တာဝန်

  • You have one and only one central need in your life to become the best that you can to realise the best of your potential.

သင့်ဘ၀မှာ အဓိကအကျဆုံး အခြေခံအကျဆုံး အချက်အခြာအကျဆုံး လိုအပ်ချက်တစ်ခုပဲရှိပါတယ်။. “ကိုယ့်ကိုယ်ကိုကိုယ်ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်လာဖို့။ ကိုယ့်မှာအရည်အချင်းအများကြီးရှိတဲ့ထဲက အကောင်းဆုံးအရည်အချင်းကို အကောင်အထည်ဖော်ဖို့။” အဲဒါဟာ သင့်ဘ၀မှာ တစ်ခုတည်းသော အချက်အချာအကျဆုံး အဓိကအကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ အဲ့ဒါတွေကို လုပ်နိုင်ရင် ကိုယ့်ကိုယ်ကို သိပ်ကျေနပ်မှာပဲ။ ကိုယ့်ဥစ္စာပစ္စည်းတွေ တစ်ခုမှမကျန်အောင် ဆုံးရှူံးသွားပါစေဦး။ ကိစ္စမရှိဘူး။ ခံနိုင်ရည်ရှိသွားတယ်။

  • လူတွေ ဘာလို့ မငြိမ်းချမ်းသလဲ ဆိုတာကို “အရိုးရှင်းဆုံးဖြေရင် မငြိမ်းချမ်းတာကို တွေးနေလို့ မငြိမ်းချမ်းတာပါ။” ငါးမိနစ်လောက် မငြိမ်းချမ်းတာကို မတွေးဘဲနေလိုက်ပါ။ သူ့အလိုလိုငြိမ်းချမ်းလာပါလိမ့်မယ်။ အတွေးတွေရဲ့အစွမ်းသတ္တိတွေကို သိဖို့ အလိုလိုငြိမ်းချမ်းလာပါလိမ့်မယ်။ အတွေးတွေရဲင်မတန်လိုအပ်တယ်။ မကောင်းတာတွေးနေရင် မကောင်းတာတွေပဲ ဖြစ်လာမှာပဲ။ ကောင်းတာတွေးနေရင် ကောင်းတာတွေ ဖြစ်တာများမှာပဲ
  • ဖြစ်လာတဲ့ ပြဿနာတွေကို သတိကြီးကြီး ဉာဏ်ကြီးကြီးနဲ့ ဖြေရှင်းမယ်။
  • ငါ့ဘ၀မှာ ငါရည်မှန်းချက်အောင်မြင်ဖို့အတွက် ငါ့မှာဆန္ဒပြင်းပြမှုလည်းရှိတယ်။ ၀ီရိယလည်းရှိတယ်။ စိတ်လည်းရှိတယ်။ ဘယ်လိုလုပ်ရင် ရမယ်ဆိုတဲ့နည်းလမ်းကိုလည်း ငါသိတယ်ဆိုတဲ့ အဲ့ဒီလေးပါးနဲ့ ညီညွတ်တဲ့သူဟာ မျှော်လင့်ချက်ရှိတဲ့သူပဲ။
  • It is your right and responsibility to be a happy peaceful person.

         ကြည်လင်ရွှင်လန်းနေတဲ့သူ၊ ငြိမ်းချမ်းနေတဲ့သူဖြစ်ဖို့ သင့်မှာအခွင့်အရေးလည်းရှိတယ်။ တာဝန်လည်းရှိတယ်။

  • Intensionally or Unintentionally, consiouslly or unconsiouslly you will make other people around you unhappy, if you are not happy and peaceful.

ကိုယ့်မှာ ကြည်လင်မှု၊ ရွှင်လန်းမှု၊ ငြိမ်းချမ်းမှုမရှိလို့ရှရင် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သိဖြစ်တော့ဖြစ်စေ မသိဘဲနဲ့ဖြစ်စေ သူများကို စိတ်ဆင်းရဲအောင် လုပ်မိတတ်တယ်။ ကိုယ်စိတ်မချမ်းသာမှုကို သူများအပေါ် သွန်ချလိုက်တာ မတရားဘူးလို့ ထင်ပါတယ်။ ကိုယ့်ဟာကို ရထားတဲ့နည်းဖြစ်စေ၊ တရားအားထုတ်တဲ့နည်းဖြစ်စေ၊ မိတ်ဆွေကောင်းနဲ့ တိုင်ပင်ဖြေရှင်းတဲ့နည်းဖြစ်စေ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းရမယ်။ ကိုယ့်တာဝန် ကိုယ်ယူရမယ်။

  • You owe it yourself and to all those people you care about and who are close to you.

ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ရာ ကိုယ့်ကိုယ်ကိုပေးရမယ့်အရာ ဖြစ်တယ်။ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ ကိုယ်အနားမှာရှိတဲ့သူတွေကိုလည်း ပေးရမယ့်အရာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင် နေလိုက်တာကိုက သူတို့ကို ပေးပြီးသားဖြစ်သွားတယ်။

  • Mediation is human nature.

