Category Archives: ထေရ၀ါဒ မှတ်ကျောက်

ဥပါသကာ ၊ ဥပါသိကာ

ဥပါသကာ ၊ ဥပါသိကာ ဘုရား တရား သံဃာ ရတနာသုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို“ဥပါသကာ”ဟုခေါ်ဆို၏။ အမျိုးသမီးဖြစ်လျှင်“ဥပါသိကာ”ဟုခေါ်ဆို၏။ “လူပုဂ္ဂိုလ်တို.သည် မိမိ၏ ခန္ဓာကိုယ်နှင်.အသက်ကိုမငဲ.ကွက်ပဲ ရတနာမြတ်သုံးပါးအား ပေးလှူခြင်း၊ရတနာမြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးစားအားထားခြင်း၊ရ တနာမြတ်သုံးပါး၏ တပည်.သားအဖြစ် စွဲမှတ်ခံယူခြင်း၊ရတနာမြတ်သုံးပါးကိုသာလျှင် ရှိခို.မှူ၊ရိုသေကိုင်းရှိုင်းမှုပြုခြင်း စသောနည်းလမ်းတို.ဖြင်. ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်သော ပုဂ္ဂိုလ်(ဥပါသကာ၊ဥပါသိကာမ)” အဖြစ်သို.ရောက်ရှိကြသည်။ ထိုသို.ဥပါသကာဖြစ်ပြီးသူများကို“ဗုဒ္ဓဘာသာဝင်သူတော်စင်” ဟုသတ်မှတ်ရသည်။ ဥပါသကာတို.ရှောင်ရန်အချက်များ ဥပါသကာအဖြစ် ခံယူပြီးသော ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်သည် ငါးပါးသီလ ကိုခါးဝတ်ပုဆိုးကဲ.သို.မြဲ၍ စွမ်းနိုင်ပါမူ ရှစ်ပါး၊ ဆယ်ပါးသီလများကိုစောင်. ထိန်း၍ ဖော်ပြပါလတ္တံ. … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | Leave a comment

အသုဘမြင်တာ မင်္ဂလာ

သက္ကရာဇ် (၂၀၀၀) ခုနစ်တွင် အရှင်ဇ၀န မြိတ်မြို့မှ ရွာတစ်ရွာတွင် နှစ်ညဟောရန် စီစဉ်ထား၏။ ထူးခြားမှုတစ်ခုကား ရွာ၏သချိုင်းသည် ဘုန်းကြီးကျောင်းနောက်မှာ ရှိနေ၏။ ထို့ကြောင့် အသုဘချလျှင် ကျောင်းဝိုင်းထဲမှ ဖြတ်သွားကြရ၏။ ထိုအဖြစ်ကို ကျောင်းထိုင် ဘုန်းကြီးက သဘောမကျ။ တစ်နေ့ခင်းတွင် ကျွန်ုပ်ရှေ့၌ အသံထွက်ပြီး ညည်း၏။ “ဦးဇ၀နရေ၊ ဒီကျောင်းမှာ ကျောင်းထိုင်ရတာ ကျန်တာ အားလုံးအဆင်ပြေတယ်။ အသုဘကြီး ကျောင်းဝိုင်းထဲက ဖြတ် ဖြတ်ချတာကတော့ မင်္ဂလာကို မရှိဘူး။ ဒါ့ကြောင့် ဒီကျောင်းဟာ တိုးတက်သင့်သလောက် မတိုးတက်ဘူး ဖြစ်နေတယ်။” … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | 1 Comment

ကျောက်ဆင်းတု ပြဿနာ

အရှင် ဇ၀န ထံ စာဝါများလိုက်ဖူး၍ တပည့်လည်း ဖြစ်ခဲ့ဖူးသော ဦးအာဒိစ္စ အမည်ရှိ ရဟန်းတစ်ပါးက – “ဦးဇ၀န၊ တပည့်တော် ဦးလေးအိမ်မှာ ကျောက်ဆင်းတု တစ်ဆူရောက်နေတယ် ဘုရား။ မန္တလေးက ပင့်လာတာတဲ့။ အဲ့ဒါ ဘုန်းကြီးကျောင်း ပို့ခိုင်းရဦးမယ်။ ကျောက်ဆင်းတုကို အိမ်မှာ မကိုးကွယ်ကောင်းဘူးဆိုတာ သူတို့ မသိကြဘူး။” “အလို – ကျောက်ဆင်းတု အိမ်မှာ ကိုးကွယ်တော့ ဘာဖြစ်လို့တုန်း ဦးအာဒိစ္စရဲ့။” သူက အံ့သြသောမျက်လုံးဖြင့် ကျွန်ုပ်ကို လှမ်းကြည့်ကာ – “လူကိုခိုက်တယ်ဆိုတာ … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | Leave a comment

