ငါ အိုသွားသောအခါ

  • ငါ အိုသွားသောအခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး။

ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

  • ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ၊ အင်္ကျီ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကို မရွံ့ပါနဲ့။

ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

  • အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။

ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတတော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

  • မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊

ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

  • ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။

ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။

  • စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။

လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

  • တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနဲ့၊

နားလည်ပေးပါ၊ အားပေးပါ။

  • အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။

ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

သားတို့ သမီးတို့ရေ………. ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။

 

(မိဘမေတ္တာဖွဲ့ စာစုလေးတွေကို ဖတ်မိတိုင်း ရင်ထဲမှာ ဆို့နစ်ပြီး မျက်ရည်ကျမိပါတယ်။  ကိုယ့်မိဘတွေ  ကိုယ်ငယ်ငယ်တုန်းက လုပ်ပေးခဲ့၊ ဆင်ပေခဲ့၊ အနစ်နာပေးခဲ့မှုတွေ ကိုယ်ရော သူတို့ကို ဘယ်လောက်လုပ်ပေးခဲ့ပြီလဲ ဘယ်လောက်လုပ်နေပြီလဲ ဆိုတာ…………………။  အခုအချိန်ထိ ကိုယ်တွေသာ အသက်တွေကြီးပြင်းလာပေမယ့် သူတို့ရဲ့မေတ္တာတွေက ဘယ်တော့မှ မပြောင်းလဲဆဲပါပဲ။ သားသမီးတွေ လိုအပ်နေတာကို အမြဲဖြည့်ပေးချင်နေတဲ့သူတို့ရဲ့ စိတ်ဆန္ဒ။

ကိုယ်တွေ ပြန်ပြီး သူတို့ကို ပြုစုစောင့်ရှောက်ရမယ့်အချိန်ကျတော့ ကိုယ်ဝန်ကို ကိုယ်က အနိုင်နိုင်ထမ်းနေရတာတို့၊ ကိုယ့်အိမ်ထောင်ဘက်ကို ကြည့်နေရတာတို့ စသည် စသည့်အကြောင်းအမျိုးမျိုးတွေနဲ့ပေါ့လေ….

ဒါပေမယ့် မိဘတွေကို ပြန်မလုပ်ကျွေး ပြန်မပြုစုနိုင်ရင် နေပါစေ. ဒါပေမယ့် အိုမင်းလာတဲ့သူတို့တွေရဲ့ ကျန်ရှိနေတဲ့သက်တမ်းကို စိတ်ဒုက္ခပေးမယ့်အစား တရားဘာဝနာလေးနဲ့ သံသရာမှာ ရိက္ခာပါအောင် ဆောင်ရွက်ပေးနိုင်တဲ့ သားသမီးကောင်းတွေတော့ တတ်နိုင်သမျှ လုပ်ပေးကြပါစေလို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ရပါတယ်။)

This entry was posted in လောကနိတိ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s