Category Archives: လကာၤမ်ား

ကိုယ်နှင့် ကိုယ်သာပြိုင်

အပြိုင်အဆိုင် လောကကြီးမှာ ရောက်နေတော့ ကိုယ်လည်း ပြိုင်ပွဲဝင်နေရမှာပဲ။ ပြိုင်တဲ့အခါ ပြိုင်တတ်ဖို့ လိုတယ်။ မနေ့က ငါ၊ ဒီနေ့ ငါ မှန်စက် ငါ၊ ဒီနှစ် ငါ ပိုတော်လာအောင် ပြိုင်ရမယ်။ သူများနဲ့ မပြိုင်နဲ့။ ကိုယ်နဲ့ ကိုယ်သာပြိုင်။ (ဓမ္မဒူတဆရာတော်ကြီး) Advertisements

Posted in လကာၤမ်ား | Leave a comment

အနေတတ်ဖို့

သူက မုန်းလည်း အမုန်းမဖက် မေတ္တာလက်နှင့် ပွေဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။ သူက ငြိုငြင်… အပြစ်တင်လည်း ချစ်ခင်ရိုးသား မြတ်စိတ်ထား၍ စကားချိုမြ နှုတ်စကားလှကို ဖွဖွဆိုပါ။ သူကရန်ရှာ… ပြုမူပါလည်း ညင်သာသက်သက် ခွင့်လွှတ်လျက်နှင့် နှစ်ဖက်နှစ်ဝ အေးငြိမ်းရအောင် လမ်းပြဆောင်ပါ။ မေတ္တာ၊ သစ္စာ အနစ်နာနှင့် ဘယ်ခါမဟူ စိတ်ထားဖြူစွာ နေတတ်ပါမှ သင်၏ဘ၀ အေးချမ်းရလိမ့်။ (မှတ်ချက်။ ကျမအား ချစ်ခင်သော အဒေါ်တစ်ယောက်မှ “လောကနီတိနှင့် သိမှတ်ဖွယ်ရာများ” လက်ကမ်းစာအုပ်မှ ကူးယူးဖော်ပြပါသည်။)

Posted in လကာၤမ်ား | Leave a comment

မမေ့အပ်သော ဗုဒ္ဓသြ၀ါဒ

“ မမေ့အပ်သော ဗုဒ္ဓသြ၀ါဒ ” •••••••••••••••••••••••• ◙ အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ ◙ မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ီရိယ။ ◙ ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ။ ◙ နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ။ ◙ အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ ◙ အမြဲလက်ကိုင်ထားရန်ကား ခန္တီ၊ မေတ္တာ၊ သစ္စာ၊ Dhamma Danã Source ► Htoo … Continue reading

Posted in လကာၤမ်ား | Leave a comment

သံေ၀ဂလကၤာ

ငါတို့ နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်။ ရသည်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါသွားရသည်။ တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်သား မကယ်ပြီ။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ၊ များလှပြီ။ ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ပြီ။ ဇရာမီးတောင်၊ ကိုယ်ထည်းလောင်၊ သေအောင်မြိုက်တော့သည်။ မသေရခင်၊ သွားလမ်းစဉ်၊၊ ကြိုတင်ပြင်သင့်ပြီ။ ဒါန သီလ ဘာဝနာ၊ လမ်းသာ ထွင်လိမ့်မည်။ မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။ အရှင်ဇနကာဘိဝံသ For … Continue reading

Posted in လကာၤမ်ား | Leave a comment