ပါရမီ ၁၀ ပါး (အပြား ၃၀)

ဒီပင်္ကရာဘုရားခြေရင်းမှာပဲ ဘုရားဆုကို ပန်ခဲ့ပြီး ရှေးဘုရင်တွေရဲ့ကျင့်ကြံမှုကို ဆင်ခြင်တော်မူသောအခါ ပါရမီ ၁၀ပါးကို ဖြည့်ကျင့်တာကို သိမြင်တော်မူပြီး သတ္တ၀ါဝေနေယျတွေကို သံသရာလွတ်မြောက်ဖို့အတွက် လေးသင်္ချေ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီသုံးဆယ်ကို စည်းစိမ်ချမ်းသာ၊ သားသမီး၊ မယား၊ အသက်၊ ခန္ဓာကို စွန့်၍ အပင်ပန်းဆင်းရဲကြီးစွာ ဖြည့်ကျင့်ခဲ့ရပါတယ်။

 

ပါရမီ- မြင့်မြတ်သူတို့ရဲ့အလုပ် (ပရမာနံကမ္မံ ပါရမီ)

ဂေါတမမြတ်စွာဘုရား ဖြည့်ကျင့်ခဲ့သော ပါရမီ ၁၀ ပါး

၁) ဒါန         = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။

၂) သီလ       = ကိုယ်နှုတ်မှာ ဒုစရိုက်မဖြစ်အောင် ထိန်းသိမ်းခြင်း။

၃) နိက္ခမ      = ကိလေသာမှ ထွက်မြောက်ခြင်း။

၎) ပညာ      = အနိစ္စ၊ ဒုက္ခ၊ အနိတ္တကို ထိုးထွင်း၍သိခြင်း။

၅) ၀ီရိယ      = ပါရမီအလုပ်ကို ထက်သန်စွာ ပြုလုပ်ခြင်း။

၆) ခန္တီ        = ညှင်းဆဲနှိပ်စက်မှုကို သည်းခံခြင်း။

၇) သစ္စာ      = မှန်ကန်စွာ ပြောဆိုခြင်း။

၈) အဓိဋ္ဌာန်   = ပြီးစီးအောင် လုပ်ဆောင်ခြင်း။

၉) မေတ္တာ     = သတ္တ၀ါတို့ကို ချစ်ခင်ခြင်း။

၁၀) ဥပေက္ခာ = မိမိကို ညှင်းဆဲသူအပေါ်၌လည်း ဒေါသဖြစ်ကာ မုန်းခြင်းမရှိ၊ မိမိကို ကျွေးမွေးစောင့်ရှောက်

                    ယုယသူအပေါ်၌လည်း လောဘဖြစ်ကာ ချစ်ခြင်းမရှိဘဲ အလယ်၌ရပ်တည်နိုင်ခြင်း။

 

ပါရမီ ၁၀ ပါးအား အပြား (၃၀) ဆိုသည်မှာ

ဥပမာ – ဒါနပါရမီမှာ ရွှေငွေမြင်း စသည့် အပေါ်ယံပစ္စည်းဝတ္တုတွေကို လှူဒါန်းရင်-  ရိုးရိုး ဒါနပါရမီ။

အသွေးအသားတွေပါ လှူဒါန်းရင် – ဒါန ဥပ ပါရမီ။

အသက်ကိုပါ လှူဒါန်းရင် – ဒါန ပရမတ္ထ ပါရမီ။

စသဖြင့် ပါရမီ တစ်ပါးမှာ သုံးပြား ဖြာထွက်သော်ကြောင့် အပြား ၃၀ ဖြစ်သည်။

 

(ဗုဒ္ဓဖြည့်ကျင့်ခဲ့ရမှုတွေကို အကျယ်အားဖြင့် လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာအတွဲ ၁နှင့် ၂၊ မဂ်တားဖိုလ်တားစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။)

 

This entry was posted in မြတ်ဗုဒ္ဓ ဂေါတမ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s