏။ ထို့ကြောင့် အသုဘချလျှင် ကျောင်းဝိုင်းထဲမှ ဖြတ်သွားကြရ၏။ ထိုအဖြစ်ကို ကျောင်းထိုင် ဘုန်းကြီးက သဘောမကျ။ တစ်နေ့ခင်းတွင် ကျွန်ုပ်ရှေ့၌ အသံထွက်ပြီး ညည်း၏။ “ဦးဇ၀နရေ၊ ဒီကျောင်းမှာ ကျောင်းထိုင်ရတာ ကျန်တာ အားလုံးအဆင်ပြေတယ်။ အသုဘကြီး ကျောင်းဝိုင်းထဲက ဖြတ် ဖြတ်ချတာကတော့ မင်္ဂလာကို မရှိဘူး။ ဒါ့ကြောင့် ဒီကျောင်းဟာ တိုးတက်သင့်သလောက် မတိုးတက်ဘူး ဖြစ်နေတယ်။” … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | 1 Comment

ကျောက်ဆင်းတု ပြဿနာ

အရှင် ဇ၀န ထံ စာဝါများလိုက်ဖူး၍ တပည့်လည်း ဖြစ်ခဲ့ဖူးသော ဦးအာဒိစ္စ အမည်ရှိ ရဟန်းတစ်ပါးက – “ဦးဇ၀န၊ တပည့်တော် ဦးလေးအိမ်မှာ ကျောက်ဆင်းတု တစ်ဆူရောက်နေတယ် ဘုရား။ မန္တလေးက ပင့်လာတာတဲ့။ အဲ့ဒါ ဘုန်းကြီးကျောင်း ပို့ခိုင်းရဦးမယ်။ ကျောက်ဆင်းတုကို အိမ်မှာ မကိုးကွယ်ကောင်းဘူးဆိုတာ သူတို့ မသိကြဘူး။” “အလို – ကျောက်ဆင်းတု အိမ်မှာ ကိုးကွယ်တော့ ဘာဖြစ်လို့တုန်း ဦးအာဒိစ္စရဲ့။” သူက အံ့သြသောမျက်လုံးဖြင့် ကျွန်ုပ်ကို လှမ်းကြည့်ကာ – “လူကိုခိုက်တယ်ဆိုတာ … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | Leave a comment