အရှင် ဇ၀န မေတ္တာရှင် ရွှေပြည်သာ ၏ ဆုံးမသြ၀ါဒများ

ကြည့်တတ်လျှင် အမြင်ကြည်

မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ် မရှိ။

ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ် မရှိ။

သာသနာ ပြုခြင်း

သာသနာပြုတယ်ဆိုတာ သူတစ်ပါးရင်ထဲကို သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး တည်အောင် လုပ်ပေးတာကို ဆိုလိုတယ်။

ဘယ်သူ့ကို ကြည်ညိုရမှာလဲ

သူတစ်ပါးကို မကြည်ညိုလျှင် ကုသိုလ်မရရုံပဲ ရှိမည်။

မိမိကို မိမိမကြည်ညိုလျှင် အပါယ်ကျတတ်သည်။

အကြောင်းကား သူတစ်ပါးကို လိမ်ညာ၍ ရသော်လည်း မိမိကိုယ်မိမိ လိမ်ညာ၍ မရသောကြောင့်တည်း။

သူဖို့ကိုယ်ဖို့

ဘယ်လောက်ပင် စားရ စားရ၊ တစ်ဝမ်း ၀ရုံပဲ။

ဘယ်လောက်ပင် ၀တ်ရ ၀တ်ရ၊ အရေပြားဖုံးရုံပဲ။

ဘယ်လောက်ပင် အိပ်ရ အိပ်ရ၊ တစ်ကိုယ်စာလေးပဲ။

ဘယ်လောက်ပင် ပစ္စည်းဥစ္စာ ရှိရှိ၊ သေလျှင် ထားပစ်ခဲ့ရတာချည်းပဲ။

ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊

ကျန်ခဲ့လျှင် သူများဖို့။

လူကြိုက်နည်းသော ၀ိပဿနာ

ဝိပဿနာတရားဆိုတာ ချမ်းသာလွယ်ကူစွာ ကျင့်လို့ ရတယ်လို့ သိကြရင် လူတိုင်းကျင့်ကြမှာပါ။

အခုတော့ ရှေ့တန်းထွက်သလို အသက်နဲ့ လဲနိုင်မှ ကျင့်လို့ရမယ့်တရားလို သဘောထားနေကြလို့သာ ကျင့်ကြံပွားများမယ့်သူ နည်းနေတာပါ။

လူမိုက်

မလုပ်သင့်တာကို လုပ်တာမှ လူမိုက်လို့ ခေါ်တာ မဟုတ်ပါဘူး။

လုပ်သင့်တာကို မလုပ်ရင်လည်း လူမိုက်ပါပဲ။

 

သူတော်ကောင်း သူယုတ်မာ ခြားနားချက်

မသူတော်သည် သူတစ်ပါး၏ ဇီးစေ့လောက် ရှိသော အပြစ်ကို ရှာဖွေတွေ့မြင်တတ်သော်လည်း မိမိ၏ မြင့်မိုရ်တောင်လောက်ရှိသော အပြစ်ကိုကား မမြင်တတ်။

သူတော်ကောင်းသည် သူတစ်ပါး၏ မြင့်မိုရ်တောင်လောက်ရှိသောအပြစ်ကို မမြင်တတ်သော်လည်း မိမိ၏ ဇီးစေ့လောက် ရှိသော အပြစ်ကိုကား ရှာရှာဖွေဖွေမြင်ပြီးပြုပြင်တတ်၏။

 

အသာစံခြင်း နှင့် အနာခံခြင်း

အသာစံခြင်း၏ နောက်ဆုံးပန်းတိုင်သည် အပယ် (၄) ပါး။

အနာခံခြင်း၏ နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်။ အနာခံခြင်းသည် သမုဒယသစ္စာ (တဏှာ)ကို အကျင့်ဖြင့် ပယ်သတ်နေခြင်း ဖြစ်သည်။

ထိရှသော အနာမရှိသည့် လက်ဖြင့် အဆိပ်ကို ကိုင်တွယ်သော်လည်း အဆိပ်မတက်နိုင်။ ထို့အတူ သူတစ်ပါးကို သေစေလိုသော အကုသိုလ်စေတနာကို မဂ်ဖြင့် ပယ်သတ်ပြီးဖြစ်သော သောတာပန်ပုဂ္ဂိုလ်အား လေးမြား စသည်ကို ၀တ္တရားကျေရုံ ပြင်ဆင်ပေးကာမှုဖြင့် အကုသိုလ်ကံ မဖြစ်ပါ။

ဗုဒ္ဓဘာသာဝင်တိုင်း အကျင့်သိက္ခာ ဖြူစင်သင့်၏။

အကြောင်းကား ဗုဒ္ဓဘာသာဝင်တစ်ဦး မကောင်းတာလုပ်လျှင် မိမိသာမက ရတနာသုံးပါးနှင့် ဆရာပါ သိက္ခာကျနိုင်သောကြောင့်ပင်တည်း။

(အရှင်ဇ၀န – မေတ္တာရှင်- ရွှေပြည်သာ)

မှတ်ချက်။ ဆရာတော်၏ သြ၀ါဒများ ရှိပါသေးသည်။

This entry was posted in ဆုံးမသြ၀ါဒများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s