ဇမ္ဗုပတိချွတ်ခန်းပုံတော်

တစ်နေ့တွင် အတွေးအခေါ်ရှိသော ဒကာလေးတစ်ယောက်က မေးခွန်းတစ်ခု မေးလာ၏။ “ဆရာတော် – မြတ်စွာဘုရားဟာ ရတနာမျိုးစုံ စီခြယ်ထားတဲ့ မင်းဝတတ်တန်ဆာ မကိုဋ် စလွယ်တွေကို ၀တ်ဆင်လေ့ရှိပါသလား ဘုရား။” “ဟ . . . ဘုရားပါဆိုမှ ဒီမကိုဋ် စလွယ်တွေကို ၀တ်ပါ့မလား။ ဘာလဲ မင်းက ဇမ္ဗုပတိချွတ်ခန်းပုံတော်ကို ကြည့်ပြီး လာမေးတာထင်တယ်။” “ဟုတ်ပါတယ် ဘုရား။ တပည့်တော်လည်း ဘာသာရေးစာပေတွေ ဖတ်ပါတယ်။ မြတ်စွာဘုရား မင်းမြောက်တန်ဆာ ၀တ်တယ်ဆိုတာ တစ်နေရာမှ မတွေ့ဖူးဘူး ဘုရား။ ဒီလိုမရှိဘဲနဲ့ … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | Leave a comment

ရယ်ပြသော ရုပ်ပွားတော်

ရယ်ပြသော ရုပ်ပွားတော်” ၁၉၉၈ ခုနစ်ခန့်က အမေငြိမ်းအမည်ရှိသော သားဖွားဆရာမကြီး တစ်ဦးသည် အသိမိတ်ဆွေ အိမ်တစ်အိမ်တွင် ရယ်လည်း ရယ်၊ မျက်စိလည်း ဖွင့်ပြသော ရုပ်ပွားတော်တစ်ဆူ ပင့်ထားသည်။ ယင်းရုပ်ပွားတော်အား ဆရာတော်ဖူးမြှောင်ရန်လိုက်ခဲ့ပါဟု ပင့်သဖြင့် ဗဟုသုတ ရအောင် လိုက်သွားခဲ့၏။ ပင့်ထားသောအိမ်ကား သူဌေးအိမ်ပင် ဖြစ်၏။ ဘုရားပုံတော်ကို ကြည့်လိုက်သောအခါ “ဒက္ခိဏသာခါ” ပုံပင် ဖြစ်နေ၏။ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြားတို့ဖြင့် စီခြယ်ထားလိုက်သည်မှာလည်း ဘုရားပုံတော်ပင် ပျောက်လုခမန်း ဖြစ်နေ၏။ ပင့်သူများကလည်း ထိုသို့ … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | Leave a comment

ဒက္ခိဏသာခါ ပြဿနာ

“ဒက္ခိဏသာခါ ပြဿနာ” ဆရာတော် အရှင်ဇ၀နအား ဦးသိန်းရွှေက ဒက္ခိဏသာခါဘုရားဆင်းတုတော်အကြောင်း မေးမြန်းလျှောက်ထားပုံ – မေး –   ဆရာတော်၊ ဒက္ခိဏသာခါ ဆိုတဲ့ အမည်ဟာ ဘယ်ကနေပြီး စဖြစ်လာတာလဲ ဘုရား။ ဒက္ခိဏသာခါရဲ့ အဓိပ္ပါယ်ကရော ဘာပါလဲ ဘုရား။ ဖြေ –    ဒက္ခိဏ – တောင်ဘက်အရပ်ကို ဟောတယ်။ သာခါ – အကိုင်း ကို ဟောတယ်။ နှစ်ခုပေါင်းတော့ ဒက္ခိဏသာခါ ဆိုတာ တောင်ဘက်က အကိုင်းပဲပေါ့။ ဒီအမည်ဟာ … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | Leave a comment

ဆင်းခံ မြင်းခံ ဘုရား ပြဿနာ

“ဆင်းခံ မြင်းခံ ဘုရား ပြဿနာ” ဘာသာရေးနှင့် ပတ်သက်သော အပြုအမူ ဆောင်ရွက်ချက်များကို ထေရ၀ါဒဗုဒ္ဓအလိုကျ ဟုတ် မဟုတ် တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တစ်ခုရှိ၏။ ထိုမှတ်ကျောက်ကား – ယင်းအပြုအမူသည် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာကုန်ကြောင်းဖြစ်လျှင် ထေရ၀ါဒ စစ်မှန်၏။ ယင်းအပြုအမူသည် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတိုးပွားကြောင်း ဖြစ်လျှင် ထေရ၀ါဒမဟုတ်။ ဗြဟ္မဏ၀ါဒ (မဟာယာန၀ါဒ) ဟု မှတ်ရမည်။ ယခုခေတ်တွင် ဂိုဏ်းဆရာနှင့် ဘိုးတော်များ၏ အသစ်အဆန်းထွင်မှုကြောင့် ဆင်ခံဘုရား၊ … Continue reading

Posted in ထေရ၀ါဒ မှတ်ကျောက် | Leave a comment