နှစ်သစ် မင်္ဂလာပါရှင်

ဓမ္မမိတ်ဆွေများ အားလုံး နှစ်သစ် ၁၃၇၄ခုနစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ဘာသာအကျိုး၊ သာသနာအကျိုးကို ထမ်းရွက်ပိုးနိုင်၍ အေးချမ်းသော ငြိမ်းချမ်းသောဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကျမရဲ့ဓမ္မဆိုဒ် – မေတ္တာရိပ်မှာ ကျမ ပို့စ်တွေတင်ခဲ့တာ ၄ နှစ်တာ ကာလတွင်း ရောက်ရှိလို့ လာပါပြီ။ ဒီကြားထဲမှာ ရပ်သွားပေမယ့် ပို့စ်အသစ်လေးတွေ ကောင်းတာလေးတွေတွေ့ရင် တင်ပေးချင်တဲ့စိတ်ဆန္ဒရှိတဲ့အတွက်ကြောင့် ကျမ ၂၀၁၁ သင်္ကြန်ကာလပြီးပေါ့နော် … ကျမ ပို့စ်အနည်းငယ်သာ တင်ပေးနိုင်ခဲ့ပါသည်။ အခု ၂၀၁၃ ခုနစ် သင်္ကြန်ကာလပြန်ရောက်ပြန်တော့ (၂)နှစ်တောင် ရှိပြီပေါ့နော်။

ဒီကြားကာလတွေမှာလည်း ကျမရဲ့ဓမ္မဆိုဒ်ကို following up လုပ်တဲ့သူတွေလည်း တဖြည်းဖြည်းများလာတဲ့အတွက် တကယ်ကို အတိုင်းမသိ ၀မ်းသာပီတိဖြစ်ခဲ့ရပါတယ်ရှင်။ ဒီပီတိဟာ လောကမှာ တကယ့်ကို စိတ်အာဟာရကို အပြည့်ဝဆုံး ဖြည့်တင်စေပါတယ်။ ဒီလိုအကြောင်းတွေကြောင့် ကျမရဲ့ဓမ္မဆိုဒ်ကို update လုပ်ဖို့ အတွက် စိတ်အင်အားတွေ စိတ်ခွန်အားတွေ ဖြစ်လာစေခဲ့ပါတယ်ရှင်။

ဒီခေတ်ကာလကို ဆုတ်ကပ်ကာလ လို့ ဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဗျာပါဒ၊ အဗြိစ္ဆာ၊ နိဝါတရ စသည့် မကောင်းမှု ဒုစရိုက်တရားတွေ ပို ပိုပြီးလွှမ်းမိုးလာတာကို နေ့စဉ်နေ့တိုင်း တွေ့မြင် ကြားနေ သိနေကြပါတယ်။ အထူးသဖြင့် ဘေးပတ်ဝန်းကျင်လူတွေထက် မိမိရဲ့စိတ်သန္တာန်မှာ ကိလေသာအညစ်ကြေးတွေ လွှမ်းမိုးလာတာကို သတိလေးနဲ့ မထိန်းသိမ်း မကွပ်ကဲ မဆွဲနိုင်ခဲ့ရင် မိမိကိုယ်ကိုရော သူတစ်ပါးကိုရော မိမိ သူတစ်ပါးနှစ်ဦးလုံးကိုရော ထိခိုက်နစ်နာဆင်းရဲစေပြီး မကောင်းမှု အကုသိုလ်တရားတွေလည်း စက္ကန့်တိုင်းမှာ တိုးပွားလို့နေပါတော့တယ်။ လူ့လောက ပတ်ဝန်းကျင်မှာ ကိုယ့်မှာစောင့်ထိန်းအပ်သည့် ၀တ္တရား၊ စည်းမျဉ်း စည်းကမ်းဘောင်ကိုယ်စီရှိကြပါတယ်။ ဒါတွေကို အနန္တကျေးဇူးရှင် မြတ်ဗုဒ္ဓက ဟောကြားဆုံးမတော်မူခဲ့တာ နှစ်ပေါင်း ၂၅၅၈ ခုနှစ်ရှိပါပြီ။ ဒါပေမယ့် ဒီလောကနိတိတရားတွေ ဂါရ၀တရားတွေ တာဝန်တွေ ၀တ္တရားတွေကို ကျမတို့ ငယ်စဉ်ကလေးဘ၀က မူလတန်းမှာ သင်ခဲ့ရပေမယ့် အတန်းကြီးလာလေလေ မေ့ပျောက်လေလေပါပဲ။ ဒါ့ကြောင့် ယခုလို ကျမတို့ အခွင့်ရှိတုန်း၊ အခွင့်ရတုန်း၊ အခွင့်ယူနိုင်တုန်း၊ အခြေအနေပေးတုန်းမှာ တန်ဘိုးရဲ့အနက်အဓိပ္ပါယ်ကို မြင်ပြီး သိပြီး ရှိပြီးတော့ ကိုယ့်ရဲ့မကောင်းတဲ့အရာပေါ်မှာပဲ ပျော်နေတတ်တဲ့စိတ်ကလေးကို တဏှာကြိုးနဲ့ ချည်မယ့်အစား သတိပဋ္ဌာန်ဆိုတဲ့ကြိုးနဲ့ ချည်ထားသင့်ပါတယ်ရှင်။ ဒီကြိုးတွေက မမြင်ရပေမယ့် မြင်ရတဲ့ကြိုးတွေထက် ပိုခိုင်မြဲတယ်၊ ပြတ်တောက်ဖို့ ခဲယဉ်းပါတယ်ရှင်။ အကယ်၍များ တဏှာကြိုးကို ချည်မိပြီးဆိုရင်တော့ အမြဲတမ်းပူလောင်ပြီး ရုန်းကန်လေလေ မမြင်ရတဲ့ဒဏ်ရာထင်လေလေ၊ ပိုပြီးလွတ်မြောက်ဖို့ ကင်းလေလေပါပဲ။ ဆန့်ကျင်ဘက် သတိပဋ္ဌာန်ဆိုတဲ့ကြိုးကတော့ အရိယာပုဂ္ဂိုလ်ဖြစ်သွားရင်တော့ လုံးဝခိုင်မြဲသွားပါပြီ။ ဒါကတော့ လေ့ကျင့်မှု ကျင့်သုံးမှုနဲ့ အမြဲသတိကပ်ထားမှုနဲ့ပဲ ဆိုင်မယ်လို့ ယူဆပါတယ်ရှင်။ မိမိရဲ့စိတ်ကို အကောင်းဆုံးနားလည်တဲ့သူဟာ မိမိပါပဲရှင်။ ဒါ့ကြောင့် အပြင်လောကကို မရှာပါနဲ့။ တရားဓမ္မသည် မိမိကိုယ်တွင်း၌သာ ရှိပါတယ်ရှင်။

ဆရာတော် ဥူးမင်္ဂလ (ဒယ်အိုးဆရာတော်) ကတော့ ဆုတ်ကပ်ကာလ လို့ သူ သတ်မှတ်မချင်ပါဘူးတဲ့။ ပြောင်းလဲလို့ရပါတယ်တဲ့။ သဘောတူသလားဆိုပြီး တရားတော်ထဲမှာ ပြောထားတာရှိပါတယ်ရှင်။

ဒီနှစ်သစ် ၂၀၁၃ မှာ ကျမရဲ့ အချိန်ကို ပြန်ဆွဲပြီး တတ်နိုင်သလောက် အသစ်တွေတင်ပေးဖို့ ပြင်ဆင်နေပါပြီ။ အရင်တုန်းကလိုတော့ ဓမ္မစာအုပ်တွေဖတ်ဖို့ အခြေအနေက အပြည့်အ၀မပေးတဲ့အတွက် တချို့သော ဓမ္မသူငယ်ချင်းတွေဆီက ကောင်းတဲ့မှတ်စုလေးတွေ၊ လကာင်္လေးတွေနဲ့ ဆရာတော်များရဲ့တရားတော်တွေ၊ ကျမ မှတ်သားထားတဲ့မှတ်စုတွေနဲ့ ယခု လေ့လာနေတဲ့ ဆရာတော်များရဲ့ တရားတော်တွေထဲက မှတ်သားစရာကောင်းသည်များကို ရေးတင်ပေဖို့ အစီအစဉ်ရှိပါတယ်။

မေတ္တာရိပ် ဓမ္မဆိုဒ်ကို လာလည်တဲ့ မိတ်ဆွေများအားလုံးရဲ့စိတ်နှလုံးသားမှာ မေတ္တာစစ် မေတ္တာရေများ အစဉ်အမြဲ စီးဆင်းပါစေရှင်။

မေတ္တာရိပ်

This entry was posted in မေတ္တာရိပ်မှ နှုတ်ခွန်းစကား. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s