Category Archives: မေတ္တာရိပ်မှ နှုတ်ခွန်းစကား

နှစ်သစ် မင်္ဂလာပါရှင်

ဓမ္မမိတ်ဆွေများ အားလုံး နှစ်သစ် ၁၃၇၄ခုနစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ဘာသာအကျိုး၊ သာသနာအကျိုးကို ထမ်းရွက်ပိုးနိုင်၍ အေးချမ်းသော ငြိမ်းချမ်းသောဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ကျမရဲ့ဓမ္မဆိုဒ် – မေတ္တာရိပ်မှာ ကျမ ပို့စ်တွေတင်ခဲ့တာ ၄ နှစ်တာ ကာလတွင်း ရောက်ရှိလို့ လာပါပြီ။ ဒီကြားထဲမှာ ရပ်သွားပေမယ့် ပို့စ်အသစ်လေးတွေ ကောင်းတာလေးတွေတွေ့ရင် တင်ပေးချင်တဲ့စိတ်ဆန္ဒရှိတဲ့အတွက်ကြောင့် ကျမ ၂၀၁၁ သင်္ကြန်ကာလပြီးပေါ့နော် … ကျမ ပို့စ်အနည်းငယ်သာ တင်ပေးနိုင်ခဲ့ပါသည်။ … Continue reading

Posted in မေတ္တာရိပ်မှ နှုတ်ခွန်းစကား | Leave a comment

နှစ်သစ် မင်္ဂလာ ၂၀၁၁

နှစ်ဟောင်းကုန်လို့ နှစ်သစ် ပူပြင်းလှသော တန်ခူးလရာသီအချိန်အခါသမျှတွင် သတ္တ၀ါဝေနေယျအားလုံး ဘေးရန်ကင်းကွာ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများစွာနှင့် လောကအကျိုး လောကုတ္တရာအကျိုး ကို ဆောင်ရွက်နိုင်ပါစေ လို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ မေတ္တာရိပ် ထေရ၀ါဒ ဓမ္မဆိုဒ်ကို လာရောက် ကြည့်ရှု လေ့လာကြသော ဓမ္မမိတ်ဆွေများ၏ အကြံပေးချက်များကို ခေတ္တရပ်နားထားသည့်တိုင်အောင် ရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။ ကျမ၏ မေတ္တာရိပ် ဓမ္မဆိုဒ်တွင် အဓိကအားဖြင့် အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ဆရာတော် ရေးသားတော်မူသော စာအုပ်များမှ ပြန်လည် စုပေါင်း၍ ခေါင်းစဉ် အမျိုးမျိုးဖြင့် … Continue reading

Posted in မေတ္တာရိပ်မှ နှုတ်ခွန်းစကား | Leave a comment

နှုတ်ဆက်ပါရစေ

မေတ္တာရိပ် ဓမ္မဆိုဒ်ကို လာကြသော ဓမ္မမိတ်ဆွေများကို ကျမ နှုတ်ဆက်ခဲ့ပါတယ်။ ကျမအနေနဲ့ တဖက်ကလည်း လောကီအလုပ်တွေကို မဖြစ်မနေလုပ်နေရတာက တကြောင်း၊ တဖက်ကလည်း တရားဓမ္မများကို ဆရာတော်များ၊ ဓမ္မကထိက လူပုဂ္ဂိုလ်များ နှင့် သာမာန်လူပုဂ္ဂိုလ်များရဲ့ ဟောကြားမှုတွေကို နာယူလေ့လာနေတာက တကြောင်း၊ ဒီဆိုဒ်ထဲမှာလည်း အန္ဓပုထုဇဉ်ကနေ ကလျာဏပုထုဇဉ်၊ ပရမတ္ထ ပုဂ္ဂိုလ်အဆင့်အထိ ကူးယူတင်ပြထားသည်က တကြောင်းကြောင့် မေတ္တာရိပ်ဆိုဒ်လေးကို လှည့်မကြည့်နိုင်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒီဆိုဒ်ထဲမှာ ၀ိပဿနာအလုပ်ပေးတရားကို ဆရာတော်များ၏ စာအုပ်များထဲမှ ကူးယူတင်ပေးခြင်းကို အဆုံးသတ်ထိ မရေးပေးနိုင်ခြင်းကို သည်းခံခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။ … Continue reading

Posted in မေတ္တာရိပ်မှ နှုတ်ခွန်းစကား | 2 Comments