Category Archives: ထေရ၀ါဒ ဗုဒ္ဓဘာသာ

“ အရိုးရှင်းဆုံး တရားအားထုတ်နည်း ” – ဆရာတော်ဦးဇောတိက

“ အရိုးရှင်းဆုံး တရားအားထုတ်နည်း ” – ဆရာတော်ဦးဇောတိက ••••••••••••••••••••••••••••••• အခုဒီမှာ ထိုင်နေတယ်နော်…။ ကိုယ့်လက်နှင့် လက်နှစ်ခုထိနေတယ်။ ဟိုဒကာကြီးဆိုလည်း လက်နှင့်လက်ထိထားတယ်။ ဟိုဒကာကြီး ကလည်း လက်နှင့်လက်ထိထားတယ်နော်။ အဲဒီထိထားတဲ့နေရာကို စိတ်နှင့် အာရုံပြုကြည့်စမ်းပါ။ ဘာကိုသိရသလဲ? ဘယ်လိုအာရုံမျိုး၊ ဘယ်လို sensation မျိုး၊ ဘယ်လို feeling မျိုးရှိလဲ? (……..) အင်း…။ ဟုတ်တယ်။ နွေးနေတယ်နော်။ အဲဒါ နွေးနေတာ sensation တစ်ခုဘဲ။ ဒီမှာ သေချာကပ်ပြီး ကြည့်လိုက်ပါအုံး။ သူ့မှာ လှုပ်နေတာတစ်ခုခုရှိနိုင်သလား? … Continue reading

Posted in ၀ိပဿနာ | Leave a comment

မောဟ ပိုက်ကွန်

ဗုဒ္ဓက – “နတ္ထိ မောဟသမံ ဇာလံ – မောဟပိုက်ကွန်ဟာ အနှိုင်းမဲ့ပိုက်ကွန်” ဖြစ်၏ ဟု ဟောကြားတော်မူခဲ့ပါတယ်။ ပိုက်ကွန်ဆိုတာ မိမိအတွင်းဝင်ရောက်လာတဲ့သတ္တ၀ါတွေကို ချုပ်နှောင်ထားတတ်တဲ့သဘော ရှိပါတယ်။ ပိုက်ကွန်တွင်းကျရောက်သွားတဲ့သတ္တ၀ါတွေဟာ ပိုက်ကွန်ရဲ့အပြင်ဘက်ကို ပြန်ရောက်ဖို့ မလွယ်ကူပါဘူး။ မကြာခင်မှာပင် သေရတော့မယ်ဆိုတဲ့အသိနဲ့ စိတ်ပင်ပန်းဆင်းရဲစွာ နေရပါတယ်။ မလွဲမသွေကြုံတွေ့ရတော့မယ့် သေခြင်းတရားကို အနီးကပ်စောင့်စားရင်း စိတ်နှလုံးထိတ်လန့်တုန်လှုပ်စွာ ပူလောင်နေပါတယ်။ ပိုက်ကွန်ထဲရောက်နေမှန်းသိရက်နဲ့ ပျော်နေတဲ့သတ္တ၀ါ၊ စိတ်ချမ်းသာနေတဲ့သတ္တ၀ါကတော့ အင်မတန်ကို မိုက်မဲလွန်းလို့၊ ထူ အ လွန်းလို့ ဖြစ်ပါလိမ့်မယ်။ လာကမှာရှိရှိသမျှသောပိုက်ကွန်အားလုံးထဲမှာ မောဟပိုက်ကွန်ဟာ အဆိုးဝါးဆုံးဖြစ်ပြီး … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Leave a comment

မဂ်နှင့် သောတာပန်

“မဂ်” ၏ အဓိပ္ပါယ် ရှုမှတ်ပွားများနေရမှာက ယောဂီတို့ရဲ့အလုပ်ပါ။ မဂ်ဖိုလ်ဆိုတာ သူ့အချိန်တန်ရင် ရမှာပါပဲ။ မဂ်ရတယ်ဆိုတာ အလုံးကြီး အခဲကြီးရသလို ထင်မနေပါနဲ့။ – လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု၊ – မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု – စုစုပေါင်းနှစ်ခု ရှိတယ်။ လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက “မ” ရော “ဂငယ်” နှစ်လုံးရော နှစ်ခုပေါင်းမှ လမ်းခရီးဆိုတဲ့အနက်ကို ဟောနိုင်တယ်။ မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါကျတော့ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Leave a comment