တရားအားထုတ်တယ်ဆိုတာ လူ့သဘာဝပါ။ လူ့သဘာဝဖြစ်လို့ ဘုရားမပွင့်ခင်ကတည်းက တရားအားထုတ်မှုဆိုတာရှိတာပဲ။

  • Mediation is human need.

တရားအားထုတ်တယ်ဆိုတာ လူတွေရဲ့လိုအပ်ချက်ပါပဲ။ တရားအားမထုတ်တဲ့သူဟာ စိတ်မှာချို့တဲ့မှုရှိပါတယ်။ တရားအားမထုတ်တဲ့သူဟာ စိတ်မကျန်းမာနိုင်ဘူး။ သူပျော်ရွှင်ရင် အရူးတစ်ယောက်လိုပျော်ရွှင်တယ်။ စိတ်ညစ်တဲ့အခါမှာ အရူးတစ်ယောက်လိုပဲ ဖြစ်တယ်။ Healthy မဖြစ်ဘူး။

  • ကိုယ့်စိတ်ကို ကိုယ်သိရင်ပဲ loneliness အဖော်မရှိသလို ခံစားရတာ တော်တော်သက်သာသွားတယ်။ ကိုယ့်စိတ်ကို သေသေချာချာသိရင် သောကလည်းတော်တော်သက်သာသွားတယ်။ လုပ်စရာရှိတာတွေကို နည်းလမ်းရှာပြီးလုပ်သွားနိုင်တယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်လာတယ်။
  • You see your experience in your daily life differently, you think differently.

စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ စဉ်းစားပုံ တွေးခေါ်ပုံ အရင်နဲ့မတူတော့ဘူး။ တန်ဖိုးထားတာတွေမတူတော့ဘူး။

  • You have less personal bias.

စိတ်ငြိမ်းချမ်းသွားရင် ကိုယ့်ဘက်ဆွဲယူတာ နဲသွားတယ်။အယူအဆ မတူတာတွေရှိလာရင် မျှမျှတတကြည့်တတ်လာတယ်။ကိုယ့်ဘက်ရော သူဘက်ရော ထောင့်စေ့အောင်ကြည့်ဖို့ သဘောထားကြီးကြီးထားတတ်လာတယ်။ ကိုယ်လိုသလို တစ်ဖက်သတ်အဓိပ္ပါယ်မကောင်းဘူး။ တကိုယ်ကောင်းမဆန်ဘူး။ တစ်ဖတ်သတ်အနိုင်းမယူဘူး။

  • You don’t react automatically.

တစ်ခုခုကြုံလိုက်တိုင်း ချက်ချင်းတုံ့ပြန်တဲ့သူဟာ ချင့်ချိန် စဉ်းစားတတ်တဲ့ဉာဏ်မရှိဘူး။ လွတ်လပ်မှုလည်း သူ့မှာမရှိဘူး။ လုပ်သင့်တာကို အေးအေးဆေးဆေးနဲ့ လုပ်သွားတယ်။ ပြောသင့်တာကို အေးအေးဆေးဆေးနဲ့ ပြောသွားတယ်ဆိုရင် သူ့မှာ သတိရှိတယ်။ ဉာဏ်ရှိတယ်။ ချင့်ချိန်နိုင်တယ်။ သူ့မှာ လွတ်လပ်မှုရှိတယ်။

 

  • Gratefulness is heaven itself.

ကျေးဇူးတင်တတ်စိတ်ဟာ သုခဘုံကြီးပါ။ အင်မတန်စိတ်ချမ်းသာတဲ့စိတ်ဖြစ်တယ်။ ဒါ့ကြောင့်ကျေးဇူးကိုရှာပြီး တင်ဖို့ လိုပါတယ်။ အမှန်တော့ တစ်ဦးအပေါ် တစ်ဦး၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ တစ်ဦးကျေးဇူး တစ်ဦးမှာရှိပါတယ်။ ကြည့်တတ်ရင် ရန်သူတောင်မှ ကျေးဇူးရှိပါတယ်။ သူ့ကြောင့်ကိုယ့်မှာ ရင့်ကျက်လာတယ်။ တိုးတက်လာတယ်။ ခံနိုင်ရည် ပိုရှိလာတယ်နော်။ အခက်အခဲ ဒုက္ခတွေဟာ ကိုယ့်ကိုရင့်ကျက်အောင် လုပ်ပေးတယ်။ ကိုယ့်ကို အပြစ်တင်တဲ့သူ၊ ဝေဖန်တဲ့သူကအစ တကယ်တော့ ကျေးဇူးရှင်ပါပဲ။ အကူအညီပေးတဲ့သူဆိုတော့ ပြောဖွယ်ရာမရှိပါဘူး။ အင်မတန် ကျေးဇူးကြီးပါတယ်။

  • သိပြီးတော့ မလုပ်လို့ရှိရင် မသိသေးလို့ပဲ။ နဲနဲသိရင် နဲနဲလုပ်ပါ။ များများသိရင် များများလုပ်ပါ။

 

မှတ်ချက်။ ဆရာတော်ဦးဇောတိက ရေးသားသော အခွင့်အရေးနှင့် တာဝန် စာအုပ်မှ ကောက်နှုတ်ပါသည်။

This entry was posted in ဆုံးမသြ၀ါဒများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s