Category Archives: ဆုံးမသြ၀ါဒများ

ကိုယ့်ရဲ့ အဖော်မွန်ကောင်းဆိုတာ

(www.infinitydhamma.com) လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားပါ။ တရားအားထုတ်လာပြီး သတိ၊ သမာဓိ၊ ဥာဏ်ပညာ ရင့်ကျက်လာတဲ့အခါမှာ အနားမှာ ဘယ်သူမှမရှိပေမယ့် အဖော်မဲ့လို့ အားငယ်တဲ့စိတ်မျိုး မဖြစ်ဘူး။ အဖော်ကို အပြင်မှာ မရှာတော့ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့စိတ်ဟာ ကိုယ့်အဖော်ဖြစ်နေတယ်။ သတိဟာ ကိုယ့်အဖော်ဖြစ်နေတယ်။ ငါ့မှာ အဖော်မရှိပါလားဆိုပြီး အားမငယ်ဘူး။ မကြောက်ဘူး။ နောက်ဆုံးအချိန်မှာ သတိပဠာန် အဖော်နဲ့ပဲ လက်တွဲပြီးတော့ ဘ၀သံသရာခရီးကို သွားရမှာပဲ။ တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ ငါဟာ ငါနဲ့အတူတူရှိနေအောင် ကြိုးစားပါ။ ငါနဲ့ ငါပဲ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

ရွှေဥမင်ဆရာတော်ကြီး၏ သင်္ကြန်တရား

  “ရွှေဥမင်ဆရာတော်ကြီး၏ သင်္ကြန်တရား” •••••••••••••••••••••••••••••••••••••• ကူးပြောင်းတာကို ‘သင်္ကြန်’ ခေါ်တာ။ ‘သင်္ကန္တ’ ပေါ့။ သင်္ကန္တ သဒ္ဒါကို ဗမာက ‘သင်္ကြန်’လို့ သုံးလိုက်တာ။ အများ နားလည်တာ။ ကလေးတွေကတော့ သင်္ကြန်ဆိုတာ ရေပက်တာလို့ သူတို့ နားလည်တယ်။ သင်္ကြန်အစစ်ကတော့ ကူးပြောင်းတာ။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာ။ ခန္ဓာသင်္ကြန်နှင့် အတွင်းသန့်ရှင်းရေး လူကလည်း ရုပ်ဟောင်းတွေ ချုပ်ငြိမ်းပြီးတော့ ရုပ်သစ်ကို ကူးပြောင်းတာ တဲ့။ ရုပ်ဟောင်းကနေ ရုပ်သစ် ကူးပြောင်းတယ် ဆိုပေမယ့် ခု ဒီမှာကတော့ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

အောင်မြင်မှု အစစ်

လူတွေရဲ့စိတ်မှာရှိတဲ့ အကန့်အသတ်မရှိတဲ့ အရည်အချင်းတွေထွက်မလာတာ ဘာ့ကြောင့်လဲဆိုတော့ ပြတ်သားတဲ့ရည်ရွယ်ချက် မရှိလို့ဘဲ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူး။ ကိုယ်လုပ်တဲ့အလုပ်တွေအပေါ်မှာယုံကြည်မှုမရှိဘူး။ အလုပ်ကိုမထိတထိ လုပ်ကြည့်တယ်၊ အခက်အခဲနဲ့ကြုံ ရင်နောက်ဆုတ်တယ်၊ အဲဒီလိုလူဟာ မကြီးပွားဘူး ၊ မအောင်မြင်ဘူး။   ပြတ်သားတဲ့ရည်ရွယ်ချက်ရှိရင် လုပ်လို့ဖြစ်တဲ့နည်းကိုရှာမှာပဲ။ ရှာပြီးတော့လုပ်နေမယ် ၊ လုပ်လို့အဆင်မပြေရင် ဘာဖြစ်လို့အဆင်မပြေဘူးဆိုတာ စဉ်းစားမယ်။ ပြင်ကြည့်မယ်၊ ပြင်ကြည့်လို အဆင်ပြေသွားရင်ဆက်လုပ်မယ်၊အဆင်မပြေသေးရင်ထပ်ပြီးတော့ပြင်ဦးမယ်။ ဒီလိုလုပ်ရင်းပြင်ရင်းနဲ့ကြာလေ အမှားနဲလေဖြစ်လာတယ်။ ဒါဆိုရင် အမှန်မုချ အောင်မြင်တော့မှာပဲ။   အောင်မြင်တယ်ဆိုတာသူများထက်သာသွားတာကိုမဆိုလိုပါဘူး။ ပြိုင်ပွဲမှာပထမရတာ၊ အိမ်ကြီးအိမ်ကောင်းနဲ့နေနိုင်တာ၊ရာထူးအမြင့်ဆုံးရောက်တာ၊ ဘွဲ့ထူးကြီးတွေရတာ၊ ဂုဏ်ပြုတာတွေခံရတာတွေဟာ အောင်မြင်မှုအစစ် မဟုတ်ဘူး။ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