သောတာပန်

သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက် သပ္ပုရိသူပနိဿယ– သူတော်ကောင်းကိုမှီဝဲဆည်းကပ်ခြင်း။ သူတော်ကောင်းကိုမှီဝဲဆည်းကပ်ရာမှာ ရဟန်းဖြစ်စေ၊ လူဖြစ်စေ ပရမတ်ခန္ဓာငါးပါးအပေါ်မှာ ဒိဋ္ဌိကွာအောင်ဟောပေးနိုင်မယ့်ပုဂ္ဂိုလ်ပါ။ သဒ္ဓမ္မသ၀န- သူတော်ကောင်းတရားကို စူးစိုက်စွာနာကြားခြင်း။ သူတော်ကောင်းတရား ဆိုသည်မှာ ပရမတ်တရားများကို ဦးစားပေးနာကြားဖို့ပါ။ ယောနိသောမနသိကာရ– အသင့်အားဖြင့် နှလုံးသွင်းခြင်း။ အသင့်အားဖြင့် နှလုံးသွင်းခြင်း ဆိုသည်မှာ အာရုံတစ်ခုခုနဲ့ကြုံတိုင်းမှာ အကုသိုလ်မဖြစ်အောင် ရှုတတ်ရမယ်လို့ ဆိုလိုပါတယ်။ ဓမ္မာနု ဓမ္မပဋိပတ္တိ- တရားနှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်း။  တရားနှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်း ဆိုသည်မှာ ထိုင်နေခိုက် ထသခိုက်မှာပဲ ခန္ဓာငါးပါးဖြစ်ပျက်သွားပြီ။ အနိစ္စ အမြဲမရှိပါလားလို့ ရှုပွားတာပါပဲ။ ဥဒ္ဒေသတော … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Leave a comment

အနတ္တ ရှင်းပုံ

အနတ္တအနက် ၆ မျိုး ၁) အသာရကတ္ထေန  ယူစရာ၊ ပြစရာ၊ ရစရာ အနှစ်အသားဟူ၍ ဘာမှမရှိခြင်း အနက်သဘောကြောင့် အနတ္တာ- အနတ္တ မည်။ ၂) အသာမိကတ္ထေန စိုးသူ၊ ပိုင်သူ၊ စေခိုင်းသူ မရှိသော  အနက်သဘောကြောင့် အနတ္တာ- အနတ္တ မည်။ ၃) အ၀သ၀တ္တနတ္ထေန ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အထောက်အပံ့ကို မရဘဲ မိမိဖြစ်စေချင်တဲ့ အလိုဆန္ဒအတိုင်း မဖြစ်။ မိမိအလို အကြိုက်သို့ မပါသောကြောင့်  အနတ္တာ- အနတ္တ မည်။ … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

ဒုက္ခ

ဒုက္ခသုံးမျိုး 1) ဒုက္ခ ဒုက္ခ  – ဒုက္ခခန္ဓာကောင်ကြီးကို ဖိထိုင်တာကြာလို့၊ ရပ်တာကြာလို့ နာလာတာ ညောင်းလာတာက နောက်ဒုက္ခတစ်ခုပေါ်လာတာ။ အဲ့ဒါကို ဒုက္ခ ဒုက္ခ။ 2) သင်္ခါရဒုက္ခ – ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ကြောင်းတရားတွေက ဒီရုပ်နာမ်ဖြစ်အောင် လုပ်ပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျက်ဖို့အတွက် လုပ်ပေးနေတာကို သင်္ခါရဒုက္ခ။ 3) ၀ိပရိဏာမဒုက္ခ – ဖြစ်ပြီး ပျက်သွားတာကို ၀ိပရိဏာမဒုက္ခ။   အကြောင်းတရားတို့ ပြုသလို ပြင်သလိုသာဖြစ်ရပြီး မိမိသဘောအတိုင်း … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment

အနိစ္စာနုပဿနာ ရှုပွားနည်း

ရှုပွားတဲ့အခါမှာ မြင်သာပြီး လွယ်ကူတဲ့ ခပ်ကျဲကျဲနေရာကနေစပြီး ရှုရပါမယ်။ ပထမဆုံး အရွယ်ဆယ်ပါးကနေစပြီးတော့ ရှုရပါမယ်။ အရွယ်ဆယ်ပါးက – ၁) မန္ဓဒသက – မွေးစကနေ ဆယ်နှစ်သားအထိအရွယ် – ဉာဏ်ပညာနုန့်နှေးတဲ့အရွယ်လို့ အဓိပ္ပါယ် ရပါတယ်။ ၂) ခိဋဒသက – ဆယ်နှစ်ကနေ နှစ်ဆယ်အရွယ်အထိ – မြူးတူးပျော်ပါးကစားတဲ့အရွယ်လို့ အဓိပ္ပါယ် ရပါတယ်။ ၃) ၀ဏ္ဏဒသက – နှစ်ဆယ်ကနေ သုံးဆယ်အရွယ်အထိ – အဆင်းအလှဆုံးအရွယ်လို့ အဓိပ္ပါယ် ရပါတယ်။ ၄) ဗလဒသက – … Continue reading

Posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ | Tagged | Leave a comment