Tag Archives: ထေရ၀ါဒ

အနတ္တ ရှင်းပုံ

အနတ္တအနက် ၆ မျိုး ၁) အသာရကတ္ထေန  ယူစရာ၊ ပြစရာ၊ ရစရာ အနှစ်အသားဟူ၍ ဘာမှမရှိခြင်း အနက်သဘောကြောင့် အနတ္တာ- အနတ္တ မည်။ ၂) အသာမိကတ္ထေန စိုးသူ၊ ပိုင်သူ၊ စေခိုင်းသူ မရှိသော  အနက်သဘောကြောင့် အနတ္တာ- အနတ္တ မည်။ ၃) အ၀သ၀တ္တနတ္ထေန ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အထောက်အပံ့ကို မရဘဲ မိမိဖြစ်စေချင်တဲ့ အလိုဆန္ဒအတိုင်း မဖြစ်။ မိမိအလို အကြိုက်သို့ မပါသောကြောင့်  အနတ္တာ- အနတ္တ မည်။ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ဒုက္ခ

ဒုက္ခသုံးမျိုး 1) ဒုက္ခ ဒုက္ခ  – ဒုက္ခခန္ဓာကောင်ကြီးကို ဖိထိုင်တာကြာလို့၊ ရပ်တာကြာလို့ နာလာတာ ညောင်းလာတာက နောက်ဒုက္ခတစ်ခုပေါ်လာတာ။ အဲ့ဒါကို ဒုက္ခ ဒုက္ခ။ 2) သင်္ခါရဒုက္ခ – ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ကြောင်းတရားတွေက ဒီရုပ်နာမ်ဖြစ်အောင် လုပ်ပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျက်ဖို့အတွက် လုပ်ပေးနေတာကို သင်္ခါရဒုက္ခ။ 3) ၀ိပရိဏာမဒုက္ခ – ဖြစ်ပြီး ပျက်သွားတာကို ၀ိပရိဏာမဒုက္ခ။   အကြောင်းတရားတို့ ပြုသလို ပြင်သလိုသာဖြစ်ရပြီး မိမိသဘောအတိုင်း … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

အနိစ္စာနုပဿနာ ရှုပွားနည်း

ရှုပွားတဲ့အခါမှာ မြင်သာပြီး လွယ်ကူတဲ့ ခပ်ကျဲကျဲနေရာကနေစပြီး ရှုရပါမယ်။ ပထမဆုံး အရွယ်ဆယ်ပါးကနေစပြီးတော့ ရှုရပါမယ်။ အရွယ်ဆယ်ပါးက – ၁) မန္ဓဒသက – မွေးစကနေ ဆယ်နှစ်သားအထိအရွယ် – ဉာဏ်ပညာနုန့်နှေးတဲ့အရွယ်လို့ အဓိပ္ပါယ် ရပါတယ်။ ၂) ခိဋဒသက – ဆယ်နှစ်ကနေ နှစ်ဆယ်အရွယ်အထိ – မြူးတူးပျော်ပါးကစားတဲ့အရွယ်လို့ အဓိပ္ပါယ် ရပါတယ်။ ၃) ၀ဏ္ဏဒသက – နှစ်ဆယ်ကနေ သုံးဆယ်အရွယ်အထိ – အဆင်းအလှဆုံးအရွယ်လို့ အဓိပ္ပါယ် ရပါတယ်။ ၄) ဗလဒသက – … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ဝိပဿနာ ညစ်ညူးကြောင်း ဆယ်ပါး

ဝိပဿနာကို အားထုတ်ရာတွင် နည်း သုံးမျိုးဖြင့် အားထုတ်နိုင်ပါတယ်။ ပထမနည်းက သမထယာနိကနည်း ဒုတိယနည်းက ယုဂဒ္ဓနည်း နှင့် တတိယနည်းက သုဒ္ဓ၀ိပဿနာနည်း တို့ ဖြစ်ပါတယ်။   ၀ိပဿာနာညစ်ညူးကြောင်းဆယ်ပါးဟာ သမထယာနိကနည်းနဲ့ ရှုပွားသူတွေမှာသာဖြစ်ပေါ်ပြီး ၀ိပဿနာယာနိကနည်းနဲ့ရှုပွားသူတွေမှာ မဖြစ်ပေါ်နိုင်ပါဘူး။   ၁) သြဘာသ  – ခန္ဓာကိုယ်မှ အလင်းရောင်ထွက်ပေါ်ခြင်း၊ ၂) ဉာဏ်   – အသိဉာဏ်ထက်မြက်လာခြင်း၊ ၃) ပီတိ   – နှစ်သိမ့်ဝမ်းမြောက်နေခြင်း ၄) ပဿဒ္ဓိ   – ငြိမ်းအေးနေခြင်း၊ ၅) သုခ  – … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

