အောင်မြင်မှု အစစ်

လူတွေရဲ့စိတ်မှာရှိတဲ့ အကန့်အသတ်မရှိတဲ့ အရည်အချင်းတွေထွက်မလာတာ ဘာ့ကြောင့်လဲဆိုတော့ ပြတ်သားတဲ့ရည်ရွယ်ချက် မရှိလို့ဘဲ။

  • ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူး။
  • ကိုယ်လုပ်တဲ့အလုပ်တွေအပေါ်မှာယုံကြည်မှုမရှိဘူး။
  • အလုပ်ကိုမထိတထိ လုပ်ကြည့်တယ်၊ အခက်အခဲနဲ့ကြုံ ရင်နောက်ဆုတ်တယ်၊
  • အဲဒီလိုလူဟာ မကြီးပွားဘူး ၊ မအောင်မြင်ဘူး။

 

  • ပြတ်သားတဲ့ရည်ရွယ်ချက်ရှိရင် လုပ်လို့ဖြစ်တဲ့နည်းကိုရှာမှာပဲ။
  • ရှာပြီးတော့လုပ်နေမယ် ၊ လုပ်လို့အဆင်မပြေရင် ဘာဖြစ်လို့အဆင်မပြေဘူးဆိုတာ စဉ်းစားမယ်။ ပြင်ကြည့်မယ်၊ ပြင်ကြည့်လို အဆင်ပြေသွားရင်ဆက်လုပ်မယ်၊အဆင်မပြေသေးရင်ထပ်ပြီးတော့ပြင်ဦးမယ်။
  • ဒီလိုလုပ်ရင်းပြင်ရင်းနဲ့ကြာလေ အမှားနဲလေဖြစ်လာတယ်။
  • ဒါဆိုရင် အမှန်မုချ အောင်မြင်တော့မှာပဲ။

 

  • အောင်မြင်တယ်ဆိုတာသူများထက်သာသွားတာကိုမဆိုလိုပါဘူး။
  • ပြိုင်ပွဲမှာပထမရတာ၊ အိမ်ကြီးအိမ်ကောင်းနဲ့နေနိုင်တာ၊ရာထူးအမြင့်ဆုံးရောက်တာ၊ ဘွဲ့ထူးကြီးတွေရတာ၊ ဂုဏ်ပြုတာတွေခံရတာတွေဟာ အောင်မြင်မှုအစစ် မဟုတ်ဘူး။

 

  • ကိုယ့်ဘ၀မှာကိုယ်တကယ်လုပ်ချင်တဲ့အလုပ်၊မြင့်မြတ်တဲ့အလုပ်၊ ကိုယ့်ဝါသနာစရိုက်ပါရမီနဲ့ကိုက်ညီတဲ့အလုပ်၊ ကိုယ့်ရဲ့မြင့်မြတ်တဲ့ဘ၀မှာနက်နက်ရှိုင်းရှိုင်း နဲ့အခြေခံပြီးဖြစ်ပေါ်လာတဲ့ဆန္ဒကိုအကောင်အထည်ဖော်ရတဲ့အလုပ်ကိုလုပ်တဲ့လူဟာအောင်မြင်တဲ့လူဖြစ်တယ်။
  • ဘယ်သူမှမသိကြလည်းအောင်မြင် တဲ့သူပဲ။
  • အောင်မြင်မှုဆိုတာမှန်ကန်တဲ့သဘောထားပါ။

 

  • ဘ၀မှာအောင်မြင်မှုဟာ မုန်းတီးမှုကိုအခြေခံတဲ့အလုပ်ကို ဘယ်တော့မှမလုပ်ပါဘူး။
  • မေတ္တာမှာ အခြေခံတဲ့အလုပ်ကိုသာလုပ်ပါတယ်။
  • ကောင်းတဲ့ ကိစ္စကိုအထောက်အပံ့ပေးတဲ့အလုပ်ကိုသာလုပ်ပါတယ်။

 

  • ဒေါသကိုအခြေခံပြီးလုပ်ရင် ကိုယ့်ဒေါသကကိုယ့်ကိုပင်ပန်းနွမ်းနယ်စေတယ်။
  • စေတနာကိုအခြေခံပြီးလုပ်ရင်ကိုယ့်မေတ္တာကကိုယ့်ကိုအားဖြည့်ပေးတယ် ဒါကြောင့်ရေရှည်လုပ်နိုင်တယ်။
  • စစ်မှန်တဲ့အောင်မြင်မှုကိုနားလည်တဲ့လူက ဘယ်တော့မှလက်စားမချေဘူး။
  • သူတစ်ပါးကိုမုန်းတီးမနေဘူး။ သူတစ်ပါးကိုမုန်းတီးနေသူ၊ အပြစ်တင်နေသူဟာ အောင်မြင်တဲ့သူ မဖြစ်နိုင်ဘူး။

 

ဖတ်ရှုသူအပေါင်း
ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေ။ချမ်းသာပါစေ။

This entry was posted in ဆုံးမသြ၀ါဒများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s