မာန်မာနကင်းရှင်းခြင်း

show details 26/09/2010 မာန်မာနကင်းရှင်းခြင်း “ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် အရည်အသွေးတစ်ခုကတော့ မာန်မာနကင်းရှင်းခြင်း ၊ သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီး၊ဘ၀မြင့်မှု ကင်းရှင်းခြင်း ဆိုတဲ့အရည်အသွေးပါပဲ။” မာနသိပ်မကြီးပါနဲ့ ။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို အထင်မသေးပါနဲ့။ ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလိုဟုတ်ချင်မှလည်းဟုတ်မှာ။ အခုလောလောဆယ်မှာ ကိုယ့်ရဲ့အထင်သေးစရာဖြစ်နေပေမယ့် တစ်ချိန်မှာ ကိုယ့်ထက်သာချင်သာသွားမှာပါ ။ကိုယ်အထင်ကြီးစရာအနေအထားမျိုးရောက်ချင်ရောက်သွားမှာပါပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို အထင်သေးတဲ့စိတ်နဲ့မပြောသင့်မပြောထိုက်တာပြော ၊ မလုပ်သင့်မလုပ်ထိုက်တာ လုပ်မိရင် ကိုယ်ပဲပြန်ပြီးဒုက္ခ္ခ္ခ ရောက်တက်ပါတယ်။ ၀ိဋဋူဘဇာတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်မကမွေးတဲ့သားဆိုပြီးတော့ဝိဋဋူဘထိုင်သွားတဲ့နေရာ နွားနို့ရည်တွေနဲ့ဆေးလိုက်တော့ ဟိုကရန်ငြိုးဖွဲ့ပြီး မင်းတို့ကနွားနို့နဲ့ပဲဆေးတယ်၊ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ်

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ် (၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

တာဝန်

You have one and only one central need in your life to become the best that you can to realise the best of your potential. သင့်ဘ၀မှာ အဓိကအကျဆုံး အခြေခံအကျဆုံး အချက်အခြာအကျဆုံး လိုအပ်ချက်တစ်ခုပဲရှိပါတယ်။. “ကိုယ့်ကိုယ်ကိုကိုယ်ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်လာဖို့။ ကိုယ့်မှာအရည်အချင်းအများကြီးရှိတဲ့ထဲက အကောင်းဆုံးအရည်အချင်းကို အကောင်အထည်ဖော်ဖို့။” အဲဒါဟာ သင့်ဘ၀မှာ တစ်ခုတည်းသော အချက်အချာအကျဆုံး အဓိကအကျဆုံး … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment

သဘောထားမှန်ပါစေ

လူဟာ အသိဉာဏ်ကို လိုလားတဲ့သတ္တ၀ါဖြစ်တယ်။ သူ့ဘ၀ဟာ ဘာအဓိပ္ပါယ်ရှိလဲဆိုတာ သိချင်တယ်။ လူဟာ သိချင်တတ်ချင်စိတ် ရှိတယ်။ လုပ်ချင်ကိုင်ချင်စိတ်လည်းရှိတယ်။ အဲ့ဒီ သိချင်တတ်ချင်စိတ် လုပ်ချင်ကိုင်ချင်စိတ် မပျောက်ကင်းအောင် ထိန်းသိမ်းဖို့ပဲလိုတယ်။   အမှန်ကိုပြောရမယ့်တာဝန် ရှိတယ် ဘယ်လိုအမှန်တရားဖြစ်ဖြစ် ဘယ်သူကပြောပြော ဘာအကြောင်းအရာနဲ့ ပတ်သက်တာပြောပြော အမှန်တရားမှန်သမျှ တန်ဘိုးရှိတယ်။ အမှန်တရားကို တန်ဘိုးထားရမယ်။ လောကမှာ အမှားတစ်ခုကို အမှားလို့သိပြီး အသိအမြင်အမှန်ကို တွေ့ပြီးတော့ ပြောင်းလဲသွားတာဟာ လူသားတစ်ရပ်လုံးရဲ့တိုးတက်မှုပါပဲ။ အမှန်ဘက်ကိုရောက်တိုင်း ရောက်တိုင်း လူဟာ အသိဉာဏ်ကြောင့် လွတ်လပ်မှုတစ်မျိုး ရသွားတယ်။ ဒုက္ခသက်သာသွားတယ်။ … Continue reading

Posted in ဆုံးမသြ၀ါဒများ | Leave a comment