မဟာသတိပဋ္ဌာန် ၄ ပါးနှင့် အကျိုး

သမထက ဉာဏ်သေ၊ ၀ိပဿနာက ဉာဏ်ရှင်။ ဗုဒ္ဓသည် ကုရုတိုင်း ကမ္မာဓမ္မေမည်သော နိဂုံးရွာကြီး၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား တစ်ကြောင်းတည်းသော လမ်းခရီး- သတိပဋ္ဌာန် လေးပါး ကို ဟောကြားတော်မူခဲ့သည်။ “ရဟန်းတို့ သတ္တ၀ါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးမြည်တမ်းရခြင်းတို့ကို လွတ်မြောက်နိုင်ရန်၊ ကိုယ်စိတ်ဆင်းရဲခြင်းများချုပ်ငြိမ်းရန်၊ အရိယာမဂ်ကိုရရှိရန် နိဗ္ဗာန်ကို မျက်မျောက်ပြုရန်အတွက် တစ်ကြောင်းတည်းသောခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင် ဖြစ်၏။” ၁) ကာယာနုပဿနာသတိပဋ္ဌာန်- ပြင်းစွာလုံ့လစိုက်လျက် သတိသမ္ပဇဉ်နှင့်ယှဉ်ကာ လောက၌ မက်မောခြင်း၊ ပြစ်မှားခြင်းတို့ကို ပယ်ဖျောက်ပြီး ကိုယ်၌ကိုယ်ဟု အဖန်တလဲလဲရှု၍နေခြင်း ( … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | 1 Comment

ဒွိဟိတ် တိဟိတ် ခွဲခြားနည်းနှင့် ဒွိဟိတ် တိဟိတ် ဖြစ်ပုံ

သေက္ဈတောင်ဆရာတော်၏ ပဏ္ဍိတဝေဒနီယကျမ်းမှာ – တိဟိတ်ဒွိဟိတ်ဝိစိကိစ်၊ ချိတ်၍ထားပါဘိ၊ ကိုယ်တိုင်သိရန် ကိုယ်တိုင်ကြံ၊ သည်းခံကြိုးစားကြည့်၊ ပဋိဘာဂါ သမထာ၊ ထင်လာတိဟိတ်သိ၊ ဥဒယဗ္ဗယာ ၀ိပဿနာ၊ ထင်လာတိဟိတ်သိ။   မိမိဒွိဟိတ်လား တိဟိတ်လား သိချင်ရင် သမထ၊ ၀ိပဿနာ တစ်ခုခုကို လက်တွေ့လုပ်ကြည့်လိုက်ပါ။ သမထဘာဝနာပွားကြည့်လို့ ပဋိဘာဂနိမိတ်ကိုရရင် တိဟိတ် လို့သိပါ။ ၀ိပဿနာဘာဝနာပွားကြည့်လို့ ဥဒယဗ္ဗယဉာဏ်(ဖြစ်ပျက်မြင်ရင်) ရရင်လဲ တိဟိတ်လို့သိပါ။ ပဋိဘာဂနိမိတ်ထင်ပုံ ပဋိဘာဂ ဆိုသည်မှာ မြန်မာလို အတူ (သို့) အတု ဆိုတဲ့ အဓိပ္ပါယ်ထွက်ပါတယ်။ ဥပမာ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

သုညအမြင်

“သုညအမြင်” (သက္ကာယဒိဋ္ဌိ ပယ်ပုံ) –  ကိုယ့်ခန္ဓာကို ပြန်ကြည့်လို့ ငါ သူတစ်ပါး ယောကျာ်း မိန်းမ ပုဂ္ဂိုလ်သတ္တ၀ါဆိုတာ မတွေ့ရတော့ဘဲ ဆိတ်သုဉ်းသွားတာကို သုညအမြင်လို့ ခေါ်တယ်။ လောကသုံးပါးကို သုညဖြစ်အောင် ပရမတ်ပညာနဲ့ကြည့်နိုင်ရမယ်။   လောကသုံးပါး သတ္တ လောက       = လူ၊ နတ်၊ ဗြဟ္မာ နှင့် အပါယ်ဘုံသား။ သြကာသ လောက =  လူ၊ နတ်၊ ဗြဟ္မာ နှင့် အပါယ်ဘုံသား နေတဲ့ ဘုံဌာန။ သခါၤရေလာက       =  … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment